Sunday, December 27, 2009
Christian girl, 16, gets 50 lashes for wearing 'indecent' knee-length skirt in Sudan
ကောင်မလေးအဖမ်းခံပြီးအပြစ်ပေးခံခဲ့ ရတဲ့ ဆူဒန်နိုင်ငံမြို့ တော်
ခါတွန် ကဈေးတစ်ခုပေါ့ ....
The Omdurman market in Khartoum (file picture), one of the city's many markets. Silva Kashif was arrested as she walked to a market near her home in the Khartoum suburb of Kalatla last week
ဆူဒန်နိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိကောင်မလေးတစ်ယောက်ကို ဒူးဆစ်အထိရှည်လျားသော စကတ်ဝတ်ဆင်ထားခဲ့ မိခြင်းသည် အများပြည်သူမြင်ကွင်းတွင် ( အစ္စလာမ်တရားဥပဒေအရ )
မတင့် တယ်၊ အမြင်မတော်ဖြစ်စေကြောင်း တရားသူကြီးတစ်ဦးက ဆုံးဖြတ်ခဲ့ ပြီးနောက် ကြိမ်
ဒါဏ်အချက် ၅၀ အပြစ်ပေးခဲ့ သည်ဟု သူမ၏မိသားစုက ဆိုခဲ့ ပါတယ်...
ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အဆိုပါကောင်မလေးရဲ့ မိခင် Silva Kashif ကတော့ သူမရဲ့ သမီး
လေးကို အစ္စလာမ် ဘာသာရေးဆိုင်ရာဥပဒေ Sharia Law အရ စီရင်ဆုံးဖြတ်၊အပြစ်ပေးခဲ့ ကြ
တဲ့ ရဲတပ်ဖွဲ့ နဲ့ အဆိုပါတရားသူကြီးကို တရားစွဲဆိုမယ်လို့ ပြောကြားခဲ့ ပါတယ်...
သူမရဲ့ သမီးဖြစ်သူကို ကြိမ်ဒါဏ်အပြစ်ပေးခဲ့ ပြီးမှ ထိုအဖြစ်အပျက်ကိုသိရှိခဲ့ ရတဲ့ မိခင်ဖြစ်သူ
က တရားရုံးအနေနဲ့ သူမတို့ မိသားစုရဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကိုလည်းထည့် 
သွင်းစဉ်းစားသင့် တယ်လို့ ဆိုပါတယ်...( အစ္စလာမ်ဘာသာဝင် မဟုတ်သူများကို အစ္စလာမ်
ဘာသာရေးဆိုင်ရာဥပဒေနဲ့ စီရင်ဆုံးဖြတ်ခြင်းမပြုကြပါဘူး....)
ဆူဒန်နိုင်ငံတောင်ပိုင်း Yambio မြို့ မှာနေထိုင်ခဲ့ ကြတဲ့ မိသားစုဝင်ဖြစ်တဲ့ အဆိုပါကောင်မလေး
Kashif  ဟာ မြို့ တော် Khartoum  ရဲ့  ဆင်ခြေဖုံးဒေသဖြစ်တဲ့   Kalatla  အရပ်ကဈေးအနီးမှာ
( ဒူးအထိအရှည်ရှိတဲ့ စကတ် ကိုဝတ်ဆင်ပြီး ) လမ်းလျှောက်နေခဲ့ စဉ်အဖမ်းခံခဲ့ ရတာလို့ ရိုက်
တာသတင်းဌာနကို ပြောကြားခဲ့ ပါတယ်...
” သူမဟာ ကလေးမလေးအရွယ်သာရှိသေးပေမယ့် ရဲတပ်ဖွဲ့ ဝင်တစ်ဦးဟာ သူမကို ရာဇ၀တ်
သားတစ်ဦးလို ဈေးလမ်းတစ်လျှောက် ဆွဲခေါ်ဖမ်းဆီးသွားတာဖြစ်ပါတယ်...ဒါဟာ အင်မတန်
မှ မလျော်ကန်၊ မသင့် မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်....”  လို့  Doro ကပြောခဲ့ ပါတယ်...
