No sex is secret to long life, says 105-year-old Clara, Britain's oldest virginBy Luke Salkeld
ဒူဘိုင်းကဘလော့ ဂ်ဂါအပျိုကြီးများဖြစ်ကြကုန်သော..လျှို့ ဝှက်ဆန်းကြယ်ဒါရိုက်တာမမကြီး
နှင့် ဒူဘိုင်းဘလော့ဂ်ဂါများတွေ့ ဆုံပွဲမှာတားယူရလောက်အောင်ကိုစကားတွေဖောင်လောက်
အောင်ပြောတဲ့ ကန္တာရမှမိုးသီးမိုးပေါက်များဘလော့ ဂ်ပိုင်ရှင်မမကြီးတို့ ကိုရည်ညွန်းပါသည်...
အသက်ရာကျော်...အပျိုစင်ဘွားဘွား
Just too busy: Clara Meadmore says sex seemed a 'hassle' and she's glad she did without it
မူရင်းကတော့ ဒီလိုဆိုပါတယ်...
Over the years many a centenarian has delivered their secret for a long life. နှစ်ပေါင်းများစွာအတွင်းအသက်ရာကျော်ရှည်သူ များက၄င်းတို့ ၏အသက်ရှည်ရခြင်းရဲ့ လျှို့ ဝှက်ချက်များ
ကိုလက်ဆင့် ကမ်းဝေငှပေးခဲ့ ကြသည်...
သူတို့ လိုက်နာခဲ့ ရှောင်ကြဉ်ခဲ့ ကြတာတွေကတော့ ဆေးလိပ်မသောက်ခြင်း၊နေ့ စဉ်ကိုယ်လက်လှုပ်ရှား
လေ့ ကျင့် ခန်းပြုလုပ်ခြင်း၊၀ိုင်၊အရက်စသည်ကိုအသင့် အတင့် မျှသာသောက်သုံးခြင်း၊အိမ်ထောင်ပြုပြီး
ပျော်ရွှင်စွာနေထိုင်ခြင်း ( တစ်ချို့ ဘိုးသက်ရှည်ဘွားသက်ရှည်တို့ ကတော့ အိမ်ထောင်မပြုပါ...) စတာ
တွေပဲပေါ့ ....
ဒါပေမယ့် အသက် ၁၀၅ နှစ်တိုင်အောင်သက်ရှည်ကျန်းမာနေဆဲဘွားဘွား Clara Meadmore ရဲ့ အသက်
ရှည်ခြင်းအကောင်းဆုံးလျှို့ ဝှက်ချက်ကတော့ အိမ်ထောင်မပြု၊ယောင်္ကျားသားများနဲ့ အတူမနေပဲအပျိုစင်
ဘ၀နဲ့ ပဲနေထိုင်ခြင်းပါတဲ့ ....
ဘွားဘွား Meadmore က သူမဘ၀မှာလုပ်ငန်းဆောင်တာတွေများပြားလွန်းတာမို့ ချစ်သူရည်းစားမထား
နိုင်ခဲ့ ပါဘူးတဲ့ ....ပြီးတော့ သူမအနေနဲ့ နှစ်ကိုယ်တူချစ်ရည်လူးရတဲ့ ကိစ္စဆိုတာအင်မတန်ဗျာများအလုပ်
ရှုပ်ခြင်းတစ်မျိုးပဲလို့ ထင်မှတ်ထားပါတယ်တဲ့ ....
ယခင်ကကိုယ်ရေးအတွင်းရေးမှူးအဖြစ်အလုပ်တာဝန်ထမ်းဆောင်ခဲ့ တဲ့ အသက်ရာကျော်ဘွားဘွားက
သူမအနေနဲ့ ငယ်စဉ်ကလက်ထပ်ဖို့ ကမ်းလှမ်းခဲ့ တာတွေကိုငြင်းပယ်ခဲ့ ပြီးအပျိုစင်အဖြစ်နဲ့ ပဲရှိနေခဲ့ တာ
ကိုဘယ်တော့ မှနောင်တရမှာမဟုတ်ဘူးလို့ ဆိုပါတယ်...
” လူတွေကဘွားဘွားကိုမေးကြတယ်...အဘွားကယောကျာင်္းမယူတော့ အမျိုးသမီးချင်းသာလိင်တူဆက်
ဆံတာလားတဲ့ ...မဟုတ်ရပါဘူး...အဘွားအနေနဲ့ အဲဒီလိုပူလောင်ပြင်းပြတဲ့ ရမ္မက်ဆန်တဲ့ အချစ်မျိုးကို
စိတ်လဲမ၀င်စားခဲ့ ဘူး၊စိတ်ကူးလဲမယဉ်ခဲ့ ပါဘူး....” လို့ ဘွားဘွား Meadmore ကရှင်းပြခဲ့ ပါတယ်..
