Priest in Britain Advises Congregation to Shoplift
Tuesday, December 22, 2009
နိုင်ငံပိုင်ပစ္စည်း ခိုးတာအပြစ်မကြီးပါ....
စီးပွားရေးအဆင်မပြေယင်....အလစ်သုတ်၊ ခိုးယူနိုင်ပါတယ်....
ဗြိတိန်နိုင်ငံမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးဟာ သူ့ ရဲ့ ဘုရားရှိခိုးကျောင်းကိုပုံမှန်လာရောက်
ဝတ်ပြုဆုတောင်းသူ နောက်လိုက်တပည့် များကို စီးပွားရေးကြပ်တည်းချိန် အဆင်မပြေပါဖြစ်
နေပါက ဈေးဆိုင်များမှ အလစ်သုတ်ခိုးယူကြရန် သြ၀ါဒပေး ဆုံးမတိုက်တွန်းခဲ့ သဖြင့် အပြင်း
အထန်ပြစ်တင်ဝေဖန်ခြင်းခံ နေရသည်ဟုဆိုပါသည်...
အင်္ဂလန်နိုင်ငံ၊ ယော့ ခ်မြို့ ၊ စိန့် လောရင့် စ် ဘုရားရှိခိုးကျောင်းမှ ဘုန်းတော်ကြီးဖြစ်သူ အသက်
၄၁ နှစ်ရှိ ဖာသာ တင်မ်ဂျူံးစ် က ဈေးဆိုင်၊ စူပါမားကက်များမှ အလစ်သုတ်၊ ခိုးယူခြင်းဟာ ၀င်
ငွေနဲ့ ထွက်ငွေမမျှဖြစ်နေသူ လူဆင်းရဲများအတွက် သူများအိမ်တွေကို ဖောက်ထွင်းခိုးယူတာ၊
အခကြေးငွေရယူပြီး လိင်ဆက်ဆံခြင်း၊ ပြည့် တန်ဆာအဖြင့် လုပ်တာတွေထက် ပိုပြီး အဆင်
ပြေ၊ အသင့် တော်ဆုံးဖြစ်တယ်လို့  ပြောဆိုခဲ့ တယ်လို့ အင်တာနက်စာမျက်နှာမှာဖော်ပြထား
ခဲ့ပါသည်....
” သင်တို့ ရဲ့ ဆရာ ဘုန်းတော်ကြီးအနေနဲ့ အကြံပြု ပြောရမယ်ဆိုလျှင် ဈေးဆိုင်တွေကနေ အ
လစ်သုတ်ပြီး အလိုရှိတဲ့ ပစ္စည်းတွေကို မ , သွားကြပါ လို့ ပြောချင်ပါတယ်....” လို့ တနင်္ဂနွေ
နေ့ ပုံမှန် ၀တ်ပြုဆုတောင်း၊ တရားပွဲ မှာပြောကြားခဲ့ တယ်လို့ ဆိုပါသည်...
” ကျွန်ုပ် အနေနဲ့ အခုလို ဈေးဆိုင်၊ စူပါမားကတ် ၊ ကုန်တိုက်ကြီးတွေကနေ အလစ်သုတ် ခိုး
ယူဖို့ တိုက်တွန်းရတာဟာ သူတစ်ပါးပစ္စည်းမပေးပဲ ခိုးယူခြင်းဟာကောင်းလို့ ၊ အပြစ်မရှိတဲ့ 
အမှု ဖြစ်တယ်လို့ ယုံကြည်လို့ မဟုတ်ပါဘူး....”
”ကျွန်ုပ်က တပည့် များကို ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းရှင်အသေးစား၊ အငယ်စားလေးတွေ
ရဲ့ ဆိုင်တွေကနေ ခိုးယူခိုင်းတာမဟုတ်ပါဘူး... ကုန်တိုက်ကြီးတွေ၊ အထူးသဖြင့် နိုင်ငံပိုင်ဆိုင်
ကြီးတွေကနေ ကြုံသလို မ ,  ခိုင်းတာပါ....”
”အဲဒီလိုဆိုတော့ ပျောက်ဆုံးတာ၊ ဆုံးရှုံးတာတွေအတွက် ကုန်ဈေးနှူန်းတွေမြှင့် ပြီး ပြည်သူအား
လုံးက ပြန်လည် ကျခံတဲ့ သဘောကျရောက်သွားတာဖြစ်လို့ အခုလို အကြံပြုရခြင်းဖြစ်ပါတယ်...”
