ချစ်ခြင်းရဲ့ သံယောဇဉ်.....
Tuesday, September 29, 2009
ချစ်ခြင်းရဲ့ သံယောဇဉ်.....
Australian man abandons family for death row dog
ချစ်ခြင်းကိုမခွဲပါနဲ့ ....
သူရယ်...ခွေးရယ်...သမီးလေးရယ်ပေါ့ ......
သြစတေးလျနိုင်ငံသားအိမ်ထောင်သည်အမျိုးသား၊ကလေးနှစ်ယောက်ရဲ့ ဖခင်တစ်ယောက်ဖြစ်သူဟာ
သိမ်းရေးစခန်းမှာအသတ်ခံတော့ မယ့် သူ့ ရဲ့ အချစ်တော်ခွေးနဲ့ အတူထွက်ပြေးသွားခဲ့ ပါတယ်တဲ့ ....
Mt Gambier အနီး Moorak မြို့ က အသက် ၄၁ နှစ်အရွယ်ရှိ Ronnie Gilbertson ဟာ သူ့ အချစ်
တော်Staffordshire မျိုးစပ်  Max အမည်ရှိခွေးကြီးနဲ့ ထွက်ပြေးပုန်းရှောင်နေလို့ ရဲတပ်ဖွဲ့ ကိုအကူအညီ
တောင်းပြီးလိုက်လံရှာဖွေနေရပါတယ်...
ဒါပေမယ့် အသက် ၃၂ နှစ်ရှိ ဇနီးဖြစ်သူ Fiona Harvey က အပျော်တမ်းလက်ဝှေ့ ချန်ပီယံဟောင်းဖြစ်
တဲ့ သူမယောကျာင်္းဟာသူ့ ခွေးကိုသူ့ သားသမီးတွေနဲ့ ထပ်တူချစ်တာမို့ သူမအနေနဲ့ ခင်ပွန်းသည်ရဲ့ 
လုပ်ရပ်ကိုအပြည့် အ၀ထောက်ခံအားပေးပါတယ်လို့ ဆိုခဲ့ ပါတယ်...
” သူဒီလိုလုပ်သွားလို့ ကျွန်မသူ့ ကို ( Ronnie )  ဗွေမယူပါဘူး...သူ့ သားသမီးတွေလည်းဒီလိုအ
သက်ဘေးအန္တရယ်နဲ့ ကြုံလာယင်သူဒီလိုပဲလုပ်လိမ့် မယ်လို့ ကျွန်မမျှော်လင့် ပါတယ်...”  လို့ ဇနီးဖြစ်
သူ Ms Harveyကသူမရဲ့ မိဘများရဲ့ နေအိမ်ကနေ မနေ့ ကပြောဆိုခဲ့ ပါတယ်...
အသက် နှစ်နှစ်ရှိသမီးလေး  Kloe  နဲ့  ၁၁ နှစ်အရွယ်ရှိ သားလေး Kobi တို့ ကလည်းအလုပ်အကိုင်အ
တည်တကျမရှိပဲကြုံရာကျပန်းလုပ်နေခဲ့တဲ့ သူတို့ ဖခင်အတွက်စိတ်ပူနေကြပါတယ်လို့ သူမကပြောခဲ့ ပါ
တယ်...အထူးသဖြင့်သမီးလေးကသူ့ အဖေကိုအလွန်သတိရနေလို့ ကျွန်မဖြင့် ဒီလိုအဖြစ်အပျက်မျိုးဘယ်
တော့မှနောက်မဖြစ်ပဲသူ တို့ ဖခင်အိမ်ကိုအမြန်ပြန်ရောက်လာနိုင်ပါစေလို့ ဆုတောင်းမိပါတယ် လို့ 
လည်းသူမကဆိုပါတယ်...
အမည်မဖော်ပြလို တဲ့  Mr Gilbertson ရဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့ သားဖြစ်သူဟာလွန်ခဲ့ တဲ့ ရှစ်နှစ်
ကသူမခင်ပွန်း ( သူ့ ရဲ့ ဖခင် ) ကွယ်လွန်ခဲ့ စဉ်ကတည်းကအဆိုပါခွေးကိုအဖော်ရအောင်ဝယ်ခဲ့ တာပါ
လို့ ဆိုပါတယ်...သူဟာသူ့ ခွေးကိုဘယ်လိုအန္တရယ်တွေနဲ့ ပဲတွေ့ တွေ့ ကာကွယ်စောင့် ရှောက်သွားမယ်
လို့ ဆုံးဖြတ်၊သစ္စာဆိုခဲ့ တာပါ...အခုတော့ သူ့ ကတိသစ္စာအတိုင်းသူလိုက်နာတာပါပဲ....
