သူတို့ လက်ထဲရောက်တဲ့ တိုင်းပြည်....

Friday, September 18, 2009
သူတို့ လက်ထဲရောက်တဲ့ တိုင်းပြည်....

                              Most rapidly developing countries....

                              International investors are trying to define the most
                              promising investment areas for the near future, paying
                              special attention to the BRIC countries : Brazil , Russia ,
                              India and China . Analysts anticipate these countries to
                              make a leap forward in the next decade .





International investors are trying to define the most promising investments areas for the near future,paying special attention to the BRIC countries: Brazil, Russia, India and China. Analysts anticipate these countries to make a leap forward in the next decade.

မူရင်းသတင်းစာမျက်နှာကတော့  ဒီမှာ ပါ...

အင်တာနက်စာမျက်နှာတွေကိုဖတ်ရှုယင်းရုရှားသတင်းစာမျက်နှာတစ်ခုမှာ ၂၀၀၉ ခုနှစ်အတွက်ခန့် 
မှန်းထုတ်ပြန်ခဲ့ တဲ့ ကမ္ဘာ့ အလျင်အမြန်ဆုံးဖွံ့ ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်များစာရင်းကိုတွေ့ မိပါတယ်...
ရွှေနိုင်ငံကြီးရဲ့ နေ့ စဉ်ထုတ်သတင်းစာတွေမှာတော့ တိုင်းပြည်ကြီးဟာနှစ်စဉ် GDP တွေဘယ်ရွေ့ ဘယ်
မျှတိုးတက်နေပါတယ်ဆိုပြီး ( +7 ကနေ + 10 အထိရှိသောကိန်းဂဏန်းတွေနဲ့ )ဖော်ပြလေ့ ရှိတာမို့ တို့ 
ရွှေပြည်ကြီးရဲ့ နာမည်များပါမလားဆိုပြီးအထက်ပါပုံကိုပိုပြီးသေချာအောင်  double click လုပ်ပြီးနှိပ်ကြည့် 
ပေမယ့် လည်းမြန်မာဆိုတဲ့ စာလုံးယောင်လို့ တောင်သီသီဝေ့ တာမတွေ့ ရပါဘူး...

ရင်းနှီးမြုပ်နှံမယ့် ငွေရှင်ကြေးရှင်၊နည်းပညာရှင်နိုင်ငံတွေဆိုတာသူတို့ သွားရောက်ရင်းနှီးမြုပ်နှံတော့ မယ်
ဆိုယင်အဲဒီနိုင်ငံတွေရဲ့ အထက်ပါအချက်အလက်တွေကိုအရင်လေ့ လာစုံစမ်းပြီးမှသွားရောက်တာမို့ ဘယ်
လောက်ပဲ ပိတ်ဆို့ ထားတာတွေရုပ်သိမ်းပေးပါစေလို့ အော်နေပါစေ...အမှန်အကန်ရင်းနှီးမြုပ်နှံမယ့် သူလာ
မှာမဟုတ်ပါ....တစ်နပ်စားအကြံနဲ့ ရသလောက်နွှာမည့် သူများသာလာပါလိမ့် မည်...အကယ်၍ပိတ်ဆို့ 
ထားတာတွေရုပ်သိမ်းသည့် တိုင်အောင်ပေါ့ လေ...
အထက်ပါသတင်းအရတော့ အများဆုံးရင်းနှီးမြုပ်နှံဖွယ်ရှိသည့် နိုင်ငံများစာရင်းမှာ ဘရာဇီး၊ရုရှား၊အိန္ဒိယ
နှင့် တရုတ်နိုင်ငံများကထိပ်ဆုံးမှာရှိနေပါသည်...
အဆိုပါဆရာကြီးနိုင်ငံများကတော့ ..သူတို့ ဆီကိုနောက်မှလာရောက်ရင်းနှီးမြုပ်နှံပါ...လောလောဆယ်
တော့ သနားစရာရွှေမြန်မာဆီသွားပါဦးလို့ တော့ ဆိုလိမ့် မည်မဟုတ်...
အဲဒါနှင့် တစ်ဆက်တည်းမှာပင်အစိုးရဘက်ယိမ်းသောနာမည်ကျော်ဝက်ဘ်ဆိုဒ်တစ်ခုတွင်ဖော်ပြထား
သည်ကတော့  ....

ဒါပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကူညီထောက်ပံ့မှု အနည်းဆုံး ရရှိတဲ့ နိုင်ငံဖြစ်နေပြီး ပြည်သူတွေ ကလည်း အရှေ့တောင် အာရှက အဆင်းရဲ အနွမ်းပါးဆုံး စာရင်းမှာ ပါပါတယ်။ UNDP ရဲ့ ၂၀၀၅ ခုနှစ် လေ့လာချက် အရ အိမ်ထောင်စု သုံးပုံတစ်ပုံဟာ ဆင်းရဲ နွမ်းပါးမှု မျဉ်းအောက်မှာ ရှိနေတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံသား တစ်ဦးဟာ ၄ ဒေါ်လာနဲ့ ညီတဲ့ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီပဲ ရခဲ့တယ်။ ဒါဟာ အဆင်းရဲဆုံး နိုင်ငံ ငါးဆယ်ထဲမှာ အနည်းဆုံးပဲ။ မြန်မာ နိုင်ငံနဲ့ ဆင်းရဲနွမ်းပါး အခြေအနေ တူတဲ့ ကမ္ဘောဒီးယားက ၄၇ ဒေါ်လာနဲ့ လာအိုကတော့ ၆၈ ဒေါ်လာ ရနေတယ်။ 

အဲဒီလိုဖော်ပြထားတာတွေ့ ရပါတယ်....ရွှေပြည်ကြီးရဲ့ အခြေအနေအမှန်ပေါ့ ဗျာ...

သီတဂူဆရာတော်ဘုရားကြီးဟောကြားထားတဲ့ လူမိုက်တို့ ရဲ့ သွားရာလမ်းတရားတော်ကိုသတိ
ရစရာပါပဲ.....

ဒါကြောင့် နှစ်ဆယ့် တစ်နှစ်အကြာ” သူတို့ လက်ထဲရောက်တဲ့ တိုင်းပြည် ”  ကတော့.....







အကောင်ကြီးကြီးများနဲ့ သူတို့ မိသားစုများကအရင်ဆုံး...အကောင်းဆုံးတွေကိုနွှာတယ်....







အကောင်ကြီးတွေပြီးတော့ မှ အလယ်အလတ်အဆင့် ရှိသူတွေနဲ့ မိသားစုတွေပေါ့ ...












အောက်ခြေအဆင့် မှာရှိနေသူတွေကိုလည်းဝေငှပေးသေးတယ်လေ....



အင်မတန်မှပညာဥာဏ်အမျှော်အမြင်၊မဟာကရုဏာတရားတွေနဲ့ ပြည့် ဝတဲ့ သူတို့ ရဲ့
အကြီးအကဲ...ခေါင်းဆောင်ကြီး...






သနားစရာတိုင်းပြည်ခမျာမှာတော့ .....

6 comments:

ရွက်လွင့်ခြင်း said...

B R A V O ! ! !
သိပ်ကောင်းတဲ့ အိုင်ဒီယာ

Angel Shaper said...

ဟဟဟားးးးးးးးးးးး
တော်လိုက်တာ ကိုပီကြီးရေ.....
မှန်လိုက်တာ ကိုပီကြီးရေ............
ပုံနဲ့ တကွ ရှင်းပြမှ ကွက်ကွက်ကွင်းကွင်းကို မြင်ရတော့တယ်။(ဆိုလိုချက်ကိုပြောတာ) တခြားမဟုတ်။ ဟိဟိ
ဝါးးးးးးးးးးးး ဒဒွေးတွေ မရောက်သေးဘူးကွ။
တစ်ရတယ်။ အဲ ယောင်လို့ နှစ်ရတယ်။ ဟိဟိ

anyarthar said...

ကိုပီတာကတော့ ဟာသဥာဏ်ရော...တခြားအိုက်ဒီယာ
တွေရောကောင်းတယ်ဗျာ....ကျောင်းကပြန်လာတိုင်း
ကိုပီတာဘလော့ကိုအရင်ဆုံးမကြည့်ပဲမနေနိုင်ဘူး
ကိုပီတာရေ....ဆက်လက်အားပေးနေတယ်...

ရွှေရတုမှတ်တမ်း said...

ခေါင်းဆောင်ကြီးပုံကတူလိုက်တာ

kiki said...

တိရစ္ဆာန်တွေရဲ့  အကြီင်္းအကဲကမှ သူ့ အောက်ကအကောင်တွေ အတွက်
ဝေမျှပေးတတ်ကြသေး ရဲ့  ။။

ဒီချင်ပင်ဇီ ကြီးက ဟို မေတ္တာတုံးကြီးထက်
ပို ရုပ်သန့်သေး ..သားနားသေးတယ်။ ချစ်စရာကြီးပါကွယ်
ဟေးဟေးဟေး...

ကို ပါတီ ကြီး ရော .. ရွေးကောက်ပွဲ သွားမဝင်ဘူးလားဗျိုးးး ..
ဝင်ရင်တော့
ဘလောဂါ တွေ ရဲ့  မဲတွေ အပြည့်ပေးလိုက်မယ် ..စဉ်းစားနော်း)

စိမ်း... said...

ရုပ်ချင်းတော်တော်တူတာပဲနော်... ရှာတတ်ပါ့..