ဒီလိုမြင်ကွင်းမျိုးတစ်ခြားဘယ်နေရာမှာမှ မရနိုင်ပေဘူး... 
မိတ်ဆွေ...
သင့် အနေနဲ့ လေဆိပ်ကနေလေယာဉ်ပျံကြီးတွေပျံတက်သွားတာ၊ လေဆိပ်ကိုဆင်းသက်လာတာတွေကို
ကမ်းခြေမှာအနားယူအပန်းဖြေယင်း အနီးကပ်ဆုံးကြည့် ချင်တယ်ဆိုယင်တော့ နယ်သာလန် လို့ ခေါ်တဲ့ 
ဟော်လန်လို့ လည်းအမည်ရကာ ဒတ်ခ်ျလို့ ပါ လူသိများတဲ့ နိုင်ငံက စိန့် မာတင်ကျွန်းက ပင်လယ်ကမ်းခြေ
ကိုသာ သွားရောက်အနားယူကြည့် ရှုနိုင်ပါတယ်...
 ပြတင်းပေါက်တွေများဖွင့် ပေးမယ်ဆိုယင်လေယာဉ်ပျံပေါ်ကလူကြုံပစ္စည်းတွေ
အောက်ချပေးလို့ တောင်ရလောက်တယ်...
အပန်းဖြေခရီးစတင်လိုက်ရုံပါပဲ...
လေယာဉ်အတက်အဆင်းတွေကြောင့် နည်းနည်းတော့ နားငြီးရပေလိမ့် မယ်...
လှမ်းခုန်ပြီးလို့ တောင်ထိနိုင်မလားပဲ... 
မဟုတ်တရုတ်တော့ ရေထဲမှာမလုပ်ကြနဲ့ နော်...လေယာဉ်ပေါ်ကနေဓါတ်ပုံ၊ ဗီဒီယိုရိုက်လို့ ရတယ်... 
ဝီကီပီးဒီးယားမှာ ဖော်ပြထားချက်အရ နယ်သာလန်အန်တီးလ်စ် ကျွန်းမှာတည်ရှိတဲ့ စိန့် မာတင်ကမ်းခြေ
က မဟို အပန်းဖြေကမ်းခြေဟာ ကပ်လျှက်တစ်ဆက်တည်းတည်ရှိတဲ့ ဂျူလီယာနာ အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကြောင့် ကမ္ဘာမှာ ထင်ရှားကျော်ကြား၊ လူသိများလှပါတယ်...
လေဆိပ်ကြောင့် ကမ္ဘာမှာ ထင်ရှားကျော်ကြား၊ လူသိများလှပါတယ်...
ပြေးလမ်းအမှတ် ၁၀ ကိုဆင်းမယ့် လေယာဉ်... 
ပြေးလမ်းအစ...ဘီးအချ...
ပျံသန်းလာတဲ့ လေယာဉ်တွေဟာ အရှည် ၇၁၅၂ ပေ ( မီတာ ၂၁၈၀ ) သာရှိတဲ့ ပြေးလမ်းကိုဆင်းသက်ဖို့ 
ထိုပြေးလမ်းအမှတ် ၁၀ ရဲ့ အစကိုတတ်နိုင်သလောက်ရအောင်နီးကပ်စွာ နိမ့် ဆင်းကြရပါတယ်...
ဒါကြောင့် လေယာဉ်တွေဟာ အပမ်းဖြေကမ်းခြေရဲ့ အထက်နိမ့် နိုင်သမျှနိမ့် အောင် ဆင်းသက်ကြရတာဖြစ်
ပါတယ်...
ဘိုးအင်း ၇၄၇ လိုလေယာဉ်ပျံကြီးတွေ အပါအ၀င် လေယာဉ်များအလွန်နိမ့် တဲ့ အမြင့် ကနေ ကမ်းခြေပေါ်
က ပျံသန်းဆင်းသက်၊ ပျံတက်ကြရတာမို့ ထိုနေရာလေးကတော့ ကမ္ဘာအရပ်ရပ်က လေယာဉ်ပျံချစ်သူများ
အတွက် နာမည်ကျော်၊ လူကြိုက်များတဲ့ နေရာဖြစ်နေခဲ့ ပါတယ်...
 ဂျက်အင်ဂျင်စွမ်းအား ...လေတွန်းအား...
လေယာဉ်ပျံတွေဘယ်လောက်တောင်နိမ့် အောင်ပျံသလဲဆိုယင် ကမ်းခြေမှာရပ်နေသူတွေဟာ ပြေးလမ်း
အမှတ် ၁၀ ကနေပျံတက်တဲ့ ဂျက်လေယာဉ်ပျံကြီးတွေရဲ့ လေတွန်းကန်အားကြောင့် ပင်လယ်ရေပြင်ထဲကို
တောင် လွင့် ကျသွားနိုင်ပါတယ်...
အဝေးသို့ ...လေယာဉ်ပျံကြီးဦးတည်... 
ထိုလေတွန်းအားကြောင့် ပင် ရေလှိုင်းလုံးကြီးများဖြစ်ပေါ်တတ်တာကြောင့် လေလှိုင်း၊ရေလှိုင်း၊ ပင်လယ်
ပြင်စကိတ်ဘုတ် စီးသူများအတွက်လည်း စိတ်ကြိုက်နေရာလေးတစ်ခုဖြစ်နေပြန်ပါသေးတယ်...
