Monday, September 19, 2011

Jesus statue vandalised with red paint draws stampede of worshippers



ပိုလန်နိုင်ငံမှ မဟုတ်တမ်းရားလုပ်ကြံဖန်တီးတတ်သူတစ်ချို့ ဟာ ယေရှုခရစ်တော်ရုပ်တုတစ်ခုအပေါ်တွင်
အနီရောင်ဆေးများ သုတ်လိမ်းသွားခဲ့ သည်ကို ခရစ်ယာန်ဘာသာယုံကြည်ကိုးကွယ်သူ အကြည်ညိုလွန်သူ
များက ခေတ်သစ် အံ့ ဖွယ်တန်ခိုးတော်အဖြစ်ခရစ်တော်၏ရုပ်တုမှသွေးများကျလာသည်ဟု ယုံကြည်ကာ အသည်းအသန်တိုးဝှေ့ ဝတ်ပြုဆုတောင်းခဲ့ ကြသဖြင့် ထိုလူရှုတ်များအား ရဲများက လိုက်လံစုံစမ်းရှာဖွေ
လျှက်ရှိပါတယ်...
ပိုလန်နိုင်ငံ၊ ပိုလန်ကာဒေသမှ ယုံကြည်သူများဟာ (ယေရှုခရစ်တော်) အရုပ်၏ ဦးခေါင်းထက်၊ ဦးရစ်သရဖူ
ဆူးချွန်များမှ အနီရောင်အရည်များ ယိုစီးကျလာသည်ကိုမြင်တွေ့ ကြရာတွင် အုပ်စုလိုက်အမြောက်အများ
လာရောက်ဝတ်ပြုဆုတောင်းလျှက်ရှိနေကြပါတယ်....




ထိုအဖြစ်အပျက်အား အံ့ သြဖွယ်ရာတန်ခိုးတော်အဖြစ်ယုံကြည်ကြလျှက် ထိုဘာသာဝင်များဟာ ဘုရားရှိခိုး
ကျောင်းတွင် နေ့ ညမပြတ်စုရုံးစောင့် ကြပ်လျှက် ကက်သလစ်သာသနာအာဏာပိုင်များထံ တန်ခိုးတော်
သက်သေ၏အစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် ဆက်သွယ်တောင်းဆိုခဲ့ ပါတယ်...
သို့ သော်လည်း သွေးဟု၎င်းတို့ ထင်မှတ်ယုံကြည်နေကြသည့် ထိုအရည်များဟာ သုတ်ဆေးအနီရောင်များ
သာဖြစ်သည်ဟု ဘုန်းတော်ကြီးများကဆုံးဖြတ်မိန့် ကြားခဲ့ လိုက်သည်တွင် ၎င်းတို့ ၏ယုံကြည်ချက်များအား
လုံးပြိုကွဲကြေမွသွားခဲ့ ရပါတယ်...
" ကျွန်ုပ်တို့ အသေအချာစမ်းသပ်စစ်ဆေးခဲ့ ကြရာမှာတော့ အဲဒါဟာ သွေးမဟုတ်ပဲ သင်္ဘောဆေး ( သုတ်
ဆေး ) များသာဖြစ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုံး၊ အသေအချာပြောနိုင်ါပတယ်...
ဒါဟာ နောက်ပြောင်လိုသူလူရှုတ်တစ်ချို့ ရဲ့ လက်ချက်ဆိုတာ ထင်ရှားပါတယ်..." လို့  ဒေသခံဘုန်းတော်
ကြီး ဂျန်ကုတီနာ ကပြောကြားခဲ့ ပါတယ်...



YouTube link.


" ( သူတစ်ပါးရဲ့ ကိုးကွယ်ယုံကြည်မှုကို ) အခုလိုပျက်ရည်ပြု၊ ရယ်စရာလုပ်တဲ့ လူဟာ တော်တော်စိတ်ဓါတ်
ဆိုးသွမ်းတဲ့ သူဖြစ်ပါတယ်...သူတို့ ဟာ ဘုရားသခင်ဆုံးဖြတ်တော်မူတဲ့ အခါကျမှ ဒုက္ခတွေ့ ပြီးနောင်တရ
ကြမှာပါ...." လို့ ယုံကြည်သူတစ်ဦးကဆိုပါတယ်...
သို့ သော်လည်း ထိုလူရှုတ်လူပွေများဟာ ယခုဘ၀မှာတင် ဘာသာရေးဆိုင်ရာ ရုပ်တုအား ဖျက်လိုဖျက်ဆီး
လုပ်မှုဖြင့် ထောင်ဒါဏ်သုံးနှစ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ ကပြောကြားခဲ့ ပါတယ်...

အထူးအဆန်းဆို ဖြစ်နိုင်၏၊မဖြစ်နိုင်၏မစဉ်းစားပဲ မျက်စေ့ မှိတ်ယုံတတ်ကြတဲ့ ရွှေပြည်ကြီးမှသူများလည်း
သတိပြုစေလိုပါတယ်...
သမိုင်းဝင်၊ ဂမ္ဘီရ ၊ မျက်ရှင်၊ ပြုံးတော်မူရုပ်ထု စသည်ဖြင့် စိတ်ထင်ရာယုံကြည်တတ်သူများအတွက် ယခုလို
လူနောက်လူပြောင်များနှင့် တွေတတ်သည့်အပြင် လုပ်စားဘိုးတော်၊ ရသေ့ ၊ အဘများနှင့်တွေ့ ပြီး စီးပွား
ပျက်၊ ဘ၀ပျက် ခဲ့ ရတတ်တာတွေ သင်ခန်းစာယူနိုင်ပါစေသော်...



Hoaxers who poured red paint over a statue of Jesus are being hunted by police after sparking a stampede of worshippers who declared the 'blood' to be a modern miracle. Church goers in Polanka, Poland, had been leaving after mass when they saw a red liquid dripped from the crown of thorns on the statue's head.
Believing it to be a miracle, they set up a vigil outside the church and contacted Catholic authorities to authenticate the holiness of the evidence. But their faith was shaken when priests declared the blood was nothing more sacred than red paint.


Local priest Jan Kutyna said: "We carried out tests and with 100% certainty we can say this is not blood, it is paint. It was clearly the work of some jokers."

One worshipper added: "What kind of sick mind plays a joke like this. They will regret this when they're being judged by the holy man then defaced." But police say the hoaxers now face a more immediate punishment on earth - three years' jail for vandalising a religious statue.

2 comments:

မဒမ်ကိုး said...

ဟုတ်တယ်နော် တခုခုဆိုမစဉ်းစားတတ်တဲ့လူတွေခံရတာပဲ ..

ခင်မင်လေးစားလျှက်
မဒိုးကန်

မိုးယံ said...

ရွှေမျက်မှန်ဘုရားကြီး.......

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက မျက်လုံးမကောင်းလို့ ညီတော်အာနန္ဒာကို မျက်မှန် အော်ဒါပေးခိုင်းတယ်လို့ တစ်ခါမှမကြားဖူးဘူး

ပြစ်မျိုးမှဲ့မထင် ဘုရားရှင်ကို မှဲ့ရှင် ဘုရားကြီးဆိုပြီး ဟိုရွေ့သည်ရွေ့ ရှိတယ်ဆိုတာပါပဲ။