Al-Qaeda tot stunt
Tuesday, December 8, 2009
 ဘာသာရေးကိုခုတုံးလုပ်သူများ.... 
        လူမမယ်ကလေးငယ်ကိုခုတုံးလုပ်ကာသေနတ်နဲ့ အတူဓါတ်ပုံအရိုက်ခံစေတယ်...           Gun girl - Child forced to pose with AK- 47  rifle   
                                ဒါဟာ ကလေးကစားစရာတွေမဟုတ်ဘူးနော်...                                Arsenal ... toddlers with loaded weapons    
                    အဲဒီကလေးတွေများကြီးလာလို့ ဒီသေနတ်တွေနဲ့ ထင်ရာစိုင်းကြယင်...                               Harrowing ... youngsters wield terrorist rifles  
အသက်နှစ်နှစ်အရွယ်လောက်သာရှိသေးတဲ့ ကလေးမလေးဟာ သူမရဲ့ ကိုယ်ခနာအ
ရွယ်အစားနီးပါးလောက်ရှိတဲ့ အေကေ ၄၇ သေနတ်ကိုတစ်ဖက်က ကိုင်ထားရင်းနဲ့ 
အပြစ်ကင်းမဲ့ တဲ့ ကလေးငယ်အတိုင်းတစ်ဖက်ကလည်း သူမရဲ့ လက်ချောင်းလေးများ
ကိုပါးစပ်ထဲ ထည့် ပြီးစုပ်နေပါသေးတယ်...
အစ္စလာမ်ဘာသာဝင် အမျိုးသမီးဝတ်စုံကိုအပြည့် ဝတ်ဆင်ထားတဲ့ ကလေးငယ်ကို
မုဆိုးမဖြစ်စေတဲ့ သေနတ် လို့ အမည်ပြောင်ပေးထားတဲ့ အဆိုပါလက်နက်နဲ့ အတူ
ဝါဒဖြန့် ဓါတ်ပုံအရိုက်ခံစေတာကတော့  တရားမျှတသောအစ္စလာမ်ဘာသာရေး
စစ်ပွဲဆင်နွှဲရေးအဖွဲ့  လို့ အမည်ခံထားတဲ့  နာမည်ကျော် အယ်လ်ကေးဒါး အကြမ်း
ဖက်အဖွဲ့ ကြီးနဲ့ အဆက်အသွယ်ပြုလုပ်ထားတဲ့ ဘာသာရေးအစွန်းရောက်အဖွဲ့ ရဲ့ 
ဘာသာရေးကိုခုတုံးလုပ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာ ၀ါဒဖြန့် ချက်တစ်ခုပဲဖြစ်ပါတယ်...
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်မှာလှုပ်ရှားပုန်းအောင်းပြီးဗြိတိန်နဲ့ အမေရိကန်တပ်တွေ
ဝင် အခြားကလေးငယ်ငါးယောက်ကို စွမ်းအားမြင့် လက်နက်တွေနဲ့ အတူအနက်ရောင်အစ္စ
လာမ် အလံရှေ့ မှာရပ်စေပြီး ဓါတ်ပုံရိုက်ခဲ့ တာဖြစ်ပါတယ်...
အရွယ်မရောက်သေးတဲ့ အသက်ငါးနှစ် သို့ မဟုတ်ခြောက်နှစ်လောက်သာ ရှိဦးမယ့် ကလေး
ငယ်ကောင်လေးသုံးယောက်ဟာရိုင်ဖယ်သေနတ်တွေ ကိုင်ပြီး ကြေက်စရာအသွင်နဲ့ ရိုက်ထား
တဲ့ ဓါတ်ပုံကိုလည်းအင်တာနက်အွန်လိုင်းပေါ်မှာတွေ့ နိုင်ပါတယ်...
ယခင်တပ်မတော်သားဟောင်းဖြစ်သူ ဗြိတိန်ပါလီမန် အမတ် Patrick Mercer ကတော့ ...
” ဒီလိုကလေးသူငယ်တွေကို စစ်ပွဲမှာ ၀ါဒဖြန့် တဲ့ အနေနဲ့ အသုံးပြုတာဟာ တစ်ကယ့် ကို
ဗြိတိန် နိုင်ငံရဲ့ အစ္စလာမ်ကောင်စီ မှ Inayat Bunglawala  ကလည်း ” အခုလိုအပေါစား
ဆန်တဲ့ ဝါဒဖြန့် ချီဖို့ ရည်ရွယ်ချက်နဲ့ ကလေးသူငယ်များကို အံ့ သြလောက်အောင်အသုံး
ချတာကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး...” လို့ ပြောကြားခဲ့ ပါတယ်....
မူရင်းသတင်းပါ....
A TINY girl aged barely two sucks her fingers in childish innocence - while grasping an AK-47 assault rifle almost as big as her.
The tot, in full Muslim dress, was made to pose with the weapon dubbed the "Widowmaker" as part of a sickening propaganda stunt staged by extremists of the Islamic Jihad Union, linked to al-Qaeda.
The group - who target British and US troops from lairs on the Afghan border with Pakistan - also pictured the girl and five other toddlers with heavy weapons in front of a black Islamic flag.
Three boys aged five or six wield rifles in another chilling image posted online. Tory MP and former soldier Patrick Mercer said: "This is a most immoral use of young children." Inayat Bunglawala, of the Muslim Council of Britain, said: "It can never be acceptable to use children in this appalling manner for cheap propaganda"
1 comments:
သွယ်လင်းဆက် said...
Child Soldiers တွေက ကျွန်တော်တို့နိုင်ငံမှာလည်းရှိနေပြီ အကို။ နိုင်ငံတကာဖွဲ့စည်းပုံအနေနဲ့ ကျွန်တော်တို့တပ်မတော်မှာ ခ.မ.ရ၊ ခ.လ.ရ၊ တပ်မ၊ စသည်တို့မှာ နိုင်ငံတကာ ဖွဲ့စည်းပုံမှန်ပေမဲ့ စ.က.ခ ဆိုတဲ့ဖွဲ့စည်းပုံမှာ Child Soldiers တွေအများကြီးပဲအကို။
ဒါပေမဲ့ နိုင်ငံတကာမှာဖွဲ့စည်းပုံအနေနဲ့ စာရင်းပျောက်နေတယ်။
အကောင်းဘက်ကပြောရရင်တော့ အရှေ့တောင်အာရှမှာ
ကျွန်တော်တို့နိုင်ငံက အင်အားအတောင့်ဆုံးပေါ့ အကို။
ဒီComment ကို အကိုစိတ်ထဲမှာတမျိုးဖြစ်နေရင်မတင်နဲ့နော် အကို။