Khashif  လေးကို Kalatla ဒေသဆိုင်ရာ တရားရုံးကိုခေါ်ဆောင်သွားခဲ့ ပြီး အပြစ်ရှိကြောင်း
စီရင်ချက်ချကာ တရားသူကြီးရဲ့ မျက်မှောက်မှာပဲ အမျိုးသမီးရဲတပ်ဖွဲ့ ဝင်တစ်ဦးက ကြိမ်
ဒါဏ်အပြစ်ပေးခဲ့ တာဖြစ်ပါတယ်...
သမီးလေးကို ကြိမ်ဒါဏ်အပြစ်ပေးခဲ့ ပြီးမှပဲ အဲဒီအကြောင်းကိုကျွန်မ သိရှိခဲ့ ရတာဖြစ်ပြီး
စိတ်မထိန်းနိုင်ပဲ ငိုကြွေးခဲ့ ရပါတယ်.... လူတွေမှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိကြပြီး
သူတို့ အနေနဲ့ အဲဒါကိုတော့ ထည့် သွင်းစဉ်းစားသင့် ကြပါတယ် လို့ သူမရဲ့ မိခင်ဖြစ်သူ
ကပြောဆိုခဲ့ ပါတယ်...
ကောင်မလေးရဲ့ ရှေ့ နေဖြစ်သူ Azhari al-Haj ကတော့ အရွယ်မရောက်သေးတဲ့ ( ဥပဒေ
ဆီးအရေးယူ အပြစ်ပေးခဲ့ မှုနဲ့ ရဲတပ်ဖွဲ့ နဲ့ တရားသူကြီးကိုတရားစွဲဆိုဖို့  ပြင်ဆင်ဆောင်ရွက်
နေတယ်လို့ ဆိုပါတယ်...
ဥပဒေအရ အသက် ၁၈ နှစ်မပြည့် သေးသူများကို ကြိမ်ဒါဏ်အပြစ်မပေးနိုင်ပါဘူးလို့ သူက
ဆိုခဲ့ ပါတယ်...
” သူမဟာ တစ်ခြားကောင်မလေးတွေအားလုံးဝတ်သလို သာမာန် စကတ်နဲ့ ဘလောက်စ်
အင်္ကျီကိုသာဝတ်ဆင်ထားခဲ့ တာပါ၊ အဲဒါကို သူတို့ ( ရဲနဲ့ တရားသူကြီး ) က မိဘအုပ်
ထိန်းသူကိုအကြောင်းမကြားပဲ ချက်ချင်းပဲဖမ်းဆီးပြီး၊ ချက်ချင်အရေးယူအပြစ်ပေးခဲ့ လိုက်
ကြတာပါပဲ...” လို့ ရှေ့ နေကပြောပြပါတယ်...
သူ့ အနေနဲ့ ကလေးမလေးဟာ အခုလိုမှားယွင်းစွာအပြစ်ပေးခံရခြင်းအတွက်လျော်ကြေးရနိုင်ပြီး
နဲ့ အခုလိုစကတ်ဝတ်ဆင်မိတာနဲ့ တင် ကြိမ်ဒါဏ်အပြစ်ပေးတဲ့ ဥပဒေကိုလည်းသဘောမတူ
ဆန့် ကျင်ပါတယ်...အဆိုပါဥပဒေကိုပြင်ဆင်ပြောင်းလဲဖို့ တောင်းဆိုပါတယ် လို့ ရှေ့ နေဖြစ်
သူကပြောဆိုခဲ့ ပါတယ်...
