ဝဋ်ဆိုတာလည်တတ်တယ်....
Thursday, December 3, 2009
Iraqi shoe-thrower suffers copycat attack as he has one thrown at him during news conference
ကျူပ်က ဂျော့ ဘုရှ်လိုကောင်တောင်ဂရုမစိုက်လို့ စီးထားတဲ့ 
ဖိနပ်နဲ့ ချွတ်ပြီးကောက်ပေါက်ပစ်ခဲ့ တာဗျ....
၂၀၀၈ ခုနှစ် ဒီဇင်ဘာလတုံးက အမေရိကန်သမ္မတ ( ဟောင်း ) ဂျော့ ဘုရှ်ကိုရှူးဖိနပ်
နဲ့ ပစ်ပေါက်ခဲ့ တဲအီရတ်နိုင်ငံသားသတင်းထောက် Mutadhar al Zaidi ဟာ အာရပ်ကမ္ဘာ
မှာတော့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ ပါတယ်...
အီရတ်နိုင်ငံသားသတင်းထောက် Mutddhar တစ်ယောက်အခုတော့ သူဖော်ခဲ့ တဲ့ ဆေးသူပြန်
စားခဲ့ ရပါပြီ...
ဟိုက်!!! ပစ်ပြီဟ....!!!!
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ မှာပြုလုပ်ခဲ့ တဲ့ သူ့ ရဲ့ အတွေ့ အကြုံအကြောင်းသတင်းစာရှင်းလင်းပွဲ
တစ်ခုမှာ သူဟာ ရှူးဖိနပ်နဲ့ ပစ်ပေါက်ခြင်းပြန်ခံခဲ့ ရပါတော့ တယ်...
သူဟာ ပစ်ပေါက်လိုက်တဲ့ ဖိနပ်ကိုရှောင်လိုက်နိုင်ခဲ့ ပြီး ဖိနပ်ဟာသူ့ ရဲ့ နောက်ကနံရံကိုထိ
မှန်ခဲ့ ပါတယ်...
သူ့ ကိုဖိနပ်နဲ့ ပစ်ပေါက်သူဟာမည်သူမည်ဝါ ဖြစ်တယ်ဆိုတာရယ်၊ ဘာကြောင့် ယခုလိုဖိနပ်
နဲ့ ပစ်ပေါက်ခဲ့ တယ်ဆိုတာရယ်ကိုမသိရပေမယ့် ထိုသူဟာ ထူးဆန်းစွာပဲအီရတ်နိုင်ငံသား
တစ်ယောက်ဖြစ်နေခဲ့ တာပါပဲ...
” ဒီလူဟာ ကျွန်တော်လုပ်သလို လိုက်လုပ်ခဲ့ တာပေါ့ ဗျာ...” လို့ သူကနောက်ပိုင်းမှာ ဟာ
သနှောပြီးပြောခဲ့ ပါတယ်...
အဆိုပါ ဖိနပ်နဲ့ ပစ်ပေါက်သူဟာ သတင်းထောက်တစ်ယောက်ပေပဲလား၊ ဒါမှမဟုတ် တမင်
သက်သက် ဖိနပ်နဲ့ ပစ်ချင်လို့ နိုင်ငံတကာသတင်းထောက်များသာတက်ရောက်ရတဲ့ သတင်း
စာရှင်းလင်းပွဲကိုသတင်းထောက်ဟန်ဆောင်လာသူလားဆိုတာကို လည်းမသိရသေးပါဘူး...
အဆိုပါဖိနပ်ပစ်သူမည်သို့ ပင်ရည်ရွယ်စေကာမူ ရုတ်ရုတ်သဲသဲဖြစ်မှုကားထိုမျှနှင့် အဆုံးမ
သတ်သွားခဲ့ ပေ...
