ပညာမပါတဲ့ သဒ္ဓါ....
Tuesday, September 15, 2009
ပညာမပါတဲ့ သဒ္ဓါ....
        ညနေပိုင်းအလုပ်ကပြန်တဲ့ အခါတစ်ခါတစ်ရံလမ်းဘေးသဲကန္တာရထဲကိုကားထိုးရပ်ပြီးဝတ်ပြု
ဆုတောင်းနေသူတွေတွေ့ ရဖူးသည်....တစ်ခါသား ကားရပ်သောနေရာကသဲမြေအောက်ခြေမခိုင်သ
ဖြင့် ကားဝိုင်းတွန်းနေကြသူဝတ်ပြုဆုတောင်းသူများကိုတွေ့ ခဲ့ ရသည်...ခပ်ကြောင်ကြောင်တွေးမိ
သည်က အရာရာကိုဖန်ဆင်းသောသူတို့ ထာဝရဘုရားကကားကိုသဲမကျွံသည့် နေရာတွင်ရပ်စေ
ရန်အဘယ်ကြောင့် မဖန်ဆင်းနိုင်ပါသနည်း ....၀တ်ပြုဆုတောင်းချိန်ကျရောက်လျှင်မည်သည့် နေ
ရာသို့ ရောက်နေပါစေအားလုံးတစ်ညီတစ်ညာတည်းဝတ်ပြုကြသည့် သူတို့ ဘာသာတရားကိုယုံကြည်
ဟုသာထင်မိပါကြောင်း....
ယခုလည်းအောက်ပါပုံသည်ဖိုတိုရှော့ ဖြင့် ပြုပြင်ထားသလော...အမှန်အကန်ပင်လားတော့ ကွန်ပြူတာ
နှိမ့် ချစော်ကားလို၍တင်သည်မဟုတ်ပါ...
အမှား၊အမှန်ကိုခွဲခြားချင့် ချိန်နိုင်သောအသိအမြင်အတွေးကိုသာရစေရန်ရည်ရွယ်ပါသတည်း....
သြော်ဒုက္ခ...ဒုက္ခ...
1 comments:
သားကြီး said...
ကွိုင်ပဲ ကိုပီတာရေ
ဖိုတိုရှော့နဲ့ဆိုရင်တော်သေးတယ်
တကယ်သာဆိုရင်တော့
အင်း... ဒီလူတွေ ??