ယခုလိုဖြစ်ပွားခဲ့ တဲ့ အမှုကြောင့် ယခင် ကုလသမဂ္ဂအဖွဲ့ ဝန်ထမ်းဖြစ်တဲ့ ဆူဒန်အမျိုးသမီး
Lubna Hussein ကို အများပြည်သူမြင်ကွင်းမှာ ဘောင်ဘီအရှည်ဝတ်ဆင်ခဲ့ မှုနဲ့ ဖမ်းဆီးထိန်း
သိမ်းခဲ့ မှု ကြောင့် မကျေမနပ်ဖြစ်ခဲ့ ကြရမှုအပေါ်မှာထပ်ပြီး အခြေအတင်အငြင်းပွားဖွယ်ရာ
ဖြစ်စေမှာ ဖြစ်ပါတယ်...
စာနယ်ဇင်းသတင်းထောက်ဟောင်းလည်းဖြစ်တဲ့ အမျိုးသမီး Hussein ဟာ သူမအပြစ်ပေးခံခဲ့ 
ရတဲ့ ဆူဒန်နိုင်ငံရည့် အများပြည်သူအမြင်မှာမတင့် တယ်စေခြင်းဆိုင်ရာဝတ်စားခြင်း ဥပဒေ
အကြောင်းကျယ်ကျယ်ပြန့် ပြန့် သိရှိစေဖို့ ပြင်သစ်နိုင်ငံကိုရောက်ရှိနေပါတယ်...
သူမကို ကြိမ်ဒါဏ် အချက်လေးဆယ်အပြစ်ပေးဖို့ စီရင်ချက်ချမှတ်ခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ 
ထိုအပြစ်ဒါဏ်ကို လျော့ ပေါ့ ပေးခဲ့ ပါတယ်...
အများပြည်သူအမြင်မတင့် တယ်အောင်ဝတ်စားဆင်ယင်မှု၊ မူးယစ်ရမ်းကားမှု နဲ့ ပြည်သူကျင့် 
ဝတ်ဆိုင်ရာဥပဒေချိုးဖောက်မှုတွေအတွက် ဖမ်းဆီးခံရမှုတွေဟာ တော့  အစ္စလာမ်တရားဥပ
ဒေနဲ့ စီရင်အုပ်ချူပ်တဲ့ ဆူဒန်နိုင်ငံ မြို့ တော် ခါတွန်မှာ တော့ သိပ်ပြီးအထူးအဆန်းမဟုတ်တော့ 
ပါဘူး...
ဒါပေမယ့်  မြို့ တော်ခါတွန်မှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ နိုင်ငံတောင်ပိုင်း
ဇာတိသားတွေ ကို အစ္စလာမ်ဥပဒေနဲ့ ဖမ်းဆီးအရေးယူအပြစ်ပေးခဲ့  ကြတာကတော့ အများစု
အတွက်လက်မခံနိုင်တဲ့ အကြောင်းကိစ္စတစ်ရပ်ဖြစ်နေခဲ့ ပါတယ်...
နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းဖြစ်ပွားခဲ့ တဲ့ ပဋိပက္ခ ကိုပြေငြိမ်းခဲ့ တဲ့ ၂၀၀၅ ခုနှစ်ငြိမ်းချမ်း
ရေးသဘောတူညီချက်အရ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့  တောင်ပိုင်းသားများကို အစ္စ
လာမ်ဥပဒေအရတရားစီရင်ခြင်းမပြုဖို့ ၊ အမှုအခင်းဖြစ်ခဲ့ ယင်လည်းသက်ညှာဖို့ ဆုံးဖြတ်
ခဲ့ ကြပါတယ်...
အဆိုပါသဘောတူညီမှုအရ ခရစ်ယာန်ဘာသာကိုးကွယ်သူများနဲ့ ရိုးရာဓလေ့ ယုံကြည်
ကိုကွယ်သူများအများစုနေထိုင်တဲ့ တောင်ပိုင်းဒေသမှာ အစ္စလာမ်ဘာသာရေးဥပဒေ
Sharia Law ကိုရုပ်သိမ်းခဲ့ ပါတယ်...
