Black magic fears as boy, 2, is hospitalised with 50 sewing needles inside his body

Wednesday, December 16, 2009
စုန်းကဝေ အတတ်နဲ့ များပြုစားခဲ့ လေသလား....




An x-ray of the Brazilian boy
 ဓါတ်မှန်ထဲတွင်မြင်ရသည့် ကလေးငယ်ခန္ဓာကိုယ်တွင်းရှိအပ်များ...
 An X-ray of the Brazilian boy which shows the 50 sewing needles which had been forced into his body


ဘရာဇီးနိုင်ငံမှ အသက် နှစ် နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အပြင်းအထန်နေမကောင်းဖြစ်ခဲ့ 
လို့ ဆေးရုံတင်လိုက်ရပြီး စမ်းသပ်စစ်ဆေးလိုက်တဲ့ အခါ သူ့ ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ အပ်ပေါင်း
အချောင်း ၅၀ တိတိ ရှိနေတာကို အံ့ သြထိတ်လန့် စွာနဲ့ တွေ့ ရှိခဲ့ ရပါတယ်...
သူ့ ရဲ့ အစာအိမ်ထဲမှာ ၁၇ ချောင်းရှိနေခဲ့ ပြီး ကျန်တဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အပ်ချောင်းတွေဟာ
တမင်တကာကို အရေပြားထဲကတစ်ဆင့် ထိုးသွင်းခဲ့ တာလို့ ဘရာဇီးနိုင်ငံက ဆရာဝန်တွေက
ယုံ ကြည်နေကြပါတယ်...
ရဲတပ်ဖွဲ့ ကတော့ အခုလို ကလေးသူငယ်တစ်ယောက်ကို ရက်ရက်စက်စက် ပြုလုပ်ခဲ့ တဲ့ သူကို
စုံစမ်းစစ်ဆေးနေပြီး အများကတော့ စုန်းကဝေ၊ အောက်လမ်းအတတ်နဲ့ ပြုစားတယ်လို့ ယုံကြည်
ကာစိုးရိမ်ကြောက်လန့် နေကြပါတယ်...

အထဲကိုစိုက်ဝင်နေတဲ့ အပ်တစ်ချောင်းဟာ ကလေးရဲ့ ဝဲဘက်အဆုပ်ကိုတောင်မှဖောက်ထွင်းခဲ့ 
လို့ အဆုပ်မှာ အပေါက်ဖြစ်နေခဲ့ ပါတယ်...
ကလေးဖြစ်သူကို ဓါတ်မှန်ရိုက်ပြီးစစ်ဆေးခဲ့ ရာမှာ ကလေးရဲ့ ဝမ်းဗိုက်၊ လည်ပင်း၊ရင်ခေါင်းပိုင်းနဲ့ 
ခြေထောက်တွေထဲမှာ အပ်အချောင်းပေါင်း ၅၀ စိုက်ဝင်နေတာတွေ့ ခဲ့ ရလို့ ထိတ်လန့် တုန်လှုပ်ခဲ့ 
ရတဲ့ ဆေးဝန်ထမ်းတွေဟာ သူ့ ကို ဘရာဇီးနိုင်ငံရဲ့ အရှေ့ မြောက်ပိုင်း၊ Bahma ပြည်နယ် ( တိုက်
တိုက်ဆိုင်ဆိုင်ပဲ ဘားမားပြည်နယ်ဆိုပဲ ) ရဲ့ Barreiras မြို့ ဆေးရုံကို တင်ပြီးကုသပေးနေခဲ့ ပါတယ်...
ယနေ့ တော့ အခုလိုလျှို့ ဝှက်ဆန်းကြယ်တဲ့ ပြစ်မှုကိုကျူးလွန်တာဟာ စုန်းကဝေအတတ်နဲ့ ပြုလုပ်ခဲ့ 
တာပါလို့ ထွက်ပေါ်လာခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ တနင်္ဂနွေနေ့ က ဗိုက်အောင့် တဲ့ ဝေဒနာခံစားနေရတဲ့ ကလေးငယ်ကိုဆေးရုံကိုခေါ်လာ
ခဲ့ တဲ့  မိသားစုရဲ့ ဆွေမျိုးတော်စပ်သူရဲ့ အမည်ကိုတော့ မဖော်ပြခဲ့ ပါဘူး...
ကောင်လေးရဲ့ မိခင်ဖြစ်သူ၊ အိမ်ဖော်အဖြစ်လုပ်ကိုင်နေသူ Marma Souza Santosကတော့ သူမရဲ့ 
သားလေးအခုလို ဖြစ်ရတာ ဘယ်သူ့ ကြောင့် ဆိုတာမသိရပါကြောင်း၊နေ့ စဉ် သူမအလုပ်သွားနေ
စဉ်တော့ သူ့ ရဲ့ အဘွားဖြစ်သူက ကလေးကိုကြည့် ရှုစောင့် ရှောက်ပေးကြောင်း ပြောကြားခဲ့ ပါတယ်...
သူမရဲ့ ပြောကြားချက်ထဲမှာတော့  ကလေးငယ်ရဲ့ ပထွေးဖြစ်သူက စုန်းကဝေ၊မှော်အတတ်နဲ့ ပြုစားခဲ့ 
တာဖြစ်နိုင်ကြောင်း ဆိုခဲ့ ပြီး၊ အဆိုပါအမျိုးသားကတော့ စွပ်စွဲချက်ကိုငြင်းဆန်ခဲ့ ပါတယ်...