” ချစ်သူရည်းစားထားတယ်ဆိုတာအင်မတန်ကိုကရိကထများသားမဟုတ်လား...အဘွားကလည်းတစ်
ခြားအလုပ်တွေနဲ့ ပဲအမြဲအလုပ်ရှုပ်နေခဲ့ တာလေ...ရည်းစားလည်းတစ်ယောက်မှမှရှိခဲ့ ဘူး...ထားဖို့ ကို
လည်းစိတ်ကူးထဲတောင်မထည့် ခဲ့ ပါဘူး....”
”အဘွားတို့ ခေတ်တုံးကတော့ သမီးရည်းစားတွေဆိုတာလက်ထပ်ပြီးအိမ်ထောင်ပြုပြီးမှအတူနေကြ၊အိပ်
ကြတာကိုး....အဘွားမှာရိုးရိုးသားသားခင်မင်တဲ့ အမျိုးသားမိတ်ဆွေတွေရှိတာပေါ့ ....ဒါပေမယ့် ရိုးရိုးက
နေတစ်မျိုးတိုးပြီးချစ်ဖို့ ၊လက်ထပ်ဖို့ တို့ တော့ လိုတယ်လို့ တောင်မတွေးထင်ခဲ့ ပါဘူးကွယ်...”
”အခုတော့ ခေတ်ကြီးကမြန်လိုက်တာ...လူငယ်တွေကိုတော့ လိုက်လို့ မမှီ...နားကိုမလည်နိုင်တော့ ပါဘူး...
အရင်တုံးကနဲ့ လုံးဝကိုကွာခြားခဲ့ ပြီလေ...အဘွားကအသက် ၁၂ နှစ်အရွယ်ကတည်းကအိမ်ထောင်မပြု၊
ရည်းစားမထားတော့ ဘူးလို့ ဆုံးဖြတ်ခဲ့ တာလေ....အဲဒီကတည်းကဒီဆုံးဖြတ်ချက်ကိုဘယ်တော့ မှနောက်
ပြန်မဆုတ်ခဲ့ ဘူး....” လို့ ဘွားဘွားကရှင်းပြခဲ့ ပါတယ်....
ဘွားဘွား Meadmore ကို ၁၉၀၃ ခုနှစ်မှာ Glasgow မြို့ မှာမွေးဖွားခဲ့ တာဖြစ်ပါတယ်... Victoria ဘုရင်မကြီးကွယ်လွန်ပြီးနှစ်နှစ်အကြာမှာပေါ့ .....အဘွားဟာ ၁၉၁၂ ခုနှစ်မှာကမ္ဘာကျော်တိုင်တန်းနစ်
သင်္ဘောကြီးနစ်မြုပ်ခဲ့ တာနဲ့ ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ တာတွေကိုလည်းသိခဲ့ မှီခဲ့ တာပေါ့ ....
အဘွားအသက် ခုနှစ်နှစ်မှာသူမတို့ မိသားစုဟာပထမအီဂျစ်နိုင်ငံ၊ အဲဒီနောက်ကနေဒါ နိုင်ငံနဲ့ နောက်
ပိုင်းမှာနယူးဇီလန် နိုင်ငံတို့ ကိုရွှေ့ ပြောင်းအခြေချနေထိုင်ခဲ့ ပါတယ်...အဘွားအသက် နှစ်ဆယ်ကျော်
မှာတော့ အင်္ဂလန်ကိုတစ်ယောက်တည်းပြန်လာခဲ့ ပြီးကိုယ်ရေးအတွင်းရေးမှူးနဲ့ အိမ်ထောင်ထိန်းအလုပ်
တွေကိုလုပ်ကိုင်ခဲ့ ပါတယ်...
” အဘွားတို့ ခေတ်ကတည်းကမိန်းကလေးတွေဟာအိမ်တွင်းပုန်းမနေပဲအပြင်ထွက်ကြတာမို့ အဘွားဟာ
ကိုယ့် ဘာသာကိုယ်ဝင်ငွေရှာပြီးကိုယ့် ကိုယ်ကိုထိန်းကျောင်းနေလာခဲ့တာပါ...အဲဒီတုံးကယောကျာင်္းတစ်
ချို့ ကမိန်းကလေးတွေဒီလိုအပြင်ထွက်အလုပ်လုပ်တာကိုမနှစ်မြို့ ကြဘူးလေ...နောက်တော့ အဘွား
လည်းအိမ်ထောင်ပြုသင့် တဲ့ အရွယ်ကိုလွန်ခဲ့ တာပေါ့ .... ” လို့ ဘွားဘွား Meadmore ကပြောပြပါတယ်..
