Korea's 'worst building in the history
Wednesday, September 16, 2009
မြောက်ကိုရီးယားရဲ့ ကြမ္မာငင်သောဟိုတယ်ကြီး....
Korea's 'worst building in the history of mankind' reflects on its status... with new glass facade
နှစ်ပေါင်းဆယ်စုနှစ်တစ်ခုကြာဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ ရသည့် ဟိုတယ်..
The unfinished 105-storey Ryugyong Hotel looms on the Pyongyang skyline, where construction has stalled for more than a decade
မှုံနံ့ သာခြယ်ကာ သ ထားသလို...တစ်ခြမ်းသာမှန်များတပ်ဆင်ထားရသေးသည်.....
Now comes with glass: 'The worst building in the history of mankind' is now a bit less ugly with a facade that reflects the sky and the city
မပြီးသေးတဲ့ ဟိုတယ်အဆောက်အဦးကိုဒီလိုအမွှမ်းတင်တတ်လိုက်သေးတယ်... 
ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါတယ်...
တစ်ချိန်ကမှတ်တမ်းတင်လူ့ သမိုင်းတွင်ကမ္ဘာ့ အကျည်းတန်ဆုံးတစ်ပိုင်းတစ်စကြမ္မာငင်ဟိုတယ်ကြီးအ
ဖြစ်  Esquire  မဂ္ဂဇင်းကဖော်ပြခြင်းခံခဲ့ ရသောမြောက်ကိုရီးယားနိုင်ငံ၏ဆောက်လက်စအမြင့် ဆုံးဟို
တယ်ကြီးဟာအခုအခါဆက်လက်ပြီးပြုပြင်မွမ်းမံနေမှုများကြောင့် အရောင်အ၀ါပြန်လည်တောက်ပလာ
နေခဲ့ ရပြီဖြစ်ပါတယ်....
၁၉၈၇ ခုနှစ်ကစတင်တည်ဆောက်နေခဲ့ ပြီးနိုင်ငံ၏ချွတ်ခြုံကျနေသောစီးပွားရေးနှင့် ဆင်းရဲမွဲတေမှု
တို့ ကြောင့်  ၁၆ နှစ်တိုင်တိုင်ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ ရသည့် အထပ်ပေါင်း ၁၀၅ ထပ်
ရှိအဆိုပါဟိုတယ်အဆောက်အဦးကြီးအားမြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြီးစီးအောင်တည်ဆောက်
နိုင်လိမ့် မည်ဟုအများစုကမယုံကြည်ကြပေ....
ယခုအခါအဆိုပါတည်ဆောက်လက်စတန်းလန်းဖြင့် ရပ်ဆိုင်းခဲ့ ရသည့်  ၃၃၀ မီတာ ( ပေ ၁၀၃၃ )
တစ်ဖက်ကိုပြတင်းမှန်ချပ်များတပ်ဆင်ပြီးသဖြင့် ထိုဖက်အပိုင်းကိုကြည့် လျှင်တော့ အရုပ်ဆိုးအကျည်း
တန်မှုများအနည်းငယ်လျော့ နည်းခဲ့ ရပြီမို့ အတန်ငယ်စိတ်သက်သာရာရပေမည်....
အဆိုပါအဆောက်အဦးကိုသုံးမြှောင့် ပုံဒိဇိုင်းဖြင့် တည်ဆောက်ထားပြီးအထက်သို့  ၇၅ ဒီဂရီ တိမ်း
စောင်းကာမြင့် တက်စုစည်းစေပြီးအပေါ်ဆုံး ၅ ထပ် ကိုလည်ပတ်နေမည့် ဆုံလည်စားသောက်ဆိုင်
နှင့် ရှုခင်းသာမျှော်စင်အထပ်များအဖြင့် ပုံစံဆွဲတည်ဆောက်ထားခဲ့ခြင်းဖြစ်သည်....
”အခုဆိုယင်ဟိုတယ်အဆောက်အဦးကအယင်လိုကို့ ယို့ ကားယားနဲ့ အကျည်းတန်မနေတော့ ပါဘူး....
ဘာဖြစ်လို့ လဲဆိုတော့ ရောင်ပြန်ပြတင်းပေါက်မှန်ချပ်တွေတပ်ဆင်ထားလို့ ပါပဲ ....” ဟု ထိုဒေသကို
ဦးကပြောပြခဲ့ ပါတယ်...
အဆိုပါဟိုတယ်ကြီးကိုအီဂျစ်နိုင်ငံ Orascom  ကုမ္ပဏီအုပ်စုကတာဝန်ယူကာမနှစ်ကစပြီးမွမ်းမံပြင်ဆင်
နိုင်ငံခြားသားဧည့် သည်အနည်းငယ်သာဝင်ရောက်လည်ပတ်ခွင့် ပြုသောနိုင်ငံရဲ့ အခန်းပေါင်း ၃၀၀၀
ရှိမည့် အမြင့် ဆုံးဟိုတယ်ကြီးရဲ့ ထိပ်ဆုံးပိုင်းဟာပြောင်လက်တောက်ပနေတဲ့ သံမဏိအ၀န်းအ၀ိုင်းကြီး
များနဲ့ တန်ဆာဆင်ထားပါတယ်....
ရောင်ပြန်မှန်ချပ်တွေကိုရေညှိရောက်တောက်နေတဲ့ အခြားနှစ်ဖက်မှာလည်းတပ်ဆင်ရဦးမှာပါလို့ ပြုံ
ယမ်းမြို့ ကိုအလည်အပတ်သွားရောက်ခဲ့ တဲ့ နိုင်ငံခြားသားများကဆိုပါတယ်...
အကဲဖြတ်သုံးသတ်သူများရဲ့ အဆိုအရမြောက်ကိုရီးယားအစိုးရဟာအဆိုပါ Ryugyong ဟိုတယ်ကြီးရဲ့ 
ခန့် ငြားမှုကိုနမူနာပြပြီး အခုထပ်မံပြီးဆက်လက်တည်ဆောက်ပြီးစီးမည်ဟုခန့် မှန်းထားသော ၂၀၁၂ ခုနှစ်တွင်ခတ်မှီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးအဖြစ်ဝါဒဖြန့် လိမ့် မယ်လို့ သိရပါတယ်....
မြောက်ကိုရီးယားနိုင်ငံဟာအဆိုပါဟိုတယ်အဆောက်အဦးကြီးကို ၁၉၈၈ ခုနှစ်မှာတောင်ကိုရီးယားနိုင်
ငံမှာကျင်းပမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကြီးအမှီသူတို့ တိုင်းပြည်မှာဖွံ့ ဖြိုးတိုးတက်မှုတွေဘယ်လောက်
လျင်မြန်နေတယ်ဆိုတာအခြားကမ္ဘာ့ နိုင်ငံများကိုပြသချင်လို့ ယှဉ်ပြိုင်လိုစိတ်ကြီးစွာနဲ့ တည်ဆောက်
ခဲ့ တာလို့ ဆိုပါတယ်...
ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာတော့ ဆောက်လက်စလုပ်ငန်းများအားလုံးရပ်ဆိုင်းသွားခဲ့ ရပါတော့ တယ်....
အဲဒီနှစ်မတိုင်ခင်ကဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲခဲ့ ရပြီးသူတို့ ဟိုတယ်ကိုထောက်ပံ့ ပေးနေတာ
တွေလည်းခန်းခြောက်ရပ်ဆိုင်းသွားခဲ့ လို့ ပါပဲ....
နိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း ' ၉၀ ခုနှစ်များမှာပိုမိုဆိုးရွားလာလို့ အဆိုပါဟိုတယ်အဆောက်
ပြယုဂ်ဖြစ်ခဲ့ ပြီးအဆိုပါဟိုတယ်ကြီးလည်း ကြမ္မာငင်သောဟိုတယ်ကြီး...တစ္ဆေ ဟိုတယ်ကြီးအဖြစ် နာမည်
ဆိုးနဲ့ ကျော်ကြားခဲ့ ပါတော့ တယ်....
မြောက်ကိုရီးယားနိုင်ငံကတော့ အဆိုပါဟိုတယ်ကြီးရဲ့  စိတ်ကူးဖြင့် ပြီးစီးမှုကိုဖန်တီးထားသောဓါတ်ပုံ
များကိုကာလအတန်ကြာထုတ်လွှင့် ပြသခဲ့ ဖူးပါသေးတယ်...
ဗိသုကပညာရှင်များကတော့ တစ်ခါမျှပင်ပြင်ပဧည့် သည်များကိုဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပေး
မ၀င်သည့် အဆိုပါဟိုတယ်ကြီး၏အခြေခံအဆောက်အဦခိုင်ခန့် မှုကိုများစွာမေးခွန်းထုတ်မှုများရှိပြီး
အဆိုပါဟိုတယ်ကြီးကိုပြီးစီးအောင်ဆောက်လုပ်ပါကလည်းပြိုကျပျက်စီးလိမ့် မည်ဟုဆိုပါတယ်....
တောင်ကိုရီးယားနိုင်ငံမှာထုတ်ဝေတဲ့ အဆောက်အဦးကြီးရဲ့ ကုန်ကျငွေတန်ဖိုးခန့် မှန်းချက်အရစုစု
ပေါင်း ဒေါ်လာ ၂ ဘီလီယံ ( ဒေါ်လာသန်းနှစ်ထောင် ) ဖြစ်ပြီးထိုပမာဏဟာမြောက်ကိုရီးယားတစ်
နိုင်ငံလုံးရဲ့ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုရဲ့  ၁၀ ရာခိုင်နှုံးရှိတယ်လို့ ဆိုပါတယ်...
အင်း...
        အရူးကဘုရင်လုပ်အုပ်ချူပ်နေကြတဲ့ တိုင်းပြည်တွေမှာတော့ အဲဒီိလိုပဲမယောင်ရာဆီလူးတတ်
တဲ့ ထုံးစံရှိတာပါပဲ....
       ရွှေပြည်ကြီးမှာလည်းနိုင်ငံတော်တော်များများကအလိုရှိတဲ့ ၊စံအဖြစ်သတ်မှတ်တဲ့ ကောင်းမွန်တဲ့ 
သဘာဝဆိပ်ကမ်း၊တည်ရာနေရာဒေသအရအချက်အချာကျတဲ့ လေဆိပ်၊စနစ်ကျတဲ့  လမ်းပန်းဆက်
ရားဝင်ဒေါ်လာသန်းပေါင်း (ကျပ်ငွေဘီလီယံပေါင်း) မည်မျှကုန်ကျတယ်လို့ မဖော်ပြတဲ့ တောခေါင်ခေါင်
ဘယ်သူတွေဘာတွေလုပ်လုပ်တစ်ချိန်ချိန်မှာတော့ သမိုင်းကစကားပြောပါလိမ့် မယ်...
မူရင်းသတင်းကဒီလိုပါ....
A towering North Korean hotel which Esquire magazine once dubbed 'the worst building in the history of mankind' has come back to life with a shiny new face.
Few commentators expect the North will ever finish construction of its 105-storey Ryugyong Hotel, started in 1987 and halted for 16 years because it could have bankrupted the destitute state.
Still, a facade of shiny glass windows on one side of the concrete giant has helped take away some of the building's stark ugliness.
The 330-metre (1,083 ft) tall hotel dominates the Pyongyang skyline.
The building consists of three wings rising at 75 degree angles, capped by several floors arranged in rings, which supposed to hold five revolving restaurants and an observation deck.
'The hotel doesn't look as shoddy as it once did, probably because of the reflective glass,' said a member of a civic group in South Korea that recently visited the area.
Foreign residents of Pyongyang contacted in Seoul said Egypt's Orascom group began renovations last year.
The peak of the 3,000-room hotel, in a country that permits few foreigners to visit, is encircled in new rings of shiny steel.
Mirrored glass has yet to be affixed to the other sides of the muddish-grey concrete structure, foreigner visitors said.
'North Koreans told me that you put the glass on one side and if all goes well and looks fine, you then continue on to the others,' the civic group member said.
Analysts said the North was likely sprucing up the Ryugyong's facade as part of a campaign to try to turn the state into a 'great and prosperous nation' by 2012.
The communist North started construction in a suspected fit of jealousy at South Korea, which was about to host the 1988 Summer Olympics and show off to the world the success of its rapidly developing economy
But by 1992, worked was halted. The North's main benefactor the Soviet Union had dissolved the previous year and funding for the hotel dried up.
As the North's economy took a deeper turn for the worse in the 1990s, the empty shell became a symbol of the country's failure, earning the nicknames 'Hotel of Doom' and 'Phantom Hotel'.
For a time, the North airbrushed images of the Ryugyong Hotel from photographs.
Architects said there were questions raised about whether the hotel, which has never opened for guests, was structurally sound and a few believed completing the building could cause it to collapse.
Estimates published in South Korean have put the costs of completing the hotel and making it structurally sound at as much as $2billion, more than 10 percent of the North's yearly gross domestic product.
4 comments:
လင်းကြယ်ဖြူ said...
ဖြစ်တတ်ပါတယ်လေ..
အင်း..ဖြစ်တတ်ပါတယ်လေ..ဟဲ..ဟဲ
ကြေကွဲနေလည်း မထူးတော့ပါ..
ဘာလို့လဲဆိုတော့..
ဖြစ်တတ်ပါတယ်လေ....
ပျော်ပါစေ
စိမ်း... said...
ဟုတ်ပါ့... ကြက်ဆူပင်လည်း ပါသေးတယ် ...
ကာရံဆူး said...
အင်း အုပ်ချုပ်သူ ကျပ်မပြည့်တဲ့ နိုင်ငံတွေဟာ ဒီလိုပါပဲ....သူတို့ မသိတာက သမိုင်းကို ပြောင်းပြန်လှန်လို့ မရသလို ဖျောက်ပစ်လို့ လဲ မရဘူးဆိုတာ မေ့နေကြတယ် ထင်ပါရဲ့ ...သူတို့ လုပ်ရပ်တွေက ရာဇ၀င်မှာ နာမည်ကြီးရင်တော့ ကြီးမယ်..ဒါပေမဲ့ နာမည်ဆိုးနဲ့ ပေါ့...
သားကြီး said...
အမြင့်မှာနေရင် အကျနာတတ်တယ်ဗျ
သားကြီးတော့ အရူးက ဘု၇င်တက်လုပ်တဲ့
တိုင်းပြည်ကြီးမှာ တဲထိုးပြီးပဲနေလိုက်တော့မယ်
မပိုင်ဘူးလား ကိုပီတာ :P