သေကံမရောက်သက်မပျောက်....
Tuesday, November 17, 2009
Boss? I’m in a spot of bother
မတွေးဝံ့ စရာပဲ....
ဒီလောက်ပိုက်လုံးကြီးရင်ဘက်ကိုထုတ်ချင်းပေါက်ဝင်သွားတာတောင်
အသက်မသေပဲပြန်လည်ကျန်းမာလာတာကတော့ တစ်ကယ့် ကို
အံ့ သြစရာပါပဲ....
ကားကိုတောင်ဖြတ်တောက်ပစ်ရတယ်...
အခုတော့ ပြန်လည်ကျန်းမာလာပါပြီ...
Recovered: Mr Ripley, 39 at home with 38-year-old partner Helen Todd
အင်္ဂလန်နိုင်ငံကကုန်တင်ထရပ်ကားမောင်းသူတစ်ဦးဟာ ကားတိုက်မှုဖြစ်ပြီး သူ့ ရင်ဘက်ထဲကို
သံပိုက်လုံးကြီးတစ်ခု ထိုးစိုက်ဝင်ရောက်ခဲ့ တာတောင်မှ သူ့ ရဲ့ အလုပ်ရှင်သူဌေးကို ” ဆရာ...
ကျွန်တော်တော့ ဒုက္ခတွေ့ နေပြီ....”   လို့ တည်တည်ငြိမ်ငြိမ်နဲ့  ဖုံးဆက်အကြောင်းကြားခဲ့ ပါ
တယ်တဲ့ ....
တစ်ကယ်ကို သတ္တိရှိပြီးရဲရင့် တဲ့  Jason Ripley ဟာ အလျား ၈ ပေ ရှိတဲ့ သံပိုက်လုံးကြီး သူ့ 
ရဲ့ ခန္ဓာကိုယ်ထဲ ထိုးစိုက်ဝင်နေတာတောင်မှ စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ပါသေးတယ်...
သူအဲဒီလို သံပိုက်ချောင်း ထိုးစိုက်ခံနေရချိန်မှာ ဘယ်သူမှအဲဒီအဖြစ်အပျက်ကိုမတွေ့ လို့ သူသေ
သွားနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့ တယ်...
ဒါကြောင့် သူ့ အလုပ်ကိုဖုံးဆက်ပြီး..” ကျွန်တော်တော့ ကားအက်စီးဒင့် နည်းနည်းဖြစ်သွားတယ်...
ဒုက္ခတော့ ဖြစ်နေပြီ...” လို့ ပြောခဲ့ တာပါ....
အသက် ၃၉ နှစ်ရှိ Jason ဟာ သူနေထိုင်ရာအရပ်ဖြစ်တဲ့  Karlington မှာသူမောင်းလာတဲ့ ထရပ်
ကား ဟာ ပျက်စီးပြီးပုံသဏ္ဍာန်မမှန်ဖြစ်နေတဲ့ လမ်းဘေးက ယာဉ်ကြောမတိမ်းချော်စေရန် တား
ဆီးထားတဲ့ အကာအရံသံတန်းကိုဝင်တိုက်မိပြီး အခုလို တံစို့ ထိုးသလိုသူ့ ရင်ဘတ်ကို သံပိုက်လုံး
ကြီး ထိုးစိုက်ဝင်ရောက်သွားခဲ့ တာပါ...
သူဟာယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ချိန်လုံးသတိရှိနေခဲ့ ပြီး၊ ကယ်ဆယ်ရေးသမားတွေက သူ့ 
ရင်ပတ်ထဲစိုက်ဝင်နေတဲ့  သံပိုက်လုံးကြီးကိုဖြတ်တောက်နေချိန်မှာ သူရဲ့ အတူနေအမျိုးသမီး
Helen Toddနဲ့  သူတို့ ရဲ့ သားတွေဖြစ်တဲ့ အသက် ၁၉ နှစ်ရှိ Joshua၊ အသက် ၁၁ နှစ်ရှိ Jay 
တို့ အကြောင်းကိုပဲတွေးနေခဲ့ တာပါတဲ့ ...
အဲဒီနောက် သူ့ ကို Middleborough က  James Cook ဆေးရုံကြီးကိုပို့ ဆောင်လိုက်ကြပါတယ်...
” အံ့ သြစရာပါပဲဗျာ...ကျွန်တော်ဖြင့် ဘာမှနာကျင်တာတွေမခံစားရဘူး...ကောင်းကင်ကိုပဲမော့ 
ခွဲစိတ်ဆရာဝန်တွေက အဓိကအရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို မထိပဲ ၀င်
ရောက်ထိုးစိုက်နေတဲ့ သံပိုက်ချောင်းကြီးကို ခွဲစိတ်ဖယ်ထုတ်ပေးခဲ့ ကြပြီး၊ လပေါင်းအတန်ကြာ
မှာတော့ သူဟာလုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ ပါတယ်...
အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့ တဲ့ နှစ်ကဖြစ်ခဲ့ ပေမယ့် အဲဒီအချိန်တုံးကရိုက်ထားခဲ့ တဲ့ သူ့ ရဲ့ 
ဓါတ်ပုံတွေကိုတော့ မနေ့ ကမှ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်...
အဲဒါကလည်း သူ့ အသက်ကိုကယ်တယ်ပေးနိုင်ခဲ့ တဲ့ Great Nort Air Ambulance အရေးပေါ်
ကယ်ဆယ်ရေး အဖွဲ့ အတွက် ရန်ပုံငွေရှာဖွေရေးအတွက်ကူညီနိုင်ဖို့  ပဲဖြစ်ပါတယ်...
တစ်ကယ့် ကို သေကံမရောက်သက်မပျောက်ပါပဲဗျာ...
မတွေးရဲစရာပါပဲ...
A TRUCKER was speared by a pole and calmly rang his boss to say: "I'm in a spot of bother."
Brave Jason Ripley kept his cool after the 8ft shaft went through his body.
As he lay impaled he realised nobody had seen the freak accident and he was going to die.
So he phoned his work to say: "I've had a bit of an accident - I'm in a spot of bother."
Jason, 39, was skewered when his truck hit a wonky crash barrier in his home town of Darlington, Co Durham.
He stayed conscious - thinking of partner Helen Todd, 38, and sons Joshua, 19, and Jay, 11 - as firemen cut the pole to 4ft. Jason was flown to James Cook Hospital, Middlesbrough.
He said: "Strangely I felt no pain. I was just staring up at the sky."
Surgeons took out the pole, which missed his vital organs, and he was back at work in months.
The accident happened last year but Jason only released the pictures yesterday to raise funds for the Great North Air Ambulance, saying the service saved his life.
2 comments:
မငုံ said...
အမလေးနော် မတွေးဝံ့စရာကြီး။.. ဒီလောက်ကြီး ထုတ်ချင်းပေါက် ၀င်နေတာတောင် သတိရှိဆဲဆိုတော့ နည်းတဲ့ သတ္တိတော့ မဟုတ်ဘူး။ သတိလဲ တအားရှိတာပဲ။ ချီးကျူးတယ်။
မငုံတော့ အဲဒီလိုရှိဘူး။ အရင်လန့်ပြီး သေမှာ :)
Beauty Studio USA Branded Store said...
သေကံမရောက် သက်မပျောက်ပဲလေ။