Al Zaidi ရဲ့ အစ်ကိုဖြစ်သူက သူ့ ညီအားဖိနပ်ဖြင့် ပစ်ပေါက်သူကိုလူအုပ်ထဲမှာပင်လိုက်လံ 
ဖမ်းဆီး အခန်းအပြင်ကိုဆွဲထုတ်ကာ ဖိနပ်ဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ ပါတယ်တဲ့ ....
သူ့ အလှည့် တုံးကတော့ အားရပါးရကိုပစ်ထည့် လိုက်တာ....
ထိုစဉ်တုံးကတော့ Al Zeidi  ဖိနပ်နဲ့ ပစ်ပေါက်လိုက်လို့ သမ္မတဘုရှ် တစ်ယောက်အရှောင်
မြန်လိုက်လို့ ဖိနပ်ဒါဏ်ကလွတ်သွားခဲ့ ပါတယ်....
သူက အမေရိကန်သမ္မတကို အာရပ်ဘာသာစကားဖြင့် ” ဒါဟာခွေးတိရိစ္ဆာန်လိုကောင်ခင်ဗျား
အတွက် အီရတ်နိုင်ငံမှာသေဆုံးခဲ့ ရသူများ၊ ကျန်ရစ်ခဲ့ ရတဲ့ မုဆိုးမများနဲ့ အမိအဖမဲ့ ကလေး
ငယ်များကိုယ်စား သူတို့ ရဲ့ နှုတ်ဆက်လက်ဆောင်အနမ်း ”လို့ ပြောဆိုရေရွတ်ပြီးသူစီးထားတဲ့ 
ဖိနပ်ကိုချွတ်ပြီးပစ်ပေါက်ခဲ့ တာပါ...
သူ့ ကိုချက်ချင်းပဲဝိုင်းဝန်းချူပ်နှောင်ဖမ်းဆီးပြီးထောင်ဒါဏ်ကိုးလ ကျခံစေခဲ့ ကာလွန်ခဲ့  တဲ့ 
စက်တင်ဘာလ ကပဲ သူဟာထောင်ထဲကပြန်လည်လွတ်မြောက်လာခဲ့ တာဖြစ်ပါတယ်....
သူဟာ သမ္မဂျော့ ဘုရှ်ကိုဖိနပ်နဲ့ ပစ်ပေါက်ဖို့ အဲဒီအဖြစ်အပျက်မတိုင်ခင်လွန်ခဲ့ တဲ့ နှစ်နှစ်
လောက်ကတည်းကလေ့ ကျင့် ကြိုးစားခဲ့ တာဖြစ်ပြီး၊ သူအဲဒီလိုလေ့ ကျင့် ခဲ့ တာကိုလည်း
သူ့ ကိုယ်သူ ဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ထားခဲ့ ပါသေးတယ်...
ဒါဟာ အီရတ်နိုင်ငံကိုဝင်ရောက်သိမ်းပိုက်ခဲ့ တဲ့ အမေရိကန်တွေကြောင့် ခံစားခဲ့ ရတဲ့ နာ
ကြည်းရှက်ရွံ့ မှုနဲ့ အပြစ်မဲ့ သေဆုံးသူများကြောင့် ပြုမူလက်စားချေခဲ့ တာဖြစ်တယ်လို့ သူ
ကဆိုခဲ့ ပါတယ်...
အမေရိကန်အစိုးရကိုဆန့် ကျင်တဲ့ ဗင်နီဇွဲလားသမ္မတ ဟူဂိုချေဗက်ဇ် ကသူ့ ကို အင်မတန်
မှသတ္တိရှိသူလို့ ခေါ်ဝေါ်လိုက်ပြီး၊ လစ်ဗျားခေါင်းဆောင်ကဒါဖီရဲ့ သမီးဦးဆောင်တဲ့ အဖွဲ့ အ
စည်းတစ်ခုကလည်းသူ့ ကို ဆုတံဆိပ် ချီးမြှင့် ခဲ့ ပါတယ်...