ဘွားဘွား Meadmore ဟာရည်းစားထားမဲ့ အစားသူမရဲ့ အချိန်တွေကိုစာဖတ်ခြင်း၊ဥယျာဉ်ပန်းမာန်စိုက်
ပျိုးခြင်း၊ချက်ပြုတ်ခြင်းနဲ့ ရေဒီယိုနားထောင်ခြင်းတွေနဲ့ ကုန်လွန်စေခဲ့တယ်လို့ ဆိုပါတယ်...
သူမရဲ့ အိမ်နီးချင်းမိတ်ဆွေအသက် ၇၂ နှစ်ရှိ Josie Harvey က သူမဟာငယ်ငယ်လေးကတည်းကသူမ
ရဲ့ မိခင်ကိုသူမအနေနဲ့ ဘယ်တော့ မှယောကျာင်္းတွေနဲ့ အတူနေပြီးအိမ်ထောင်ပြုမှာမဟုတ်ဘူးလို့ ပြော
ခဲ့ တာပါ...သူမဟာတစ်ကယ့် ကိုလွတ်လွတ်လပ်လပ်နဲ့ အမှီအခိုကင်းကင်းနေထိုင်ခဲ့ တာပါပဲလို့ ပြော
ပြခဲ့ ပါတယ်...
ယောကျာင်္းတစ်ယောက်နဲ့ ဘယ်တုံးကနဲ့ မှနီးနီးကပ်ကပ်မပတ်သက်ခဲ့ လို့ ဒီလောက်အသက်ရှည်နုပျိုနေ
တာဖြစ်မှာပါ....သူမ၀ါသနာပါတာတွေလုပ်နေနိုင်တယ်...သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိတယ်...အဲဒါ
တွေရှိယင်သူမဘ၀ပြည့် စုံနေပြီ...ဘာမှမလိုတော့ ဘူးလို့ ထင်ပါတယ်လို့ သူကဆက်ပြောပြခဲ့ ပါတယ်...
သူမဟာဘာမဆိုသူမစိတ်ကြိုက်လုပ်လေ့ ရှိပြီးအဲဒါကလည်းအသက်ရှည်တဲ့ အကြောင်းတစ်ခုဖြစ်ပါလိမ့် 
မယ်...ဘွားဘွား ဟာ ရေဒီယိုအသံလွှင့် အစီအစဉ်အမှတ် ၄ ကိုအမြဲနားထောင်နေလေ့ ရှိတာမို့ တစ်ချို့ 
လူငယ်လူလတ်ပိုင်းတွေမသိတဲ့ ကမ္ဘာ့ သတင်းတွေကိုတောင်သိရှိနေတတ်ပါသေးတယ်...
ဘွားဘွား Meadmore ဟာအတွင်းရေးမှူးအဖြစ်သင်တန်းတက်ခဲ့ ပြီးဒုတိယကမ္ဘာစစ်ဖြစ်တော့ အီဂျစ်နိုင်
ငံမှာအခြေစိုက်တဲ့ ဗြိတိသျှစစ်တပ်ထဲမှာရုံးလုပ်ငန်းအုပ်ချူပ်မှုတာဝန်တွေကိုထမ်းဆောင်ခဲ့ ပါတယ်...သူမ
ဟာလူငယ်သဟာယအသင်းရဲ့ ပထမဦးဆုံးအဖွဲ့ ဝင်တစ်ယောက်ဖြစ်ခဲ့ ပြီးအမျိုးသမီးသိပ္ပံအဖွဲ့ အစည်းရဲ့ 
တက်ကြွတဲ့ အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်ခဲ့ ပါတယ်...
သူမရဲ့ သက်ရှိထင်ရှားရှိနေသေးတဲ့ အနီးစပ်ဆုံးဆွေမျိုးဆိုလို့ နယူးဇီလန်မှာရှိတဲ့ တူမနှစ်ယောက်သာကျန်
ပါတော့ တယ်တဲ့ ....သူတို့ နဲ့ ဘွားဘွားဟာအခုအထိတော့ စာအဆက်အသွယ်ရှိနေကြပါတယ်...
ဘွားဘွားရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့ ပွဲကိုသူမနေထိုင်ရာ Cornwall မြို့  Perranport အရပ် ရှိ Parran
Bay ဘိုးဘွားရိပ်သာမှာသူမရဲ့ မိတ်ဆွေများနှင့် အင်္ဂလန်ဘုရင်မကြီးဆီကမွေးနေ့ နှုတ်ဆက်ပို့ စ်ကဒ်ရယ်
ဝိုင်တစ်ခွက်နဲ့ ကျင်းပမှာဖြစ်ပါတယ်...
