သွေးမျက်ရည်ကျတဲ့ ကောင်ကလေး.... The U.S. teenager who cries tears of blood three times a day
Thursday, September 3, 2009
 သွေးမျက်ရည်ကျတဲ့ ကောင်ကလေး....
The U.S. teenager who cries tears of blood three times a day
သူ့ ကိုစိတ်ညစ်အောင်မလုပ်နဲ့ နော်...
ပုံပြင်ထဲမှာတော့ ငိုယင်ပုလဲ...ရယ်ယင်ရွဲတဲ့ ....သူ့ မှာတော့ .....
 ခေတ်သစ်ဆရာဝန်တွေတောင်လက်မှိုင်ချရတဲ့ သူ့ ဖြစ်အင်....
Do not upset U.S. teenager Calvino Inman too much - or he may see red. Doctors have been left baffled by the 15-year-old Tennessee teenager, who cries tears of blood.
အမေရိကန်နိုင်ငံကဆယ်ကျော်သက်ကောင်လး Calvino Inman ကိုတော့ စိတ်ညစ်အောင်သိပ်မလုပ်
လိုက်လေနဲ့ .....နို့ မို့ ဆိုသူငိုမိယင်မျက်ရည်မကျပဲသွေးတွေပဲမျက်လုံးထဲကထွက်လာပါလိမ့် မယ်...
အသက် ၁၅ နှစ်သာရှိသေးပြီးငိုလိုက်ယင်သွေးမျက်ရည်သာကျတတ်တဲ့ ကောင်လေးကြောင့် ဆရာဝန်
တွေအကြောင်းအရင်းကိုအဖြေရှာမရ၊ဝေခွဲမရဖြစ်ကုန်ကြရပါတယ်...
သူဟာတစ်နေ့ ကိုသုံးကြိမ်မျက်ရည်ကျရလေ့ ရှိပြီး၊သူ့ မျက်ရည်တွေအလိုလိုကျတော့ မှာကိုကြိုသိနေ
တတ်ပြီးတစ်ခါမျက်ရည်ကျယင်တစ်နာရီလောက်အထိကြာတတ်တာမို့ သူ့ အတန်းဖော်တွေကသူ့ ကို
မကောင်းဆိုးဝါးဝင်ရောက်ပူးကပ်နေတယ်လို့ ထင်မှတ်စိုးရိမ်နေကြပါတယ်....
Calvino နဲ့ သူ့ မိခင်တို့ ဟာအခုတော့ အမေရိကန်နိုင်ငံရဲ့ တီဗီအစီအစဉ်အသစ်တွေမှာပါဝင်တင်ဆက်
နေပြီးအခုလိုပြုလုပ်ခြင်းဖြင့် သူ့ ဖြစ်အင်ကိုလူသိများပြီးအသိရခက်တဲ့ ဆေးပညာပြဿနာကိုဖြေရှင်းပေး
နိုင်မယ့် သူပေါ်လာလိမ့် မယ်လို့ မျှော်လင့် နေပါတယ်....
” တစ်ခါတစ်လေ မျက်ရည်လိုမျိုးသွေးစလေးတွေဝိုင်း( စု ) လာတာခံစားသိရှိရတယ်...မျက်လုံးမှာမျက်
ရည်ကြည်တွေစိုလာတာသိရပါတယ်...တစ်ခါတစ်လေတော့ လည်းအဲဒီလိုသွေးတွေထွက်လာယင်မျက်
လုံးကစူးပြီးပူလောင်နာကျင်တတ်ပါတယ် ”  လို့ သူကပြောပြပါတယ်...
ရိုက်ကူးထားသောဓါတ်ပုံများနှင့် ဗီဒီယိုများတွင်သူ့ မျက်လုံးများတွင်သွေးမျက်ရည်များပြည့် လျှံလာပြီး
သူ့ ပါးပြင်ပေါ်သို့ လိမ့် ဆင်းသွားပြီးသွေးစီးကြောင်းအဖြစ်ထင်ကျန်ရစ်စေခဲ့ သည်ကိုတွေ့ ရမှာဖြစ်ပါ
တယ်....
” သူငယ်ချင်းတွေကကျွန်တော်. ကိုမကောင်းဆိုးဝါးတစ္ဆေပူးကပ်နေတာလို့ ပြောကြတာအစပိုင်းတော့ 
ဝမ်းနည်းခံစားရပေမယ့် အခုနောက်ပိုင်းတော့ အကျင့် ဖြစ်နေပါပြီ...” လို့ လည်းသူကဆိုပါတယ်...
သူ့ ဘ၀မှာပထမဦးဆုံးအကြိမ်သွေးမျက်ရည်တွေကျလာတော့ သူ့ မိခင်ဟာအံ့ သြထိတ်လန့် ပြီးဆေး
ရုံကအရေးပေါ်ဌာနကိုဖုံးဆက်ခေါ်ခဲ့ ပါတယ်...