အများပြည်သူအမြင်မတင့် တယ်စေရန်ဝတ်စားဆင်ယင်မှုဥပဒေဟာ တိကျရေရာမှုလုံးဝ
မရှိတဲ့ အတွက် ပြည်သူ့ ဝန်ထမ်းရဲတွေအနေနဲ့ ဘယ်လိုဝတ်စားဆင်ယင်တာဟာဖြင့် ဥပ
ဒေနဲ့ မညီညွတ်သလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အတွက်များစွာ အကြောင်းပြစေနိုင်တဲ့ အခွင့် 
အရေးတွေဖြစ်စေပါတယ်လို့ အမျိုးသမီးအခွင့် အရေးအဖွဲ့ က အကြောင်းပြပြောဆိုခဲ့ ပါ
တယ်...
နိုင်ဂျီးရီးယားနိုင်ငံမှ နာမည်ကျော်ဘောလုံးသမား Stephen Worgu ကလည်းယခုလပိုင်း
မှာ သူဟာအရက်သေစာသောက်စားပြီး ကားမောင်းခဲ့ မှုနဲ့ ကြိမ်ဒါဏ် အချက် ၄၀ အပြစ်
ပေးဖို့ မှားယွင်းစွာစီရင်ဆုံးဖြတ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်...
အခုအထိတော့ အဆိုပါစီရင်ချက်ဟာ အယူခံဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်...
မူရင်းအင်္ဂလိပ်လိုသတင်းကတော့ ဒီလိုပါ....
A 16-year-old Sudanese girl was lashed 50 times after a judge ruled her knee-length skirt was indecent, her family said today.
The mother of Christian teenager Silva Kashif said she is to sue police and the judge who imposed the sentence under Islamic shariah law.
Saying she only learned about her daughter's conviction after she had been lashed, mother Jenty Doro said the family's religion should have been taken into account.
Kashif, whose family comes from the south Sudanese town of Yambio, was arrested while walking to the market near her home in the Khartoum suburb of Kalatla last week, Doro told Reuters.
'She is just a young girl but the policeman pulled her along in the market like she was a criminal. It was wrong,' said Doro.
Doro said Khashif was taken to Kalatla court where she was convicted and punished by a female police officer in front of the judge.
'I only heard about it after she was lashed. Later we all sat and cried ... People have different religions and that should be taken into account' she said.
Kashif's lawyer Azhari al-Haj said he was preparing a case against the police and judge for arresting and sentencing an under-age girl. He said according to the law, people under 18 should not be given lashes.
'She was wearing a normal skirt and blouse, worn by thousands of girls. They didn't contact a guardian and punished her on the spot.'
Al-Haj said he was hoping to win compensation and to clear Kashif's record. 'We are also against the law itself. We want the law to be changed.'
The case will add fuel to a debate already raging over Sudan's decency laws after this year's high-profile conviction of Sudanese U.N. official Lubna Hussein, who was briefly jailed for wearing trousers in public.
Hussein, a former journalist who used her case to campaign against Sudan's public order and decency regulations, is touring France to publicise her book about the prosecution.
She had faced the maximum penalty of 40 lashes but was given a lighter sentence.
Arrests for indecency, drunkenness and other public order offences are not uncommon in Khartoum which is governed by Islamic sharia law.
But the punishment of residents of the capital originating from the south remains a sensitive issue.
Sudan is supposed to be working to soften the impact of sharia for southerners living in Khartoum under a 2005 peace deal that ended decades of north-south civil war.
The deal lifted sharia law in the south, where most follow Christianity and traditional beliefs.
Women's groups argue the decency laws are too vague, giving the country's separate public order police too much freedom to decide what kind of dress is appropriate.
Nigerian football star Stephen Worgu this month said he had been sentenced to 40 lashes after being wrongly convicted of drunk driving in Khartoum. The sentence has been postponed pending an appeal.
1 comments:
leomark said...
အင်း...တော်တော်ဆိုးတာပဲ။