ဟု သင်းအုပ်ဘုန်းတော်ကြီးက ဆက်ပြောပြပါသည်....
” ပြီးတော့ ကျွန်ုပ်က သူတို့ ကို လိုအပ်တာထက် ပိုမယူဖို့ ကိုလည်း ပြောခဲ့ ပါသေးတယ်...
အခုလို ဟောပြောတိုက်တွန်းချက်ဟာလည်း သမ္မာကျမ်းစာလာပညတ်တော်ရဲ့ နံပါတ်ရှစ်အချက်
ဖြစ်တဲ့  ထာဝရဘုရားသခင်ရဲ့ လူဆင်းရဲတွေအတွက် အကြွင်းမဲ့ မေတ္တာတော်နဲ့  အလွန်အမင်း
ဆန့် ကျင်ပါဘူး...”   လို့ လည်း သူ ကဆက်လက်မိန့် ကြားခဲ့ ပါသည်...
သို့ သော် ဖာသာဂျူံးစ် ရဲ့ တရားတော်ကိုတော့ ဒေသခံလွှတ်တော်အမတ်နှင့် ၊ ဗြိတိသျှ နိုင်ငံ
လက်လီလက်ကား အသင်းအဖွဲ့ တို့ အပြင် ရဲတပ်ဖွဲ့ ကပါ အခုလိုဈေးဆိုင်များကပစ္စည်းများကို
လစ်သုတ်ခြင်းဟာ ဘယ်လိုအခြေအနေမျိုးမှာပဲလုပ်လုပ် ရာဇ၀တ်မှုကျူးလွန်ခြင်းမျှသာဖြစ်
တယ်လို့ ဆိုကာ အပြင်းအထန် ဝေဖန်အပြစ်တင်ခဲ့ ပါတယ်...
သြော်....
ဖာသာကြီးလည်း လူဆင်းရဲတွေကို အသနားလွန်သွားတယ်နဲ့ တူတယ်....
တော်ကြာ ခေတ်သစ်ရော်ဘင်ဟု များဖြစ်နေဦးမယ်...
အဲဒီလိုအတွေးအခေါ်မျိုးပဲ အခုရွှေပြည်ကြီးနဲ့  အွန်လိုင်းမှာ အငြင်းပွားနေတဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒီ
သမားတွေကလည်း နိုင်ငံတော်ပိုင် ပစ္စည်းတွေ ခိုးယူယင် ခိုးမှုမရောက်ဘူးလို့ အဆန်းထွင်
ပြီး ယူဆဟောပြောနေတယ်ဆိုပဲ....
အင်း....
ဝန်ထမ်းအများစုကလည်း ဒီလိုအခြေအနေမျိုးရောက်နေတော့ ဒီလိုဟောမှပဲ နောက်လိုက်
နောက်ပါ၊ လှူမယ့် သူတွေ များများစားရဖို့ ရှိတယ်ပေါ့ ဗျာ...
 ကဲ ဗီဒီယိုကလစ်လေးပါကြည့် လိုက်ပါဦး....
ဒါကတော့ အင်္ဂလိပ်လိုသတင်းလေးပါ.... A priest in Britain is under fire Monday for advising his congregation to shoplift in tough economic times, the Daily Mail reports. Father Tim Jones, a 41-year-old clergyman at St. Lawrence Church in York, England, said that shoplifting — rather than prostitution or burglary — is sometimes the best option for poor people struggling to make ends meet, according to the Web site."My advice as a Christian priest is to shoplift," Jones reportedly told churchgoers during his Sunday sermon. "I do not offer such advice because I think that stealing is a good thing, or because I think it is harmless, for it is neither." "I would ask that they do not steal from small family businesses, but from large national businesses — knowing that the costs are ultimately passed on to the rest of us in the form of higher prices," he continued. "I would ask them not to take any more than they need, for any longer than they need ... My advice does not contradict the Bible's eighth commandment because God's love for the poor and despised outweighs the property rights of the rich." Jones' sermon, meanwhile, has been blasted by police, the British Retail Consortium and a local MP who all say that shoplifting is a crime regardless of circumstances.
1 comments:
Beauty Studio USA Branded Store said...
အင်္ဂလန်ငတက်ဖျား အတွေးပဲဗျာ။နိုင်ငံပိုင်ဆိုင်ကြီးတွေက နေကြုံသလိုမခိုင်တာဆိုတော့ အင်္ဂလန်က ဂျီအီးဆီတို့၊ ဝင်းသူဇာဆိုင်တွေလဲ ချောင်မှာ မဟုတ်ဘူး။