Shariah court in Nigeria orders right hand amputations for two men

Friday, September 16, 2011

နွားခိုးတဲ့ လက် ဖြတ်စေ...


နွားတစ်ကောင်ခိုးယူခဲ့ ကြသည့် လူငယ်နှစ်ဦးအား ၎င်းတို့ ၏ညာဖက်လက်များအားဖြတ်ပစ်စေရန်နိုင်ဂျီးရီး
ယားနိုင်ငံမြောက်ပိုင်း ဇမ်ဖာရာပြည်နယ်မှ အစ္စလာမ်ဘာသာရေးဆိုင်ရာတရားရုံးတစ်ခုမှ ပြစ်ဒါဏ်အဖြစ်စီ
ရင်ချက်ချမှတ်ခဲ့ ပါတယ်...
အများပြည်သူမြင်ကွင်းရှေ့ တွင် အသက် ၂၃ နှစ်အရွယ်ရှိ အဘူဘာကာ နှင့်  ၂၂ နှစ်အရွယ်ရှိ လာဝါလ်လီ
မူဆာတို့ ရဲ့ လက်များအား လက်ကောက်ဝတ်မှနေ၍ဖြတ်ပစ်ရမည်ဟု တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ တာ
ဖြစ်ပါတယ်...
နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်ဥပဒေအရ လက်ဖြတ်ခြင်းမျိုးမှာ ဖြစ်တောင့် ဖြစ်ခဲဖြစ်ပြီး အဆိုပါလူ
ငယ်များဟာလည်း ပြစ်ဒါဏ်စီရင်ချက်နှင့် ပါတ်သက်ပြီး ရုံးတော်တွင် အယူခံဝင်နိုင်တယ်လို့ တရားရုံးကဆို
ပါတယ်...
နိုင်ဂျီးရီးယားအစိုးရက မွတ်ဆလင်အများစုနေထိုင်သည့် နိုင်ငံမြောက်ပိုင်း ပြည်နယ် ၁၂ ခုတွင် အစ္စလာမ်
ဘာသာရေးဆိုင်ရာဥပဒေများအား အသိအမှတ်ပြု ( ကျင့်သုံးခွင့် ပြု ) ထားပါတယ်...

လူကယူတာမဟုတ်ဘူး...လက်ကယူတာ ...ဒါကြောင့် လက်ဖြတ်စေ...


နက်ဆာရာဝမ်မေလ်လာယီ ရွာတွင်ကြားနာခဲ့ သည့် အမှုအခင်းတွင် တရားသူကြီး မူဟမ္မာဒူအဘူဘာကာ
က တရားခံများဖြစ်ကြသည့် အဘူဘာကာနှင့် မူဆာတို့ ဟာ ဒေသခံတစ်ဦးထံမှ အဆိုပါနွားထီးအား ခိုးယူ
ခဲ့ ကြောင်း၊ အပြစ်ရှိကြောင်းဝန်ခံခဲ့ ကြတယ်လို့ ဆိုပါတယ်...
" တစ်ပါးသူနေအိမ်ခြံဝန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ နွားတစ်ကောင်အား ခိုးယူခဲ့ ကာ အပြစ်ရှိ
ကြောင်း ၀န်ခံခဲ့ ကြသည့် အတွက် ဥပဒေအရ လက်ဖြတ်နိုင်သည်ဟုဆိုထားသောကြောင့် သင်တို့ နှစ်ဦး
၏လက်များအား လက်ကောက်ဝတ်မှနေ၍ ဖြတ်ပစ်ရန် ကျွန်ုပ် အမိန့် ချမှတ်လိုက်သည်..." ဟု တရားသူ
ကြီးမင်း မူဟမ္မာဒူ အဘူဘာကာ ကပြစ်မှုကျူးလွန်သူတရားခံများအားပြောကြားခဲ့ ပါတယ်...
၎င်းတို့ ခိုးယူခဲ့ သည့် နွားထီးကြီးမှာ ဒေါ်လာ ၈၆၇ ခန့် တန်ဖိုးရှိသည်ဟု သတင်းများကဆိုပါတယ်...
အဆိုပါပြစ်ဒါဏ်အားအများပြည်သူများမြင်တွေ့ နိုင်စေရန် ဈေးနေ့ ဖြစ်သည့် အောက်တိုဘာလ ၈ ရက်နေ့ 
တွင် စီရင်မည်ဖြစ်သည် ဟုတရားသူကြီးမှပြောကြားခဲ့ သော်လည်း တရားခံများအနေဖြင့် အယူခံဝင်နိုင်ပါ
သေးတယ်လို့ တရားသူကြီး အဘူဘာကာက ပြောကြားခဲ့ ပါတယ်...

နွားကိုဆွဲယူတာ လက်ကဆိုတော့ လက်ကိုဖြတ်တယ်ဆိုယင် မုဒိန်းမှုကျူးလွန်ယင်ရော ဘာကိုဖြတ်မှာ
လည်းဆိုတာသိချင်ပါဘိ...

An Islamic court in northern Nigeria's Zamfara state has sentenced two youths to amputation of their right hands for stealing a bull. The court ruled that the wrists of Auwalu Abubaka, 23, and Lawalli Musa, 22, should be amputated in public.
Amputations under Islamic law are rare in Nigeria and the court said the men could appeal against their sentences. Nigeria's government recognises aspects of Islamic law in its 12 mainly Muslim northern states.

Judge Muhammadu Abubakar, hearing the case in the village of Nassarawan Mailayi, said Abubaka and Musa had pleaded guilty to stealing the bull from a local resident. "Based on the admission of guilt by the two of you of trespassing into the house... and stealing a bull whose worth is well above the minimum value to warrant amputation, I hereby order that each of you should have his right wrist amputated," Judge Muhammadu Abubakar told the convicts.
The bull was valued at $867 (£544), reports say. The sentence would take place on "market day [8 October] for members of the public to witness", Judge Abubakar said. The judge, however, gave Abubaka and Musa the right to appeal against the sentence.

0 comments: