ထိုင်းနိုင်ငံမှသက်တော်ရှည်ဆရာတော်ကြီးက ကမ္ဘာ့ အသက်အရှည်ဆုံးဖြစ်လေမလား ....
Thursday, September 17, 2009
ထိုင်းနိုင်ငံမှသက်တော်ရှည်ဆရာတော်ကြီးက ကမ္ဘာ့ အသက်အရှည်ဆုံးဖြစ်လေမလား ....
Is 115-year-old Buddhist monk Luang Phu Supha the world's oldest man?
လက်ရှိတရားဝင်မှတ်တမ်းများအရအတည်မပြုနိုင်သေးတဲ့ ....သက်တော် ၁၁၅ နှစ်ရှိ
ထိုင်းနိုင်ငံမှဆရာတော်ကြီး Luang Phu Supha....
World's oldest man? Buddhist monk Luang Phu Supha celebrated his 115th birthday today, although his claim has not yet been verified
သက်တော်ရှည်လို့ ဥဏ်တော်ကြီးမား.......ကိုးကွယ်သူတွေ လွန်ပေါများ...
Revered: The abbot has many followers who believe his advanced age makes him particularly wise
ထိုင်းနိုင်ငံမှဗုဒ္ဓဘာသာဘုန်းတော်ကြီး Luang Phu Supha  ကိုအင်္ဂလန်နိုင်ငံက၀ိတိုရိယဘုရင်မကြီး
နန်းတက်တဲ့ နှစ်မှာဖွားမြင်ခဲ့ လို့ ယခုဆိုလျှင်ကမ ၻာ ့အသက္အႀကီးဆံုးလူသားအၿဖစ္ကမ ၻာ ့အံ့ ဖွယ်
မှတ်တမ်းဝင်သင့် ပေမယ့် မွေးသက္ကရာဇ်ကိုတရားဝင်မှတ်တမ်းမှတ်ရာနဲ့ အတိအကျမတင်ခဲ့ ရသေး
လို့ ငြင်းမယ်ဆိုလျှင်ဖြင့် ငြင်းလို့ ရနေပါသေးတယ်...
မွေးနေ့ ပူဇာသဘင်ဆင်ယင်ကျင်းပနေမှာဖြစ်ပါတယ်....
အမေရိကန်နိုင်ငံသား Walter Bruening  ကတော့ သူ့ ကိုမွေးခဲ့ တဲ့ ခုနှစ်၊စာရင်း တရားဝင်မှတ်တမ်း
ရှိတာမို့ ကမ္ဘာ့ အသက်အကြီးဆုံးအမျိုးသားဘွဲ့ ကိုထိုင်းဆရာတော်ကြီးနဲ့ ခက်ခက်ခဲ ခဲ ယှဉ်ပြိုင်ရမှာ
ဖြစ်ပါတယ်...
ဆရာတော်ကြီးရဲ့ မွေးသက္ကရာဇ်ကိုဖွားမြင်ပြီး နှစ်နှစ်အကြာ ၁၈၉၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ 
ကျမှမှတ်ပုံတင်စာရင်းသွင်းခဲ့ တယ်လို့ သိရပါတယ်...
တစ်ကယ်လို့ အဲဒီ နှစ်၊လ၊ နေ့ ရက်ကိုပဲအတည်ယူဦးမယ်ဆိုယင်တောင်မှ ဘိုးသက်ရှည် Bruening
ထက်ဆရာတော်ကြီးကအသက် ၄ ရက်ပိုကြီးဦးမှာပါ...
ဖြစ်ပါတယ်...
အခုတော့ ကျောင်းတိုက်ရှိသံဃာတော်တွေက ကမ္ဘာ့ အံ့ ဖွယ်မှတ်တမ်း တာဝန်ရှိသူတွေကိုကျောင်း
ရည်ရွယ်ထားကြပါတယ်...
ငယ်ပဲဘုန်းပေးသုံးဆောင်ခြင်း၊စကားကိုအနည်းငယ်သာပြောဆိုခြင်းနဲ့ ပြောတိုင်းလဲအမှန်တရားကိုသာ
ပြောဆိုခြင်းတို့ ပဲဖြစ်ကြောင်းမိန့် ဆိုခဲ့ ပါတယ်....
