Pope John Paul 'would whip himself before he ordained priests'
Wednesday, November 25, 2009
ကွယ်လွန်သူပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ....
ကွယ်လွန်ခဲ့ ပြီဖြစ်သော ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ဟာ သူကျူးလွန်ခဲ့ မိ
တဲ့ အပြစ်တွေအတွက် နောင်တရတဲ့ အနေနဲ့  သူ့ ကိုယ်သူ ကြိုး၊ ကြာပွတ်နဲ့ ရိုက်လေ့ ရှိခဲ့ ပါတယ်
လို့ ပိုလန်သူ သီလရှင် Tobiana Sobodka  က စိတ်ထိခိုက်စွာနဲ့ ထုတ်ဖော် ပြောကြားခဲ့ ပါတယ်....
၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ တဲ့  ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ကို သူ့ ရဲ့ စင်ကြယ်မြင့် မြတ်တဲ့ အ
ကျင့် သီလ၊ စွမ်းဆောင်မှုများကြောင့်  ခရစ်ယာန်သာသနာရဲ့ အမြင့် ဆုံး၊ အစွမ်းကုန်ဆုံးချီးမြှောက်
မှု အနေနဲ့  မြင့် မြတ်တဲ့ သူတော်စင်အဖြစ် သတ်မှတ်ပေးဖို့  စဉ်းစားစီစဉ်နေကြပါတယ်...
အခုလိုမြင့် မြတ်စင်ကြယ်တဲ့ သူတော်စင်အဖြစ် သတ်မှတ်နိုင်ဖို့ အတွက် ခရစ်ယာန်သာသနာရဲ့ 
အမြင့် ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ ဗာတီကန်နန်းတော်အနေနဲ့  စုံစမ်းစစ်ဆေးဖို့ အတွက်
အထောက်အထားပေါင်း၊ ထောင်ပေါင်းများစွာ စုဆောင်းရရှိထားခဲ့ ပါတယ်...
ထိုအထောက်အထားမြောက်များစွာတွေထဲက တစ်ခုကတော့ အထက်မှာဖော်ပြခဲ့ တဲ့  ပိုလန်နိုင်
ငံသူ ယေရှုခရစ်ရဲ့ မြင့် မြတ်သော နှလုံးသား အသင်းတော်ဝင်သီလရှင် Tobiana Sobodka ရဲ့ 
စစ်ဆေးခံချက်များပဲ ဖြစ်ပါတယ်...
သူမဟာ ဗာတီကန်မှာရှိတဲ့  ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ ရဲ့ ကိုယ်ပိုင်သီးသန့် နေထိုင်ရာအဆောင်
နဲ့ ရောမမြို့ အနီးက Castel Gandolfo မှာရှိတဲ့ နွေရာသီ စံအိမ်တော်များမှာ ရဟန်းမင်းကြီးအ
တွက် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခဲ့ သူဖြစ်ပါတယ်....
” အကြိမ်တော်တော်များများမှာကို သူ ( ပုပ်ရဟန်းမင်းကြီး ) ဟာ သူ့ ကိုယ်သူ၊ သူ့ ခန္ဓာကိုယ်ကို
တမင်တကာ ထိခိုက်နာကျင်စေခြင်းဖြင့် သူပြုခဲ့ မိတဲ့ အပြစ်တွေ ပြေလျော့  အောင် ပြုလုပ်ခဲ့ 
တာပါ.....“  လို့  သီလရှင် Sobodka  ကပြောပြခဲ့ ပါတယ်....
” Castel Gandolfo  စံအိမ်မှာ သူနေတဲ့ အခန်းရဲ့  တစ်ခြားဘက်အခန်းမှာရှိနေတဲ့ ကျွန်မတို့ 
ဟာ သူ့ ကိုယ်သူ ထိခိုက်နာကျင်စေတဲ့ ( ရဟန်းမင်းကြီး ကိုယ့် ကိုယ်ကို ကြာပွတ်နဲ့ ရိုက်နေ
တာ ) အသံတွေကို ကြားခဲ့ ရပါတယ်....