ဘွားဘွားကတော့ သူမရဲ့ မွေးနေ့ ပွဲမှာအရက်ကိုမူးအောင်အလွန်အကျွံသောက်ပြီးမဟုတ်တရုတ်လုပ်မှာ
မဟုတ်ပါဘူးလို့ ဆိုလိုက်ပါတယ်....
မူရင်းကတော့ ဒီလိုဆိုပါတယ်...
Not smoking, daily exercise, moderate drinking, being married (and sometimes not being married) have all had their champions.
But, at the ripe old age of 105, Clara Meadmore could trump the lot: a life of celibacy.
Miss Meadmore says she has always been too busy for relationships and thought of physical intimacy as a 'hassle'.
The former secretary, who will celebrate her birthday tomorrow, said she had no regrets about remaining a virgin and had turned down several marriage proposals.
Miss Meadmore said: 'People have asked whether I am a homosexual and the answer is no. I have just never been interested in or fancied having sex.
'I imagine there is a lot of hassle involved and I have always been busy doing other things. I've never had a boyfriend - I've never been bothered about relationships.'
She added: 'When I was a girl you only had sex with your husband - and I never married.
'I've always had lots of platonic friendships with men but never felt the need to go further than that or marry.
'Everything seems so fast these days. I don't know a lot about young people or the way they do things. I'm sure it's very different. I made my mind up at the age of 12 never to marry and I've not gone back on that.'
Miss Meadmore was born in Glasgow in 1903, two years after the death of Queen Victoria. She remembers hearing about the sinking of the Titanic in 1912 and the outbreak of the First World War. Her family emigrated when she was seven, first to Egypt, then Canada and later New Zealand. But Miss Meadmore returned to Britain alone in her twenties and worked as a secretary and housekeeper.
She said: 'I grew up in an era where little girls were to be seen and not heard so I had to learn to stand up for myself and earn my own living.
'Some men don't like that in a woman and before long I was too old to marry anyway.'
Instead of boyfriends, Miss Meadmore filled her time with reading, gardening, cooking and listening to the radio.
Yesterday her friend and former neighbour Josie Harvey, 72, said: 'When she was a little girl she told her mother that she would never marry and for Clara no marriage meant no sex. She is fiercely independent.
'Maybe never having a man to get under her feet has kept her young all these years. She has her hobbies and her friends and that is all she needs.
'She has always believed in doing things her own way and that has allowed her to live a long life. Clara listens to Radio 4 all day long and knows what is going on in the world better than most people in their 30s.'
Miss Meadmore trained as a secretary and served in the Army, undertaking administrative duties in Egypt during the Second World War. She was one of the first members of the Youth Hostel Association and a keen member of the Women's Institute.
Her only surviving family are two nieces in New Zealand who keep in touch by post.
Miss Meadmore will celebrate reaching 105 with a card from the Queen and a glass of wine with her friends at the Perran Bay nursing home in Perranporth, Cornwall.
But she is determined not to let things get out of hand. 'I'm hardly likely to get drunk and do something silly at my age,' she said.
3 comments:
Dedication ကတော့ကြိုက်သွားပြီ...
တွေ့ရင် ၀မ်းမြောက်ကြမယ်ထင်ပါတယ်..
သူတို့တွေကိုတော့ အဲ့ဂလို မဖြစ်ကြပါစေနဲ့လို့..
ဖြစ်မယ်လည်းထင်ပါဖူး.နော..ဟဲ..ဟဲ..
ဒါရိုက်တာမမ နဲ့ မိုးသီးမိုးပေါက် မမ ကြီးတို့လေ..
ပျော်ကြပါစေ
စွံကြပါစေ..
အစာကြေ..ရင်ချောင်..နိုင်ကြပါစေ..
ဦးပီတာရေ...
အဟဲ အဲလို မဖြစ်စေရပါဘူး....
လျှို့ဝှက်ချက်က စီးကရက်လေ သိတယ်ဟုတ်....
လင်းကြယ်ဖြူရေ
တွေ့ရင်နာပီသာမှတ် အဆင်းဘီးတပ်ပေးတယ်ပေါ့လေ
မိုးသီးမိုးပေါက်ကိုခေါ်ပီး လာခဲ့မယ် ....
ပြေးဖို့လမ်းကိုရှာထားတော့...
ဦးပီတာရဲ့ပို့စ်လေးကိုတော့ သဘောကျပါတယ်...
ဘွားဘွားကိုလဲ လေးစားပါတယ်...
နှင်း
အဲလိုကြီးဆိုရင် အသက်မရှည်လည်းနေပါစေတော့
ပျော်ပျော်ပဲ ကဲပြစ်လိုက်မယ် ဟဲဟဲ
Post a Comment