” သားလေးကကျွန်မကိုကြည့် ပြီး...ကျွန်တော်သေရတော့ မှာလားမေမေ ...?  ” လို့ မေးလိုက်တဲ့ အ
ချိန်ဟာဘ၀မှာအတုန်လှုပ်အခြောက်ချားဆုံးအချိန်ပါပဲ...”  လို့ သူ့ မိခင်ကဆိုပါတယ်...
” အဲဒီတစ်ခဏဟာကျွန်မနှလုံးသားတွေကြေကွဲရတာပါပဲ ...” လို့ သူမကပြောပြပါတယ်...
အခုအထိသူမဟာ Calvino ကိုအမျိုးမျိုးသောဆေးဘက်ဆိုင်ရာစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်စေခဲ့ 
ပြီးအထူးကုသမားတော်မျိုးစုံနဲ့ လည်းပြသခဲ့ ပါတယ်... ဒါပေမယ့် ဘယ်သူမှဘာကြောင့် ဒီိလိုဖြစ်တယ်
ဆိုတာရှင်းမပြနိုင်သေးပါဘူး....
မျက်စေ့ အထူးကုဆရာဝန်ကြီး Dr. Rex Hamilton ကတော့ Calvino ဟာ haemolacria လို့ ခေါ်တဲ့ 
ရှားပါးတဲ့ သွေးမျက်ရည်ကျခြင်းဆိုတဲ့ တစ်မျိုးခံစားနေရတာပါလို့ ဆိုပါတယ်...( ဒါကတော့ သူပြောမှ
လားဗျာ... )  
”အဲဒီစကားလုံးဟာသွေးမျက်ရည်ဆိုင်ရာဆေးပညာအသုံးအနှုံးဖြစ်ပါတယ်...ဒါပေမယ်.
ဘာကြောင့် ဒီိလိုဖြစ်ရတယ်ဆိုတာတော့ ရှင်းပြလို့ မရသေးပါဘူး...ဒါမျိုးဟာလူပေါင်းတစ်သန်းမှာတစ်
ဦးတစ်လေလောက်သာဖြစ်တတ်တဲ့ အင်မတန်ရှားပါးတဲ့ ဖြစ်ရပ်မျိုးပါ ”  လို့ သူကအမေရိကန်နိုင်ငံက
Good Morning Ameria တီဗီအစီအစဉ်တစ်ခုမှာပြောဆိုခဲ့ ပါတယ် ....
သြော်...ငိုယင်ပုလဲ...ရယ်ယင်ရွဲကနေ...ငိုယင်သွေးမျက်ရည်ကျတဲ့ အဖြစ်ဆန်းပါလား....
အလားတူဖြစ်ရပ်မျိုးအိန္ဒိယမှာလည်းအမျိုးသမီးလေးတစ်ယောက်အဲဒီလိုဖြစ်ခဲ့ ကြောင်းဖတ်ရှု
မှတ်သားမိပါသေးတယ်....
ဒါကတော့ အင်္ဂလိပ်စာဗဟုသုတပေါ့ ...မူရင်းအင်္ဂလိပ်သတင်းလေ...
They come three times a day, often with warning, and can last for up to an hour - leading some classmates to fear he is possessed.
Calvino and his mother have now appeared on national TV new programmes in the hope that exposure with bring an explanation to the stigmata-like medical mystery.
He said: 'Sometimes, I can feel it coming up, like a tear. I feel my eyes watering.
'Sometimes, it will burn as it comes out.'
Pictures and video show red teardrops rolling down his cheeks and leaving a bloody trail as his eyes brim with more blood.
Calvino added: 'I've been called possessed by almost all of my friends.
'I guess I'm used to it now. At first, it kind of hurt my feelings.'
The first time the tears came, Calvino's terrified mother Tammy called emergency services.
She said: 'The scariest thing in my life is when he looked at me and said: "Mum, am I going to die?"
'That right there broke my heart.'
So far, Tammy has taken Calvino for an MRI, ultrasounds, a CAT scan and to see several specialists. But as yet, none has been able to explain the medical mystery.
Ophthalmologist Dr Rex Hamilton said Calvino could be suffering from a rare condition known as haemolacria, which means 'bloody tears'.
'That is just a descriptive term of the manifestation of the bloody tears,' Hamilton told television show Good Morning America.
'It says nothing about what's causing that. It's a one-in-a-million kind of condition.'
2 comments:
စိမ်း... said...
ဒီလိုသာဆို... သွေးအားနည်းကုန်တော့မှာပဲ... :P
သားကြီး said...
ကြောက်ဖို့တောင်ကောင်းသေးတော့တယ်
ငိုပါများရင်သွေးတွေဆုံးပြီး အသက်အန္တရယ်
တောင်စိုးရိမ်ရမလားပဲ