အဲဒီလိုသူ့ ကိုယ်သူအပြစ်ပေးနေတာကို အနီအနားမှာရှိတဲ့ ဘယ်သူမဆို ကြားနေနိုင်တာပဲလေ....
သူဟာ သူ့ ကိုယ်သူအပြစ်ပေးတာကို သူသွားလာလှုပ်ရှားနေနိုင်တဲ့ အချိန်ကာလအထိကို ပြု
လုပ်နေခဲ့ တာဖြစ်ပါတယ်...”  လို့  သီလရှင်ကြီးကဆက်ပြောပါတယ်...
ပုပ်ရဟန်းမင်းကြီးအနေနဲ့  အခုလိုကိုယ့် ကိုကိုယ်အပြစ်ပေးပြီး ထိခိုက်နာကျင်စေခြင်းဖြင့် အ
ပြစ်တွေပြေလျော့ ပပျောက်အောင်ပြုလုပ်နေခဲ့ တာကို ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးအတွင်း
ရေးမှူးအဖြင့် နှစ်အတန်ကြာလုပ်ခဲ့ တဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး Emery Kabongo
ကလည်း အတည်ပြုပြောဆိုခဲ့ ပါသေးတယ်...
” အထူးသဖြင့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ၊ ဘုန်းတော်ကြီးတွေကို ခရစ်ယာန်သာသနာထဲ
ကိုသွတ်သွင်းချီးမြှောက်၊ အဆင့် မြှင့် ပေး၊ ဆုံးဖြတ်ပေးတာတွေ မပြုမီတိုင်းမှာ သူဟာ သူ့ 
ကိုယ်သူ ( အပြစ်သားတစ်ယောက်အနေနဲ့ ) အပြစ်ပေးလေ့ ရှိပါတယ်...
ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီးတွေကိုဖြူစင်မြင့် မြတ်စင်ကြယ်မှုမင်္ဂလာတွေကို ကူးပြောင်းမပေး
ခင်မှာ သူဟာသူ့ ကိုယ်သူ သန့် ရှင်းစင်ကြယ်အောင်ပြင်ဆင်တာလည်းဖြစ်ပါတယ်....” လို့ 
ဘုန်းတော်ကြီး Emery Kabongo  ကပြောကြားခဲ့ ပါတယ်...
” ကိုယ်တိုင်တော့ တစ်ခါမှမတွေ့ ဘူးသေးပါဘူး ဒါပေမယ့် လူတော်တော်များများကတော့ 
ဒီအကြောင်းကိုလာလာပြောကြတယ်...”  လို့ သူကဆက်ပြောပြခဲ့ ပါတယ်...
တရားဝင်မဟုတ်ပဲထွက်ပေါ်လာတဲ့ သီလရှင်ကြီး Sobodka ရဲ့ ဖွင့် ဟပြောဆိုချက်များကိုတော့ 
အီတလီနိုင်ငံသတင်းစာတစ်စောင်ဖြစ်တဲ့  La Stampa မှာဖော်ပြထားခဲ့ ပြီး အဆိုပါပြောကြား
ချက်များဟာ ဗာတီကန်က သတင်းထောက်များ ရေးသားထုတ်ဝေမယ့် ပုပ်ရဟန်းမင်းကြီး ဂျွန်
ပေါ ( ၂ ) အကြောင်းစာအုပ်ထဲမှာလည်းပါရှိမှာဖြစ်ပါတယ်...
အခုလိုကိုယ့် ကိုကိုယ်ထိခိုက်နာကျင်စေပြီးအပြစ်တွေလျော့ ပါး၊ ပပျောက်အောင်ပြုလုပ်တာ
တော်ဟာ ရောမသားတွေလက်ထဲမှာ လက်ဝါးကပ်တိုင်မှာကားစင်တင်မခံ၇ ခင်အချိန်အတွင်း
ကြာပွတ်ဖြင့် ရိုက်နှက်၊နှိပ်စက်ခြင်းခံ ခဲ့ ရတာကို သတိတရအမှတ်ရနေစေဖို့ လည်းရည်ရွယ်
ပါတယ်...