သူ့ ခွေး Max ဟာ ဆိုးလွန်းလို့ အိမ်နီးချင်းခွေးတစ်ကောင်ကိုသေလုမြောပါးကိုက်ခဲ့တာကြောင့် ခရိုင်
အုပ်ချူပ်ရေးကောင်စီက သတ်ပစ်ဖို့ အမိန့် ချမှတ်ခဲ့ ပါတယ်...သူဟာသူ့ ခွေးအသတ်ခံရမယ့် ရေးမှ
လွတ်မြောက်ဖို့ ရှေ့ နေတစ်ယောက်ငှားရမ်းခဲ့ တာအပါအ၀င်ဒေါ်လာ ၆၀၀၀ ကျော်အကုန်အကျခံပြီး
ခရိုင်အုပ်ချူပ်ရေးကောင်စီနဲ့ ရင်ဆိုင်ဖြေရှင်းကြိုးစားခဲ့ ပါတယ်...ဒါပေမယ့် အုပ်ချူပ်ရေးအဖွဲ့ ကသူ့ ရဲ့ 
ခွေးဟာယခင်ကလည်းအခြားခွေးတွေနဲ့ ကိုက်ပြီးဒါဏ်ရာအနာတစ်ရဖြစ်စေခဲ့ ပြီးလွန်ခဲ့ တဲ့  ၂၀၀၅ ခု
နှစ်ကလည်းသူ့ အိမ်အနီးယာတောကသိုးနှစ်ကောင်ကိုလည်းကိုက်သတ်ခဲ့ လို့ ပတ်ဝန်းကျင်အတွက်
အလွန်ပဲအန္တရယ်ကြီးကြောင်းဆုံးဖြတ်ကာအယူခံလွှာကိုသြဂုတ်လ ၁၄ ရက်နေ့ ကပယ်ချခဲ့ ပါတယ်....
သူ့ ခွေးကြီး Max ကို Mr Gambier မှာရှိတဲ့ တိရိစ္ဆာန်ထိန်းသိမ်းစောင့် ရှောက်ရေးစခန်းမှာထားရှိခဲ့ ပြီး
လွန်ခဲ့ တဲ့ တနလာင်္နေ့ ကအဆုံးစီရင်ရမှာပါ....သူ့ ခွေးကြီးကိုသတ်ဖို့ မိနစ်အနည်းငယ်အလိုမှာပဲ သံယောဇဉ်ကြီးလွန်းတဲ့  Mr Gilberton ဟာ ထိုစခန်းအဆောက်အဦးရဲ့ သံဆူးကြိုးကိုဖြတ်တောက်ပြီး
အထဲကိုခိုးဝင်ကာခွေးကြီး Max ကိုကယ်ထုတ်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ ပါတယ်...အဲဒီကတည်းက
သူ့ ကိုမတွေ့ ရတော့ တာ အခုအထိပါပဲ...သူဟာအခုဆိုယင်ခွေးကိုသေဒါဏ်ပေးထားတဲ့ သူ့ ပြည်နယ်က
နေတစ်ခြားပြည်နယ်ကိုရောက်ရှိနေထိုင်လျက်ရှိတယ်လို့ ယုံကြည်ရပါတယ်တဲ့ ...
သြော်...ရုပ်ရှင်ရိုက်မယ်ဆိုယင်တောင်သဲထိတ်ရင်ဖိုစွန့် စားခန်းဇတ်လမ်းတစ်ပုဒ်တော့ ဖြစ်လောက်တယ်
နော်....
သူ့ ရဲ့ ခွေးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်ကတော့ စာတင်လောက်ပါတယ်...
ဒါကြောင့် လဲသတင်းစာထဲမှာပါတာပေါ့ လေ....
ဒါကမူရင်းသတင်းပါ....
A father has abandoned his young family and is on the run after breaking his pet dog out of death row minutes before it was to be destroyed. Ronnie Gilbertson, 41, of Moorak, near Mt Gambier, and his Staffordshire-cross, Max, have gone into hiding, prompting a police call for help in tracking them down.
But Mr Gilbertson's partner, Fiona Harvey, 32, says the former champion amateur boxer has her full support because "he loves his dog as much as anyone would love his son". "I don't have a problem with what Ronnie has done," Ms Harvey said from her parents' Barmera home yesterday. I would hope he would do the same for our kids in similar circumstances."
She said their two-year-old daughter, Kloe, and 11 week-old-son, Kobi, were concerned about their father, who does odd jobs around the district. "Kloe is missing her dad big time and I wish this all never happened, that he could just come back home to us," Ms Harvey said.
 Mr Gilbertson's mother, who did not want to be named, said her son had bought the dog for company after his father died eight years ago. He had "made an oath" to protect Max whatever happened - and he was following through on that now.
That meant hiring a lawyer and spending more than $6000 fighting the Grant District Council, which issued a destruction order against Max in May after he seriously injured a neighbour's dog. The council dismissed Mr Gilbertson's appeal on August 14, saying the dog was "unduly dangerous" because he had also previously fought and injured other dogs and, in 2005, had killed two sheep at a farm near his home.
Max remained on death row at the Animal Welfare League in Mt Gambier, and was to have been put down last Monday afternoon. With just a few minutes alone to say goodbye to his friend, and determined to uphold his oath, Mr Gilbertson did the only thing he could think of - he busted Max out. Using a pair of wire cutters he had smuggled into the depot, Mr Gilbertson cut Max free from his enclosure, grabbed him and ran. He has not been seen since, although it is understood he may have fled interstate.
4 comments:
Beauty Studio USA Branded Store said...
လူနဲခွေးသံယောဇာဉ်ကတော့ ကျွန်တော်လဲ ထောက်ခံပါတယ်။
စိမ်း... said...
အေးလေကွယ်... စိတ်မကောင်းစရာပဲ...
Beauty Studio USA Branded Store said...
အကိုရေ ကျွန်တော်နောင်ရေးတဲ့ပိုစ်မှာ ဒီအကြောင်းလေး လင့်ထားချင်လို့ ခွင့်ပြုပါဗျာ။
Anonymous said...
If I were him, I would have done the same :)