ဒေသဆိုင်ရာအစိုးရကတော့ နီးကပ်စွာ ဆင်းတက်ပျံသန်းနေတဲ့ လေယာဉ်ကြီးတွေကြောင့် လူတွေကို အ
ပြင်းအထန်ဒါဏ်ရာရနိုင်၊ အသက်သေဆုံးနိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်လို့ သတိပေးထားပါတယ်....
တစ်ချို့ ကိုယ့် ကိုယ်ကိုဂရုမစိုက်တဲ့ ကမ္ဘာလှည့် ခရီးသွားဧည့် သည်တွေက ပြေးလမ်း အမှတ် ၁၀ ရဲ့ ခြံစည်း
ရိုးကိုကျော်ကြီး တွဲလွဲခိုကာလေယာဉ်ပျံစက်အင်ဂျင်ရဲ့ လေတွန်းအားကြောင့် ပင်လယ်ရေထဲကိုလွင့် စင်သွား
တာကိုခံရအောင် တမင်တကာလုပ်တတ်လွန်းလို့ ယခုအခါမှာတော့ နောက်ထပ်ခြံစည်းရိုးအသစ်တစ်ခုကို
အဆိုပါ ပြေးလမ်း အမှတ် ၁၀ နောက်မှာ ထပ်မံတပ်ဆင်ထားခဲ့ ရပါတယ်...
သေလို့ ရလောက်တယ်နော်...
၂၀၀၈ ခုနှစ်အထိ ထိုနေရာကလေးဟာ လေယာဉ်ပျံများ ပျံတက်၊ပျံဆင်းလုပ်တာကို ပြေးလမ်းအဆုံးကနေ
အနီးကပ်ကြည့် ရှုနိုင်တဲ့ ကမ္ဘာပေါ်မှာ အရေအတွက်အနည်းဆုံးနေရာလေးတွေထဲက တစ်ခုဖြစ်နေပါတယ်..
ယခုလို သဲသောင်ပြင်ကမ်းခြေပေါ်ကနေ လေယာဉ်ပျံကြီးတွေကို အနီးကပ်ကြည့် ရှုရတာဟာ လူကြိုက်များ
လွန်းလို့ ကမ်းခြေရဲ့ အရက်ဘားဆိုင်များ၊ စားသောက်ဆိုင်များအားလုံးနီးပါးမှာ လေကြောင်းလိုင်းများရဲ့ လေ
ယာဉ်ဆိုက်ရောက်၊ ထွက်ခွာသည့် အချိန်ဇယားများ ရေးသားပြသထားကြပြီး ညခင်းဆည်းဆာ ဘားနှင့် အ
ကင် ဆိုင်ကတော့ ( တစ်မူထူးခြားပြီး ) လေယာဉ်မှူးများနှင့် လေဆိပ်ရဲ့ လေကြောင်းလမ်းညွှန်ကွပ်ကဲထိန်း
ချူပ်အခန်းတို့ အပြန်အလှန်ဆက်သွယ်ပြောဆိုတာတွေကို တိုက်ရိုက်ထုတ်လွှင့် ပေးတဲ့ စပီကာများပင်တပ်
ဆင်ထားပါတယ်...
အဲဒီနေရာလေးတော့ တစ်ခေါက်လောက်ရောက်အောင်သွားကြည့် ချင်သားဗျာ...
ဘယ်သူများဗီဇာ စပွန်ဆာပေးပြီးခေါ်မလဲပဲ...
We found this beach on wikipedia, and here is what wikipedia have to say about this very noisy beach:
Maho Beach is a beach situated in St  Maarten in the Netherlands Antilles, on the Dutch side of the island.  The location is known worldwide because of the Princess Juliana  International Airport that is situated immediately adjacent to the  beach.
Incoming air traffic is known to have to touch down as close as possible  to the beginning of runway 10 due to the short runway length of 2,180  metres/7,152 ft, resulting in low-flying aircraft on their final  approach over the beach. Due to these low flying airplanes (including  large passenger airliners such as the Boeing 747), the location is very  popular with plane spotters.
People standing on the beach may also be blown into the water because of  the jet blast from aircraft taking off from runway 10. The beach can  also experience large waves which makes it popular with windsurfers and  skimboarders. The local government warns that closely approaching and  departing aircraft can “result in serious injury and/or death.” An  additional fence has been added recently behind runway 10 to prevent  irresponsible tourists from hanging on to the main fence surrounding the  runway to be “blasted” by the aircraft engines’ flow.
As of 2008, it is one of the few places in the world where one can view  aircraft in their flightpath virtually just outside the end of the  runway. Watching airplanes over the beach is such a popular activity  that daily arrivals and departures airline timetables are displayed on a  board in most bars and restaurants on the beach, and the Sunset Beach  Bar and Grill has a speaker on its outside deck that broadcasts the  radio transmissions between pilots and the airport’s control tower. Sign  warning passers-by about the risks of jet blast. 












2 comments:
အတော်တော့ အန္တရာယ်များမယ်
လုံခြုံရေးတော့ သေချာဂရုစိုက်ရလိမ့်မယ်လို့ထင်တယ်ဗျ
ခဏတဖြုတ်တော့ အဆင်ပြေမယ်.... အနီးအနားမှာရေရှည်ဆိုရင်တော့ မလွယ်ဘူးနော့...
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ဟိုနတ်ကတော်ကိုလက်ထပ်ရင်
လိုက်ပို့ ပေးမယ်အဲဒီကို..ဖရီးအားလုံးဖရီး။
Post a Comment