ပြီးတော့ အာရပ်ကမ္ဘာက ဖခင်များဟာလည်းသူတို့ ရဲ့ သမီးတွေကို သူ့ ကိုဇနီးမယားအဖြစ်
ယူဆောင်ပေါင်းသင်းဖို့ ကမ်းလှမ်းခဲ့ ကြပါတယ်...
ယခုပဲရစ်မြို့ မှာပြုလုပ်တဲ့ သတင်းစာရှုင်းလင်းပွဲကတော့ သူ့ ရဲ့ ဖိနပ်နဲ့ ပစ်ပေါက်တဲ့ အတွေ့ 
အကြုံနဲ့ ထောင်တွင်းအတွေ့ အကြုံများပြောကြားနိုင်ရန်ရည်ရွယ်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်...
အင်းဝဋ်ဆိုတာလည်တတ်တယ်ဆိုတာသိပ်မှန်တယ်နော်....
အဲဒီအကြောင်းကိုပေါကလည်း ပို့ စ်တစ်ခုရေးထားပါသေးတယ်...
ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်....
မူရင်းအင်္ဂလိပ်လိုလေးဖတ်ချင်ယင်တော့ ဒီိလိုပါဗျာ....
He became a hero across the Arab world when he angrily hurled a shoe at George Bush in Baghdad.
But Muntadhar al-Zaidi obviously upset someone.
The Iraqi journalist got a taste of his own medicine yesterday as he was was nearly hit by another shoe thrower at a news conference in Paris.
Al-Zaidi was able to duck and the shoe hit the wall behind him.
The identity of the new shoe-thrower - and his motivation - were not immediately clear, but he appeared to be an Iraqi. 
'He stole my technique,' Al-Zaidi later joked.
It was not known if the intruder was a journalist or just pretended to be one to attend the news conference at a centre for foreign reporters.
Whatever his motive, the confrontation didn't stop there.
Al-Zaidi's brother, Maithan, then chased the attacker in the audience and pelted him with a shoe as he left the room.
Muntadhar al-Zaidi, a TV reporter, became a hero to many opponents of the Iraq war when he hurled his shoes at Bush during a news conference in Baghdad in December 2008.
The President was forced to duck for cover as the journalist shouted in Arabic:
‘This is your farewell kiss, you dog!
This is from the widows, the orphans and those who were killed in Iraq.’
Al-Zeidi was quickly wrestled to the ground by security guards, then imprisoned for nine months before being released in September.
Al-Zaidi said that he had videotaped himself practicing the insult two years ago and had hoped to accost Bush in Jordan but this did not take place.
'What made me do it was the humiliation Iraqhas been subjected to due to the U.S. occupation and the murder of innocent people,' al-Zaidi said.
Venezuela's anti-American President Hugo Chavez called him courageous; a Libyan group headed by Muammar Gaddafi's daughter gave him an award; and fathers from other Arab nations have offered Muntazer their daughters as brides.
The Paris news conference was held so he could talk about his experiences.
4 comments:
မင်းဒင် said...
သူ့ ကိုဇနီးမယားအဖြစ်
ယူဆောင်ပေါင်းသင်းဖို့ ကမ်းလှမ်းခဲ့ ကြပါတယ်...
.....................
အင်း ။ ဝဋ်လည်တာလည်း သတိပြုမိပါရဲ့ ။ အပေါ်ကအကြောင်းလေးကိုလည်း အားကျမိပါရဲ့ ။
ခင်မင်သော
မင်းဒင်
Beauty Studio USA Branded Store said...
သူ့ကြမ္မာ သူကသွားတာ ကြောက်စရာပဲ။
ဒဏ္ဍာရီ said...
အော် ဖြစ်ရမယ်နော်။ ၀ဋ်ဆိုတာ နောက်ဘ၀ မကူးဘူးဆိုတာ လက်တွေ့ပဲ အကိုရေ ....
ခင်မင်လေးစားလျှက်
ဆောင်း said...
http://www.youtube.com/watch?v=P3XNcrSvUWs