New Invention Brings Japanese Men to Their Knees
Friday, December 4, 2009
ဒူးမထောက်လက်မမြှောက် မဟုတ်....ဒူးထောက်ရှူးပေါက်ပါတဲ့ ....
peeing3 New Invention Brings Japanese Men to Their Knees picture
                    ဒီလိုပေါက်တော့ ဘေးပတ်လည်ကိုမဖိတ်မစဉ်တော့ ဘူးပေါ့ .....
အနောက်တိုင်းပုံစံ ဘိုထိုင်အိမ်သာများတွင် အမျိုးသားများအပေါ့ သွားရာတွင်မတ်တပ်ရပ်၍
သွားကြခြင်းကြောင့် ဆီးအညစ်အကြေးများကြွေအိုးနှုတ်ခမ်းပတ်လည်တွင်တင်ကျန်နေရစ်ခဲ့ 
ယခုတော့ ထိုသို့ မတ်တပ်ရပ်ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးတတ်သောအမျိုးသားများအတွက်ထို
အကျင့် ဆိုးကြီးပယ်ပျောက်စေနိုင်ဖို့ အတွက် ဂျပန်နိုင်ငံသား Kaiteki Raifu Kenkyusho  ဆို
သူက ၂၀၀၇ ခုနှစ်တွင်အမျိုးသားများဆီးသွားလျှင် ဒူးထောက်ကာသွားနိုင်မည့် ခုံငယ်ကလေး
များတီထွင်ခဲ့ သည်ဟုဆိုပါသည်...
ဒီလိုချစ်စရာခုံကလေးတွေပေါ့ ....
နတ်သမီးလေးများရဲ့ ပေါင်ခေါင်းအုံး လို့ အမည်ရတဲ့ အဆိုပါခေါင်းအုံးခုံကလေးများကိုအသုံး
ပြုပြီးအမျိုးသားများဟာ ဆီသွားလျှင်ဒူးထောက်ကာ ထိုင်ပြီးသွားကြရမှာဖြစ်ပါတယ်...
ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ဆီးသွားသူနဲ့ အိမ်သာအိုးအကြားအကွာအဝေးနည်းပါးသွားပြီး
အမျိုးသားများဆီးသွားလို့ ကြွေအိမ်သာအပေါ်ယံပိုင်းနဲ့ အိမ်သာကြမ်းပြင်တွေအထိပါ ဆီး
စက်များလွင့် စင်ပေကျံပြီးအနံ့ ဆိုးများဖြစ်ပေါ်စေခြင်းမှ ပျောက်ကင်းသက်သာစေဖို့ ရည်
ရွယ်ပါတယ်လို့ ဆိုပါသည်...
အဆိုပါတီထွင်မှုဟာ ၂၀၀၇ ခုနှစ်မှာပြုလုပ်ခဲ့ တဲ့ ပန်နာဆိုနစ်ကုမ္ပဏီရဲ့ အမျိုးသားများမတ်တပ်
ရပ်ကာအပေါ့ သွားကြခြင်းကြောင့် ဆီးစက်များဖိတ်စင်လွင့် ကျခြင်းဆိုင်ရာ သုတေသနပြုလေ့
လာချက်ရဲ့ ရလာဒ်အသီးအပွင့် ဖြစ်ပါသည်...
သူတို့ ရဲ့ လေ့ လာချက်အရ အိမ်သာတစ်ခုကိုလေ့ လာတိုင်း ဆီးသွားသူအမျိုးသားရဲ့ ရည်ရွယ်
ရာလမ်းကြောင်းကိုလိုက်ပြီး ဆီးစက်ပေါင်း ၈၅ ခုကနေ ၃၁၁ ခုအထိဘေးကိုချော်ပြီးလွင့် စင်
ကျတယ်လို့ ဆိုပါသည်...
ယခုတီထွင်လိုက်တဲ့ ပုံစံဆန်း ဒူးထောက်သေးပေါက် ကူရှင်ခုံဒီဇိုင်းကလည်း နှစ်မျိုးနှစ်စားတီ
ထွင်ထုတ်လုပ်ထားပါတယ်တဲ့ ...
တန်ဖိုးကြီးတဲ့ ကှူရှင်ဖုံက ယန်းငွေ ၅၈၀၀ ( ဒေါ်လာ ၆၀ ) ခန့် ရှိပြီး ဒူးတစ်ဖက်စီအတွက် နူး
ညံ့ တဲ့ ကူရှင်ဖုံတစ်ခုစီပါမှာဖြစ်ပါသည်...
ပိုမိုဈေးသက်သာတဲ့ နှစ်ခုတွဲ ဒူးထောက်ဖုံကူရှင်ကတော့ ယန်း ၄၈၀၀ ( ဒေါ်လာ ၅၀ ) ပါတဲ့ ....
အခုအချိန်အထိတော့ အဆိုပါ ဒူးထောက်သေးပေါက် ဖုံကူရှင်တွေဟာ သိပ်ေ၇ာင်းမကောင်း
သေးပါဘူးတဲ့ .....
စုစုပေါင်းမှ အခုရေ ၂၈၀ လောက်ပဲ စိတ်ဝင်စားသူတွေက၀ယ်ယူခဲ့ ကြပါတယ်တဲ့ ....
Peeing on the toilet seat might be a bone of contention for couples all over the world until an enterprising company in Japan decided to lesson the frustration. In 2007, Kaiteki Raifu Kenkyusho unveiled a kneeling bench that enables closer peeing range for male folk.
Known as Angels Knee Pillow (or Tenshi no Hizamakura), the company envisioned men kneeling down on this handy bench whenever they needed to pee.
The company’s overall goal is eliminating pee droplets on the rim as well as in the outer toilet area. Thus, they believed that shortening the distance between the person and the rim would minimize such spillage.
Their efforts are, in part, driven by a 2007 Panasonic survey which explored the number of pee splatters for the average man.
They found out that, depending on intended destination for the stream, pee splashes could range from 85 drops – 311 drops per loo event.
And as for the unusual pee buddy itself, there are two different versions of the bench up for grabs.
The more expensive bench, priced at 5,800 yen ($60), is actually a two-piece set with a comfortable cushion for each knee.
The less costly option, which is simply one whole padded knee bench, has a price tag of 4,800 yen (about $50).
So far, people aren’t queuing up in thousands for Angel Knee Pillows but 280 of these benches have been sold to interested parties.
4 comments:
Anonymous said...
နည်းနည်းတော့အလုပ်ရှုပ်မယ်ထင်တယ်နော် ကိုပီတာကြီး။
အဲဒါတာကြောင့် ရောင်းမကောင်းတာနေမှာ။
သွယ်လင်းဆက် said...
အပေါ်က ကျွန်တော့်လင့်နဲ့ comment ရေးတာ ဘယ်လိုကနေအလုပ်ကလင့်ဖြစ်သွားလဲ မသိဘူး ကိုပီတာကြီးရေ။
Beauty Studio USA Branded Store said...
အလုပ်ရှုပ်အောင်တော့ အတော်ထွင်တဲ့ ဂျပန်တွေပဲဗျာ။ထွင်စရာရှားလို့။
naylin said...
မတော်လို့ အဲဒီ့ ကူရှင်ဖုံလေးတွေပေါ် စင်သွားရင် နောက်လူတွေတော့ ဒုက္ခ။
မူးနေရင်လည်း ရှေ့ကခွက်ထဲ တစ်ခါတည်း မှောက်ကျ။