ဆရာတော်ကြီးဟာအစာအဟာရဘယ်လောက်တောင်ခြိုးခြံသလဲဆိုယင်ဆွမ်းဘုန်းပေးယင် ကိုးလုပ်တိ
တိသာဘုန်းပေးတော်မူပါတယ်...ပြီးတော့ အငန်နဲ့ အစပ်ပါတဲ့ အစားအစာတွေကိုလည်းမဘုန်းပေးပဲရှောင်
ကြဉ်တော်မူပါတယ်...ဒါပေမယ့် ကောက်ညှင်းနဲ့ သကြားတို့ နဲ့ ပြုလုပ်တဲ့ မုန့် အချိုတစ်မျိုးကိုတော့ နှစ်
သက်တော်မူပါတယ်တဲ့ ....
လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ မှာ ၁၁၃ နှစ်ပြည့် မွေးနေ့ ကျင်းပမယ့်  ဘိုးဘိုး Bruening  က
တော့ ယခုနှစ် ဂျူလိုင်လက ကမ္ဘာ့ အသက်အကြီးဆုံးအမျိုးသား ပထမကမ္ဘာစစ်၊ စစ်ပြန်ရဲဘော်ဟောင်း
ႀကီး ဘုိးဘုိး Henry  Allingha  ကြယ္လြန္သြားလုိ ့သူသာလွ်င္လက္ရွိကမ ၻာ ့အသက္အႀကီးဆံုး
အမျိုးသား ဘွဲ့ ကိုရထိုက်ကြောင်းတောင်းဆိုခဲ့ တာပါ....
လက်ရှိမှတ်တမ်းတင်ကမ္ဘာ့ အသက်အကြီးဆုံးလူသားကတော့ ဂျပန်နိုင်ငံမှအသက် ၁၁၄ နှစ် ၁၃၀ ရက်
ရှိပြီဖြစ်တဲ့ ဘွားဘွား Kama Chien  ဖြစ်ပါတယ်...
အအိပ်အစား၊စကားနည်းစေ....ဆိုတဲ့ တရားလင်္ကာဆောင်ပုဒ်လေးကိုအမှတ်ရမိပါတယ်...
မူရင်းသတင်းကဒီလိုဆိုထားပြန်တာပေါ့ ......
He was born when Queen Victoria was on the British throne.
But whether Luang Phu Supha is really the world's oldest man remains open to debate.
The Buddhist monk claims to be celebrating his 115th birthday today at a temple in Phuket, Thailand.
He is certainly likely to provide some hot competition for American Walter Bruening, 113, who has also laid claim to the coveted title.
Luang Phu Supha's birth was only registered two years after he was born and the certificate reads 17 September 1896.
This would also made him older than Bruening - but only by four days.
Luang Phu Supha lives at the temple on Phuket where he is abbot. The site is, appropriately enough, named after him.
The monks now intend to invite Guinness records representatives to verify their abbot's claim.
He puts his longevity down to eating less, speaking less and always speaking the truth.
Luang Phu Supha seems particularly serious about eating less and only consumes nine mouthfuls at each meal as well as avoiding spices and salts.
He is, however, partial to khao neaw kaew, a desert made of sticky rice with sugar.
Bruening, who celebrates his birthday on September 21, laid claim to the title after the death of Briton Henry Allingham.
The World War One veteran died in July at the age of 113.
He had only held the title for a few weeks after the death of Tomoji Tanabe at 113 on June 19.
The world's oldest person - a woman - is Kama Chien, 114.
3 comments:
စိမ်း... said...
ကြည်ညိုစရာကောင်းလိုက်တာနော်...
ဆရာတော်ကြီး သီလ သမာဓိက ... ထေရ၀ါဒစစ်စစ်တွေပေါ့...
Waing said...
သက်တော်ရှည်ဘုန်းဘုန်းတစ်ပါးပဲနော် တကယ်ကြည်ညိုစရာ ကောင်းပါတယ်။
အအိပ်အစား၊ စကားနည်းစေ...ဆိုတဲ့ ဆောင်ပုဒ်လေးကို အမြဲအမှတ်ရနေမယ်ဆိုရင် လူတိုင်း သက်ရှည် ကျန်းမာ ဘေးရန်အပေါင်းက ကင်းဝေးမှာအမှန်ပဲနော် အခုလို ပြောပြပေးတဲ့ ကိုပီတာကို အရမ်းကျေးဇူးတင် လေးစားမိပါတယ်ရှင်
Angel Shaper said...
ကိုပီကြီးနော်....
သမီးကို ဆုံးမနေတယ်။
ဟိဟိ... အအိပ်အစား၊ စကားနည်းစေတဲ့။
ဟိဟိ ကျေးဇူးတင်ပါတယ် ခုလိုဆုံးမတာ။
မလျော့နိုင်သေးတာခက်တယ်။ အသက်ကလဲရှည်ချင်တယ်။ ကျန်းလဲမာချင်တယ်ဗျာ။။။ ဟူးးးးးးးးးးးးးး