” ကျွန်တော်တို့ ကတော့ ဘယ်သူလုပ်တယ်ဆိုတာ အခုအထိအတိအကျမသိရသေးပေမယ့်  တစ်စုံ
တစ်ယောက်က တမင်သက်သက်ကို ကလေးငယ်ရဲ့ ကိုယ်ထဲ အပ်ချောင်းတွေ စိုက်သွင်းခဲ့ တယ်ဆို
တာ သိခဲ့ ပါတယ်....”  လို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ Helda Fernandes Santana ကဆိုပါတယ်...
”  ဒါဟာတစ်ကယ့် ကို ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်...ဒါဟာ ကလေးငယ်ကိုသတ်ဖြတ်ဖို့ ကြိုး
စားတာလား၊ အပြင်းအထန် ထိခိုက်နာကျင်စေအောင်လုပ်တာလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်
ကို မကျေနပ်လို့ လက်စားချေတဲ့ လုပ်ရပ်လားဆိုတာကို စုံစမ်းနေပါတယ်...အဲဒါတွေထဲက မဖြစ်
နိုင်တာတစ်ခုမှမရှိသေးပါဘူး...အားလုံးဖြစ်နိုင်တာပါပဲ...”  လို့ ရဲ အရာရှိကဆက်ပြောခဲ့ ပါတယ်...


ကလေးငယ် တက်ရောက်ကုသနေသည့် ဆေးရုံမှ ဆရာဝန်များကတော့ ကလေးရဲ့ အရေပြား
အောက်နားတွင်ရှိနေသည့် အပ်များကိုတော့ ဖယ်ရှားရန် စဉ်းစားနေကြပါတယ်...
ဒါပေမယ့် ဆေးရုံရဲ့ ညွှန်ကြားရေးမှူး Luiz Cesar ကတော့ အဆိုပါကလေးကိုယ်တွင်းက အပ်တွေ
ဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိကြောင်း၊ ဒါကြောင့် ခွဲစိတ်ဖယ်ရှားခဲ့ ယင်
ပိုပြီးအန္တရယ်ဖြစ်နိုင်တာမို့ အပ်ချောင်းတွေကို ကလေးရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ဒီအတိုင်းပဲ ဆက်ထား
ရှိဖို့ များပါတယ်လို့ ပြောကြားခဲ့ ပါတယ်...