ထို အလေ့ အထဟာ ယခုထက်တိုင် ဖိလစ်ပိုင်နဲ့ လက်တင်အမေရိက ဒေသက ဘုရားရှိခိုး
ကျောင်းများနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်သူ ဘာသာဝင်များရဲ့ အဖွဲ့ Opus Dei
 ( ကမ္ဘာကျော်စာရေးဆရာ Dan Brown ရဲ့ နာမည်ကျော် Da Vinci Code မှာပါဝင်တဲ့ 
ရှေးဟောင် ခရစ်ယာန်ဘာသာရေးအဖွဲ့ ) တို့ မှာအများစုကဆက်လက်ကျင့် သုံးနေကြဆဲဖြစ်
ပါတယ်...
Opus Dei အဖွဲ့ ဝင် လူသတ်သမားဘုန်းတော်ကြီး Sila ဟာ သူ့ အပြစ်တွေကြေစေဖို့ ဒူးထောက်
ပြီးဆုတောင်းခန်းမှာ သူ့ ရဲ့ ကျောပြင်ကို သွေးထွက်အောင်ကြာပွတ်နဲ့ ရိုက်ပြီးသူ့ ကိုယ်သူအပြစ်
ပေးတဲ့ သရုပ်ဆောင်အခန်းတောင်ပါခဲ့ ပါတယ်...
” ပုပ်ရဟန်းမင်းကြီးကို မြင့် မြတ်စင်ကြယ်တဲ့ သူတော်စင်အဖြစ်သတ်မှတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ
ဟာလျှို့ ဝှက်အဆင့် မှာပဲရှိနေသေးတာမို့ နောက်ဆုံးအစီရင်ခံချက်ကိုပုံနှိပ်ထုတ်ဝေခြင်းမပြုမချင်း
မည်သည့် သဘောထားမှတ်ချက်မှမပေးနိုင်ကြောင်း...”  ဗာတီကန် ရဲ့ ပြောရေးဆိုခွင့် ရှိသူကပြော
ခဲ့ ပါတယ်...
” စုံစမ်းမေးမြန်းခဲ့ တဲ့ သီလရှင်ဟာ ပိုလန်နိုင်ငံကိုပြန်သွားခဲ့ ပြီး သူမအနေနဲ့ စုပေါင်းဝတ်ပြုဆု
တောင်းပွဲမှာပြောကြားခဲ့ တာဖြစ်နိုင်ပါတယ်...သူမက ပုပ်ရဟန်းမင်းကြီးရဲ့ သီးသန့် အဆောင်မှာ
ကူညီလုပ်ကိုင်ဆောင်ရွက်ခဲ့ ဖူးတာဖြစ်ပါတယ်...” လို့ သူကဆက်ပြောပါတယ်...
သူတော်စင်အဖြစ်သတ်မှတ်ညှိနှိုင်းရေး အသင်းတော် အနေနဲ့  ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ ကွယ်
သူ့ ကိုသူတော်စင် Saint အဖြစ်သတ်မှတ်နိုင်ရေးအတွက်စုံစမ်းမေးမြန်းစစ်ဆေးနေခဲ့ ပြီး တွေ့ ရှိ
ချက်များကိုလည်း လက်ရှိပုပ်ရဟန်းမင်းကြီးဖြစ်သူ ဂျာမာန်နိုင်ငံသား Pope Benedict XVI ဆီကို
ပေးပို့ ထားပြီးဖြစ်ပါတယ်...
ကွယ်လွန်သူ ပိုလန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ ကို သူတော်စင်ဖြစ်ကြောင်း လက်ရှိပုပ်
ရဟန်းမင်းကြီး ဘင်နက်ဒစ် ကထုတ်ပြန်ကြေငြာတဲ့ ပွဲကိုတော့ လာမယ့် နှစ်ဧပြီလလောက်မှာ
သူကွယ်လွန်ခဲ့ တဲ့ ငါးနှစ်မြောက်နှစ်ပါတ်လည်နဲ့ တိုက်ဆိုင်ပြီးပြုလုပ်ကောင်းပြုလုပ်နိုင်ပါလိမ့် 
မယ်။ အကယ်၍အဲဒီလမှာ မလုပ်ဖြစ်ခဲ့ ယင်တော့ သူပုပ်ရဟန်းမင်းအဖြစ် ၁၉၇၈ ခုနှစ်အောက်
တိုဘာလမှာ ရွေးချယ်ခံခဲ့ ရတဲ့ အထိမ်းအမှတ်နှစ်ပါတ်လည်အဖြစ် အောက်တိုဘာ လမှာကျင်း
ပပြုလုပ်လိမ့် မယ်လို့ မျှော်လင့် ထားကြပါတယ်...
