Selyna Bogino does things with 5 balls

Wednesday, September 14, 2011

ဘောထိန်းပညာကျွမ်းကျင်ရာ...

သူကလေးရဲ့ အစွမ်းကတော့ အံ့ မခန်းပါပဲ...
( practice makes perfect  ဆိုတဲ့ စကားဘယ်လောက်မှန်သလဲဆိုတာ သက်သေပါပဲ...)
သူကလေးကတော့ ဘောနဲ့ ပတ်သက်လာယင် သူ့ ထက်တတ်တဲ့ သူ၊ ကျွမ်းတဲ့ သူမရှိပါဘူးလို့ မပြောပါ
ဘူး...




http://www.youtube.com/watch?v=TSR3jhRjzfk

1 comments:

Ye said...

"သူကလေးကတော့ ဘောနဲ့ ပတ်သက်လာယင် သူ့ ထက်တတ်တဲ့ သူ၊ ကျွမ်းတဲ့ သူမရှိပါဘူးလို့ မပြောပါ
ဘူး..."

ဒါမှ ကိုပီတာ အစစ်...

ကိုပီတာကို ဖတ်လိုက်ရင် တိုရမယ် ထိရမယ်။ ကာတွန်းအော်ပီကျယ်ရဲ့မထိတရိပရိတ်သတ်ကိုပေးတဲ့ ရသ မျိုး၊(အော်ပီကျယ် Video + Text version လို့ပြောချင်တယ်)၊ ပြည်သူတွေအားလုံးရဲ့ အသုံးမကျသူတွေကို မေတ္တာထားနေကြတဲ့ဆန္ဒမျိုး(ငါပြောချင်တာတွေသူဒီကနေပြောပြောပေးနေပါလားဆိုတာမျိုး)၊ သူတပါးတွေရဲ့တော်တာကောင်းတာတွေကို မုဒိတာပွားစေတဲ့ ကောင်းတဲ့စိတ်မျိုး(ချီမွန်းသင့်သူကို ထင်ထင်ပေါ်ပေါ်ချီးမွမ်းခြင်း) ၊ ခေတ်လူငယ်တွေရဲ့ ပေါ့ပေါ့ပါးပါး၊သွက်လက်ရှင်းလင်းတဲ့ စကားအသုံးမျိုး (ဖတ်ရသူ စဉ်းစားစရာမလိုဘူးလေ၊ အလုပ်ရှုပ်နေတဲ့အချိန်(Under Stress Periods)တခြား Blogတွေဖတ်မရတောင်၊ကိုပီတာကတော့ ခိုင်တယ်)၊ Sexy ရသပါးပါးလေး(စာဖတ်သူ သရေနဲနဲကျလာအောင်လဲဖြစ်မှာပေါ့၊ ပိုဖတ်ချင်လာအောင် အရောင်နဲနဲဆိုးပေးတယ်ထင်တာပဲ)ရစေတဲ့ဖီလင်မျိုး၊ ဘဝအတွက် အသုံးဝင်မယ့် အတွေးအခေါ်၊ ဒီ Post မှာဆို " Practice makes Perfect"နဲ့စာဖတ်သူကို တတ်နိုင်သမျှ Educate လုပ်သွားတဲ့စေတနာမျိုး၊ မူရင်း သတင်း Source နဲ့ သတင်းကိုပါ အမြဲဖေါ်ပြထားတဲ့ Professionalism နဲ့ Blogger မာန်မာန နည်းပါးတဲ့ သဘောမျိုး၊ ထိရောက်တဲ့ သတင်းခေါင်းစဉ်တပ်ကျွမ်းကျင်တဲ့ပညာ၊ တတ်နိုင်သမျှ အလုပ်တခုကိုပုံမှန်လုပ်နေတဲ့အကျင့်ကောင်းမျိုး
အားလုံးရနေတယ်ဆိုယုံမလားဗျာ ။ သာမန်အူကြောင်ကြား Blog မဟုတ်တာတော့အသေအချာပဲ။၊

အဆုံးကတော့ မိမိစာတွေကို ဖတ်ပြီးတပါးသူ တခုခုရပါစေ ဆိုတဲ့ စေတနာတွေကို တွေ့ရတယ်ဗျာ။ ကိုပီတာ Blogspot က Unique ပါ၊ One of a kind ပေါ့။

Singapore မှ ရွှေအင်ဂျင်နီယာ