ဆရာဆိုတာ....

Friday, December 25, 2009
This man teaches mathematics at one Chinese school.




ကျောင်းဆရာ / ဆရာမ တွေရဲ့ ဘ၀ဟာ ဖယောင်းတိုင်လိုပါပဲတဲ့ ....
မိမိတို့ ရဲ့ အင်အား၊ စွမ်းအားများကို အစွမ်းကုန်အသုံးချပြီး တပည့် 
တွေကို တတ်စေချင်၊ တော်စေချင်တတ်ကြတာပါပဲ....
အဲဒါအပြင် နဂိုကမှ စိတ်နှလုံးနူးညံ့ သူဆိုယင်တော့  တပည့် တွေအ
ပေါ်သံယောဇဉ်တွယ်မိတတ်ကြပြန်ပါသေးတယ်...
ခေတ်စနစ်ရဲ့ ဆိုးဝါးမှုတွေကြောင့် သာ ရွှေပြည်ကြီးက ဆရာ / ဆရာမ
တွေအနေနဲ့  ငွေမျက်နှာကြည့် ကြရပေမယ့်  သူတို့ တစ်တွေရဲ့ ရင်ထဲမှာ
လည်း စေတနာအရင်းခံတွေရှိကြမှာမလွဲပါဘူး...အများစုကပေါ့ ဗျာ...

တစ်ကယ်လိုများ ရတဲ့ လခနဲ့ စားဝတ်နေရေးသာလုံလုံလောက်လောက်
ရှိမယ်ဆိုယင်တော့ အသပြာဆရာဆိုတဲ့ နာမည်ဆိုးကနေ ယနေ့ ခေတ်
ဆရာအများစု လွတ်မြောက်မှာ အသေအချာပါပဲလို့  ဆိုရဲပါတယ်...


အခုလည်းတရုတ်နိုင်ငံက တပည့် တွေအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ 
ဆရာတစ်ယောက်ရဲ့ မေတ္တာတရား ကို ဓါတ်ပုံမှာတွေ့ နိုင်ပါတယ်...
တစ်နေ့ မှာသူနေမကောင်းဖြစ်လို့ ဆေးရုံသွားပြတော့ ဆရာဝန်က အခြေ
အနေဆိုးလို့ ချက်ချင်းပဲဆေးရုံတက်ဖို့ အကြံပေးပြောကြားခဲ့ ပါတယ်...
ဒါပေမယ့် သူ့ တပည့် တွေခမျာ သူမရှိယင်သင်ခန်းစာတွေ လွတ်ကုန်မယ်...
သူ့ ဘာသာ ( သချာင်္ဘာသာကိုလည်း သူ့ လိုပိုင်နိုင်ကျွမ်းကျင်စွာပြသနိုင်
မယ့် ဆရာလောလောဆယ်ရှိပုံမရပါဘူး...) ကိုလည်းတစ်ခြားသူကအစား
ထိုးမပြနိုင်သေးလို့ သူမရှိယင်မဖြစ်ပါဘူးဆိုပြီး ဆေးပုလင်းချိတ်ယင်းတန်း
လန်းနဲ့ စာဆက်သင်နေခဲ့ ပါတယ်...


ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဆရာဟာ၊ ဆရာပါပဲ....
အထူးသဖြင့် ကျွန်တော်တို့ အာရှသားတွေပေါ့ ....


ကျွန်တော်တို့ ငယ်စဉ်ကလည်းအခုလို တပည့် တွေအပေါ်တတ်စေချင်၊
တော်စေချင်လွန်းအားကြီးတဲ့ ဆရာများနဲ့ တွေ့ ဆုံခဲ့ ရပါသေးတယ်...


ကိုယ်ကိုယ်တိုင်တောင် တစ်နှစ်လောက် ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်
များကိုအခမဲ့ သင်ပေးတဲ့  ဘုန်းတော်ကြီးမူလတန်းကျောင်းမှာ ( တစ်
ကယ်တော့ တတ်နိုင်တဲ့ မိဘ တစ်ချို့ လည်းသူတို့ သားသမီးများကို
လာထားပါတယ်....ဘာသာ၊သာသနာနဲ့ လည်းနီးစပ်၊ စည်းကမ်းလည်း
ကောင်း၊ သင်ပေးသူတွေကလည်းတစ်ကယ့် စေတနာနဲ့ သင်ပေးတာ
များတာကိုး....)တစ်နှစ်လောက် ပညာဒါန ကလေးတွေကိုစာသင်ပေးခဲ့ 
ဖူးလို့ ဆရာတစ်ဦးရဲ့ သံယောဇဉ်ကိုတော့ ကောင်းကောင်းကြီးနားလည်
ခံစားမိပါရဲ့ ....



Unbelievable, but this guy does his lessons under the dropper.

During his lesson, he didn’t feel good and went to a hospital, where he was advised an immediate hospitalization.
But he refused, telling that his students would miss maths lessons and there was no one to replace him.
As a result, he did his lessons under the dropper.
I do not think it will end up very well for him though…







လေးစားမိပါတယ်....





အနှိုင်းမဲ့ မေတ္တာတွေနဲ့ ဆရာ.....




ပီတိကိုစား...အားရှိပါ၏.....




2 comments:

Beauty Studio USA Branded Store said...

ဆရာဆိုတာ တကယ်ပါရမီရှင်တွေပါပဲ အကိုရာ။

နေ၀သန် said...

စိတ်ထဲမှာ တကယ်ကြည်နူးတယ်ဗျာ... ဆရာပီသတဲ့ ဆရာတစ်ဦးပါ....