Breathtaking Angel Falls

Thursday, September 1, 2011

 အံ့ သြဖွယ် နတ်သမီးရေတံခွန်တောင်...

ရင်သပ်ရှုမောကာ အသက်ရှူမှားလောက်တဲ့ မြင်ကွင်းမျိုးနဲ့ အံ့ မခန်းလှပခန့် ညားလှတဲ့ အိန်ဂျယ် ရေတံ
ခွန်ဟာ ဗင်နီဇွဲလားနိုင်ငံမှာတည်ရှိပါတယ်...
ထိုရေတံခွန်ဟာ ကာနိုင်မာ အမျိုးသားဥယျာဉ်တွင်ရှိသည့် အိုယန်တီပွေ တောင်ထိပ်အစွန်းတွင်ဖြစ်ပေါ်နေ
တာဖြစ်ပြီး ထိုရေတံခွန်ကိုသွားရောက်နိုင်သည့် လမ်းကြောင်းမရှိသေးပါဘူး....

ထိုရေတ့ခွန်ကို ဗင်နီဇွဲလားနိုင်ငံသား စူးစမ်းလေ့ လာသူ အာနက်စ်တိုဆန်ချက်လာခရုဇ် က ၁၉၁၂ ခုနှစ်
တွင်တွေ့ ရှိခဲ့ တာဖြစ်ပေမယ့် ထိုအကြောင်းကိုမည်သူ့ ကိုမျှထုတ်ဖော်ပြောဆို၊ ရေးသားခဲ့ ခြင်းမရှိပါဘူး...
အမေရိကန် လေယာဉ်မောင်းသမား ဂျင်မီအိန်ဂျယ် က ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် အဖိုးတန်
သယံဇာတကျောက်ကြောတစ်ခုအားရှာဖွေယင်း ထိုရေတံခွန်ပေါ်မှပျံသန်းဖြတ်သန်းသွားယင်းတွေ့ ရှိခဲ့ ချိန်
အထိ ပြင်ပကမ္ဘာမှ မည်သူတစ်ဦးတစ်ယောက်မျှမသိကြသေးတာဖြစ်ပါတယ်...




ထိုမှတစ်ဖန်နောက် လေးနှစ်အကြာမှာတော့ ဂျင်မီအိန်ဂျယ်နှင့် ဇနီးအပါအ၀င် အပေါင်းအပါသုံးဦးတို့ ပါ
ဝင်သည့် လေယာဉ်ဟာ အိုယန်တီပွေတောင်ထိပ်တွင် ဆင်းသက်ရန်ကြိုးစားရာတွင် ရေ၀ပ်သည့် မြေ
ပျော့ ပေါ်တွင် ဘီးများနစ်ကာ ပျက်စီးသွားခဲ့ ရပါတယ်...
၎င်းတို့ အားလုံး လူနေအရပ်ဆီသို့ ပြန်ရောက်၇န် ၁၁ ရက်တိုင်တိုင်ကြာခဲ့ ပြီးနောက်၎င်းတို့ ၏စွန့် စားသွား
ရောက်မှအား လူအများသိရှိသွားကြပြီးနောက် ထိုရေတံခွန်ကို လည်း၎င်းအားဂုဏ်ပြုပြီး အိန်ဂျယ်ရေတံခွန်
ဟုအမည်ပေးခဲ့ ကြပါတယ်...




ပျက်စီးသွားတဲ့ အိန်ဂျယ်ရဲ့ လေယာဉ်ပျံကိုယ်ထည်လည်း ရဟတ်ယာဉ်ဖြင့် မသယ်ယူမချင်း ထိုတောင်ထိပ်
ပေါ်တွင် ၃၃ နှစ်တိုင်အောင်တည်ရှိနေခဲ့ ပါတယ်...
ထိုလေယာဉ်ပျက်ကိုယ်ထည်အား မာရာကေး လေကြောင်းပြတိုက်တွင် ပြန်လည်ပြင်ဆင်ခဲ့ ပြီးနောက်ယခု
အခါတွင်တော့ စီယူဒက်ဘိုလီဗာ လေဆိပ်ရှေ့ တွင် ပြသထားပါတယ်...

ကမ္ဘာ့ အမြင့် ဆုံးရေတံခွန်ကြီးရဲ့ လွမ်းမောဖွယ်ပုံရိပ်...

ညို့ ညို့ မှိုင်းမှိုင်း အုံ့ အုံ့ ဆိုင်းဆိုင်းနဲ့ ...

 ရေမှုန်ရေမွှားတွေတဖွဲဖွဲကျနေတာကိုက ဒဏ္ဍာရီပုံပြင်ထဲကရှုခင်းလေလား...

Angel Falls is a waterfall in Venezuela. It is the world's highest waterfall, with a height of 979 m (3,212 ft). The waterfall drops over the edge of the Auyantepui mountain in the Canaima National Park. Hiking trails to this place does not exist.

It was spotted in 1912 by the Venezuelan explorer Ernesto Sánchez La Cruz, but he did not publicize his discovery. It was not known to the outside world until American aviator Jimmie Angel flew over it on November 16, 1933 on a plane while he was searching for a valuable ore bed.
 4 years later the plane with Jimmie Angel and his three companions, including his wife, was damaged when the wheels sank into the marshy ground, while Angel tried to land his monoplane at the peak of the Auyantepui mountain. It took them 11 days to make their way back to civilization, but news of their adventure spread, and the waterfall was named Angel Falls in his honor. 
Angel's plane remained on top of the Auyantepui for 33 years before being lifted out by helicopter. It was restored at the Aviation Museum in Maracay and now sits outdoors on the front of the airport at Ciudad Bolívar. 

4 comments:

မိုးယံ said...

အဲဒီသွားဖို့အတွက် ဟတ်စကီး တစ်စင်းလောက် ၀ယ်ထားရမယ့်ကိန်းပါလားဗျာ။

မဒမ်ကိုး said...

ခုန်ချလိုက်ရရင်ကွာ..ဘယ်နှယ့်နေမလဲ ဟဲဟဲ..

blackroze said...

မိုးယံပြောသလိုရဟတ်ယာဉ်နဲ့ဆိုရင်တော့
ရေတံခွန်ထိပ်ပေါ်ရောက်မယ်ထင်တယ်..

philippineshan said...

it look like from "up" animation movie.