” အပ်ချောင်းတွေကို ကလေးကသူ့ ဟာသူ မြိုချခဲ့ တာမဟုတ်ဘူးဆိုတာ သေချာပါတယ်...
တစ်ကယ်လို့ သာ မြိုချခဲ့ ယင် အပ်တွေဟာ အစာအိမ်နဲ့ အစာအိမ်လမ်းကြောင်းထဲမှာရှိနေရမှာပါ...
အခုလိုအဖြစ်အပျက်မျိုးတစ်သက်လုံးတစ်ခါမှမတွေ့ ခဲ့ ဖူးပါဘူး...
အခုလောလောဆယ်ကျွန်တော်တို့ အဓိက ဦးစားပေးကုသနေတာကတော့ အပ်ဖောက်လို့ ပေါက်
သွားတဲ့ အဆုပ်ပဲဖြစ်ပါတယ်...
ကံကောင်းထောက်မစွာပဲ ကလေးရဲ့ အသက်အန္တရယ်ကိုမထိခိုက်ခဲ့ တာပါပဲ....”လို့  ဆေးရုံ
ညွှန်ကြားရေးမှူးကဆက်ပြောပြခဲ့ ပါတယ်...
ကလေးရဲ့ ဖခင်အရင်းဖြစ်သူ Gessivaldo Alves ကတော့ ကျွန်တော်တို့ ဟာထာဝရဘုရားသခင်
ကို သက်ဝင်ယုံကြည်ကြပါတယ်...ဒါကြောင့် သားလေးဟာ ပျောက်ကင်းသက်သာလာမှာပါလို့ 
ယုံကြည်ပါတယ် လို့ ပြောကြားခဲ့ ပါတယ်...

မြန်မာပြည်မှာလည်း ယခုအချိန်အထိ အောက်လမ်းနည်း၊ စုံးကဝေ နည်းတွေနဲ့ ပြုစားတယ်
ဆိုတာ ယုံကြည်နေကြပါသေးတယ်....

မူရင်းအင်္ဂလိပ်လိုသတင်းပါ....

A two-year-old is seriously ill after being admitted to hospital with 50 sewing needles inside him.
Doctors in Brazil believe the needles were deliberately pushed into his body through his skin - including 17 discovered in his digestive system.
Police have launched an investigation to discover who carried out the attack amid fears the boy may have been used as part of a sinister black magic ritual.

One of the needles perforated the youngster's left lung.  Stunned medics admitted him to hospital in Barreiras in the state of Bahma, north east Brazil, after X-rays showed the 50 metal objects in his abdomen, neck, thorax and legs. Today it emerged the macabre crime may be linked to a bizarre black magic ritual.
The boy, taken to hospital by a relative on Sunday with stomach pains, has not been named.
His mother, maid Marma Souza Santos, has told police she does not know who is responsible and said his gran used to look after her son while she was out at work.
But she has reportedly claimed in a statement the youngster's stepfather may have used the infant in a black magic ritual. He has denied the claims.
Police chief Helder Fernandes Santana said: 'We are certain someone introduced the needles because of the position of some of them in the child's body.
'At the moment we don't know who did it.
'It's such a strange situation. We could be looking at attempted murder, a serious assault or some type of revenge attack.  We're not ruling anything out at the moment.'
Doctors at West Hospital in Barreiras where the boy is currently being treated, said they would considering trying to remove sewing needles just under the surface of the boy's skin.
But hospital director Luiz Cesar said none of the needles were endangering his life at the moment - and said he may have to live with them inside his body because of the risk involved in removing them.

He added: 'We're certain the boy didn't swallow the needles of his own accord.
'If he did, they would be in his gastrointestinal tract.
'I've never seen a case of its kind.
'Our priority at the moment is the boy's lung which was perforated by one of the needles.
'Fortunately his life is not in danger.' The boy's dad Gessivaldo Alves added: 'We have faith in God that he is going to get better.'

1 comments:

သုခုမလေဒီ said...

လောကကြီးမှာ မယုံနိုင်စရာတွေ၊ အံ့သြစရာတွေအမျိုးမျိုး
ဖြစ်ပျက်နေကြတာပဲနော်။ ကလေးငယ်ကတော့ သနားစရာပေါ့။ စုန်း၊ ကဝေလို့တော့မယုံချင်ဘူး။ အကြောင်းတစ်စုံတစ်ရာတော့ရှိမယ်ထင်တယ်။