အခုလို သူတော်စင်အဖြစ်လက်ရှိပုပ်ရဟန်းမင်းကကြေငြာတာဟာ လူအများအနေနဲ့ သူတော်စင်
ကြီးအဖြစ် ၀တ်ပြုဆုတောင်းနိုင်ဖို့ အတွက် သာသနာရဲ့ အမြင့် ဆုံးအာဏာပိုင် ဗာတီကန် အနေနဲ့ 
အတည်ပြုဆုံးဖြတ်ပေးတဲ့ အဆင့် တွေထဲက ပထမဦးဆုံးအဆင့် ပဲဖြစ်ပါတယ်...
ပုပ်ရဟန်းမင်းတွေကို မြင့် မြတ်တဲ့ သူတော်စင်အဖြစ် သတ်မှတ်ချီးမြှောက်နိုင်ဖို့ ကတော့ သူတို့ 
ရဲ့ မြားမြောင်လှတဲ့ တာဝန်၊ ၀တ္တရားများနဲ့ ကက်သလစ်သာသနာရဲ့ ခေါင်းဆောင်အဖြစ် တာဝန်
ယူဆုံးဖြတ်ရတာတွေ အတွက် စုံစမ်းစစ်ဆေးရတာမို့  အချိန်ကာလ ပိုမိုကြာညောင်းတတ်ပါတယ်....
သို့ သော်လည်းပဲ လက်ရှိုပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ကတော့  ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ရဲ့ သူ
တော်စင်အဖြစ် သတ်မှတ်ရေးဆောင်ရွက်ချက်တွေကိုတော့ တတ်နိုင်သမျှမြန်မြန်ဆောင်ရွက်ပေး
နေပါတယ်...
ယခင်က အခုလိုသူတော်စဉ်အဖြစ်ကြေငြာနိုင်ဖို့ အစီအစဉ်တွေစတင်နိုင်ဖို့ တောင်အချိန် ငါးနှစ်
လောက်စောင့် ရတာကို ယခုပုပ်ရဟန်းမင်း ဂျွန်ပေါအတွက် ထိုစည်းကမ်းကို ပယ်ဖျက်လျော့ 
ပေါ့ ပေးခဲ့ ပါတယ်...
၂၀၀၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ကွယ်လွန်ခဲ့ တာနဲ့ ယုံကြည်သူအမြောက်အများဟာ
ရောမမြို့ ကစိန့် ပီတာ ရင်ပြင်မှာစုရုံးရောက်ရှိခဲ့ ကြပြီး သူတော်စင်အဖြစ် ချက်ချင်းသတ်မှတ်
ပေးပါ လို့ တောင်းဆိုတဲ့ စာတမ်းတွေနဲ့ သူတို့ ရဲ့ ဆန္ဒကိုဖော်ပြခဲ့ ကြပါတယ်...
ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါရဲ့ အံ့ သြဖွယ်တန်ခိုးတော် များနဲ့  ပါတ်သက်လို့ လည်း
အစီရင်ခံ၊ သတင်းပေးပို့ ချက်များဟာ ရောမမြို့ ၊ ဗာတီကန် ကိုအပတ်စဉ်ပဲရောက်ရှိလို့ လာနေပါ
တယ်လို့ ဆိုကြပါတယ်...
အခုလောလောဆယ် စုံစမ်းစစ်ဆေးနေတဲ့ အဓိကအချက်တစ်ခုကတော့ အသက် ၄၇ နှစ်အရွယ်
ရှိ ပြင်သစ်သူ သီလရှင် Marie Simon ဟာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါကို တိုင်တည်ပြီးဝတ်ပြုဆု
တောင်းခဲ့ ရာ သူမမှာဖြစ်ပွားနေခဲ့ တဲ့ အကြော အားနည်းပြီး ခြေလက်များတုန်ကာအကြောဆွဲ
သောရောဂါမှသက်သာပျောက်ကင်းခဲ့ တယ်ဆိုတဲ့ ပြောကြားချက်ပဲဖြစ်ပါတယ်....
