ပင်လယ်ဇင်ယော်ငှက်သူခိုး...
Monday, September 28, 2009
ပင်လယ်ဇင်ယော်ငှက်သူခိုး...
စကော့ တလန်နိုင်ငံ အာဘာဒင်းမြို့ ကစတိုးဆိုင်တစ်ဆိုင်ကိုဇင်ယော်ငှက်တစ်ကောင်ဟာအမြဲလာရောက်
ပြီးအာလူးကြော်ထုတ်တစ်ထုတ်ခိုးယူလေ့ ရှိပါတယ်တဲ့ ...
အင်မတန်အကင်းပါးတဲ့ ထိုဇင်ယော်ဟာဆိုင်ရှင်သတိမထားမိတဲ့ အချိန်ကိုစောင့် နေပြီးအခွင့် ရတာနဲ့ 
ဒိန်ခဲအနံ့ အရသာနဲ့ ပြုလုပ်ထားတဲ့ အာလူးကြော်ထုတ်ကို ချီပြီးအမြန်ပြန်ထွက်သွားတော့ တာပါပဲ...
ဆိုင်အပြင်ရောက်တာနဲ့ ထိုအစာထုတ်ကိုနှုတ်သီးဖြင့် ထိုးဆိတ်ဖွင့် ပြီးတစ်ခြားငှက်တွေကပါလာရောက်
စားသောက်ကြပါတယ်တဲ့ ...
အဲဒီလိုဆိုင်ထဲကအာလူးကြော်ကိုနှိုက်ချီယူတာဟာယခုလဆန်းပိုင်းကစခဲ့ တာပါ...စကော့ တစ်လန်ပြည်၊
အာဘာဒင်းနယ်ကအဆိုပါဆိုင်ကိုတစ်နေ့ မှာအဲဒီဇင်ယောက်ငှက်ကပျံသန်းဝင်ရောက်လာပြီးအာလူးကြော်
တစ်ထုတ်ကိုကိုက်ချီထွက်သွားခဲ့ ပါတယ်...
အဲဒီနေ့ ကစပြီးသူဟာနေ့ စဉ်အမြဲလိုလိုလာရောက်ပါတော့ တယ်...ပြီးတော့ ယူတိုင်းလည်းအာလူးကြော်
ထုတ်တစ်မျိုးတည်း၊တံဆပ်တစ်ခုတည်းကိုပဲယူလေ့ ရှိပါတယ်တဲ့ ....
ဒီလိုလာပြီးအလစ်သုတ်နှိုက်ယူနေတာကိုကဟာသတစ်ခုလိုဖြစ်နေတာကိုး....
အောက်က short clip ကလေးကတော့ တစ်ကယ်ပဲလား animated လုပ်ထားတာပဲလားတော့ မသိ
ရပါဘူး....ဒါပေမယ့် ကြည့် ရတာတော့ ရယ်စရာပါပဲ....
seagullA seagull in Scotland has developed the habit of stealing chips from a neighborhood shop.
He waits until the shopkeeper isn’t looking, and then walks into the store and grabs a snack-size bag of cheese Doritos.
Once outside, the bag gets ripped open and shared by other birds.
The seagull’s shoplifting started early this month when he first swooped into the store in Aberdeen, Scotland, and helped himself to a bag of chips. Since then, he’s become a regular. He always takes the same type of chips.
Customers have begun paying for the seagull’s stolen bags of chips because they think it’s so funny.
Thanks to Jo-Ann for sending this in!
3 comments:
Beauty Studio USA Branded Store said...
ယောနသံဇင်ယော်တွေလဲ အစာတွေငတ်ထင်တယ်။ဒါမှမဟုတ် အရင်ဘဝက ငထက်ပြားထင်တယ်။ ယူသွားပြီး တစ်ယောက်ထဲမစားဘူး။ အခြားငှက်တွေပါ ကျွေးတယ်ဆိုတော့။
စိမ်း... said...
မဆိုးပါဘူး စိတ်ကောင်းလေးတော့ရှိတယ်.. :)
ဆောင်း said...
ဟုတ်တယ် အဲဒီ သတင်းလေးက 20 July 2007မှာ ပါလာတယ်။ ငှက်လေးတွေက ကုန်းတွင်းထဲမှာပါ နေနေတော့ လမ်းမပေါ် စားသောက်ဆိုင်စားပွဲတွေ ပေါ်မှာည ပစ်ထားတဲ့ အစာတွေ စားကြတာ။ ဒီငှက်ကတော့ အိတ်ကို မှတ်ထားပုံရတယ်။ ပုံမှန်လာခိုးနေတာ။ သူက အထုတ်ယူပြေးပြီး ငှက်မျိုးစုံ အားလုံးက အထုတ်ကို ၀ိုင်းဖေါက်ကြတယ်။ ဝေစားမျှစားဘဲ အဲဒါက တကယ်ဖြစ်ခဲ့တာပါ။ စီစီတီဗွီက နေ ရိုက်မိလို့ သိကြတာ