အဆိုပါရောဂါကို ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါကိုယ်တိုင်ခံစားခဲ့ ရတာဖြစ်ပါတယ်...
( သူကိုယ်တိုင်ကတော့ အဆိုပါရောဂါပျောက်တယ်လို့ မပြောကြားခဲ့ ၊ မဖော်ပြခဲ့ ပါဘူး...)
မူရင်းအင်္ဂလိပ်လိုကတော့ ဒီလိုပါ....
Pope John Paul II regularly whipped himself in a sign of 'remorse for his sins,' a nun has sensationally revealed.
Pope John Paul, who died in 2005, is being considered for sainthood by the Catholic Church - the ultimate accolade and a tribute to his holiness.
As part of the Vatican's investigation thousands of documents have been collected and examined by officials from the Congregation for the Causes of Saints.
Among them is the testimony of Polish nun Tobiana Sobodka, of the Sacred Heart of Jesus order, who worked for Pope John Paul in his private Vatican apartments and at his summer residence in Castel Gandolfo near Rome.
Sister Sobodka said: 'Several times he (Pope John Paul) would put himself through bodily penance.
'We would hear it - we were in the next room at Castel Gandolfo. You could hear the sound of the blows when he flagellated himself. He did it when he was still capable of moving on his own.'
The flagellation is also confirmed by another bishop who has given testimony Emery Kabongo, who for several years was a secretary for Pope John Paul.
He said: 'He would punish himself and in particular just before he ordained bishops and priests. Before passing on the sacraments he wanted to prepare himself.
'I never actually saw it myself but several people told me about it.'
Sister Sobodka's leaked statements were published in Italian newspaper La Stampa and are part of new book on Pope John Paul II by it's Vatican correspondent.
Self flagellation is sometimes used by devoted Catholics as it reminds them of the whipping endured by Christ at the hands of the Romans before he was crucified.
It is still common in the Philippines and Latin America, some members of strict monastic orders and some members of the lay organization Opus Dei - who feature in the Dan Brown blockbuster The Da Vinci Code.
In the film - which was condemned by the Vatican - murderous Albino monk Silas, who is a member of Opus Dei is seen in a brutal scene whipping his back and drawing blood as he prays on his knees.
Today a Vatican spokesman said: 'The investigation and documentation is still secret and as such we can make no comment on it until the final report is published.
'I know that the nun in question has returned to Poland and she would have spoken with the Congregation as she was with an order that worked in the apartments of Pope John Paul.'
The Congregation for the Causes of Saints has been investigating the case for Pope John Paul since he died and has approved the late pope's 'heroic virtues' and the paperwork has been sent to his German successor.
The late Polish pope's beatification is expected to take place sometime next year, perhaps in April, to coincide with the fifth anniversary of his death or in October to coincide with his election in 1978.
Beatification is the first step in becoming a saint and in order to be granted evidence of a miracle performed by praying to the candidate in question has to be proved and verified by the Vatican.
In the case of Popes the procedure is usually much longer because the Vatican must examine much more material given the mass of responsibility and decisions taken by them as leaders of the Catholic Church.
However, Pope Benedict XVI has put John Paul II's beatification cause on a fast track, waiving a rule requiring a five-year wait before the start of the process.
Following his death in 2005 the vast crowd that gathered in St Peter's Square carried banners bearing the slogan 'Santo Subito' (Saint Immediately).
New reports of miracles attributed to John Paul II's heavenly intervention are said to arrive in Rome every week.
The key one being examined at the moment is the case of French nun Sister Marie-Simon Pierre, 47, said to have been cured from Parkinson's Disease - the same illness suffered by Pope John Paul II - after praying to him.
1 comments:
Beauty Studio USA Branded Store said...
သူတော်စင်တွေပေါ့ဗျာ။