တစ်နေ့ ကို အကြိမ်ပေါင်း ၁၂၀၀၀ နှာချေနေရသူ ၁၂ နှစ်သမီးငယ်လေး....

Wednesday, November 11, 2009

12-year-old girl sneezes 12,000 times a day

 

သင့် အနေနဲ့ သာမန်သာမြင်ရုံဆိုယင်တောာ့ အသက် ၁၂ အရွယ်ရှိ လော်ရင်ဂျွန်ဆင် အမည်ရှိကလေးမကလေးဟာ သာမာန်တရိစ္ဆာန်ချစ်သူ၊ခွေးချစ်သူလေးလို့ ပဲထင်မိမှာပါ....

ဒါပေမယ့် သင့် အနေနဲ့ သူမအနားမှာ နှစ်စက္ကန့် ကျော်ကျော်လောက်နေမိတာနဲ့  အဲဒီကလေးမ
ကလေးဟာ သာမာန်မဟုတ်တော့ ဘူးဆိုတာ သင်သိလာပါလိမ့် မယ်...
” သမီးနှာချေနေရတာဟာ ရပ်လို့ ကိုမရပါဘူး....တစ်မိနစ်ကို ရှစ်ခါ၊ ကိုးခါလောက်ကို ဖြစ်နေ
တာပါ....”  လို့  ခုနှစ်စက္ကန့် အတွင်းမှာပဲ နှစ်ခါလောက် နှာချေလျှက်နဲ့  ပဲ ကလေးမလေးက
ရှင်းပြနေရှာခဲ့ ပါတယ်...
ခြောက်တန်းကျောင်းသူဖြစ်တဲ့ အဆိုပါ သနားစရာကလေးမလေးဟာ တစ်နေ့ ကို အကြိမ်ပေါင်း
၁၂၀၀၀ မျှ နှာချေ နေခဲ့ ရရှာပါတယ်...
အခုလိုဖြစ်တာကလည်း လွန်ခဲ့ တဲ့ နှစ်ပါတ်လောက်က အအေးမိခဲ့ ရာကနေ စဖြစ်ခဲ့ တာလို့ 
ဆိုပါတယ်...
” ဖြစ်ခါစကတော့ နည်းနည်းထူးခြားတယ်ပေါ့ ...ဒါပေမယ့် သိပ်မကြာဘူးလို့ ပဲ သမီးကထင်
ထားခဲ့ တာပါ....  ဒါပေမယ့် အခုတော့ ရက်သတ္တပါတ်နှစ်ပါတ်တောင်ကြာတာတောင် မရပ်
မနား နှာချေနေရတုန်းပါပဲ.....” လို့ ၁၇ စက္ကန့် အတွင်း မှာခြောက်ကြိမ်လောက် နှာချေယင်း
နဲ့ ကလေးမလေးက ပြောပြခဲ့ ပါတယ်...

 ” ကျွန်မသမီးလေးအတွက် အဲဒီလိုဖြစ်ရတာဟာ အလွန်ကိုစိတ်ဆင်းရဲစရာ၊ တုန်လှုပ်ခြောက်
ခြားစရာကောင်းတယ်ဆိုတာ သိပါတယ်....” လို့ လော်ရင်ရဲ့ မိခင် လင်း ကပြောပါတယ်...
ဆေးခန်းပေါင်းခြောက်ခု၊ ဆရာဝန်ခြောက်ယောက်ကညွှန်းတဲ့ ဆေးအမျိုးပေါင်း ၁၁ မျိုး သောက်
ခဲ့ ပြီးတာတောင်မှ ရောဂါကသက်သာပျောက်ကင်းခြင်းမရှိသေးတဲ့  သမီးလေးရဲ့ နှာချေသံကြား
ရတိုင်း မိခင်ဖြစ်သူ လင်းဂျွန်ဆင် ရဲ့ အသည်းနှလုံးတွေ ကြေကွဲမတတ် ခံစားရရှာတာပါပဲ...
အခုတော့ ဒီကလေးမလေးရဲ့ ဖြစ်ရပ်ကြောင့် လူတိုင်းကလည်း မစဉ်းစားတတ်အောင်ကို အံ့ သြ
တွေဝေနေကြရပါတယ်...

နောက်ဆုံးသိရသမျှကတော့  အခုလို ကလေးမလေးဖြစ်ရတာဟာ စိတ်ဖိစီးမှုကြောင့် ပြန်လည်
ပြုပြင်ကုသလို့ မရတဲ့ စိတ်ထိန်းချူပ်မှုပိုင်းဆိုင်ရာ ကစဉ့် ကလျားဖြစ်မှု ရောဂါပါလို့  အာရုံကြော
ရောဂါပညာရှင်တစ်ဦးက သူမရဲ့ မိသားစုကို လွန်ခဲ့ တဲ့ အင်္ဂါနေ့ ကပြောကြားခဲ့ ပါတယ်....
အခုလို အဖြစ်အပျက်မျိုးဟာ အလွန်ပဲ ဖြစ်တောင့် ဖြစ်ခဲ မျိုးဖြစ်ပြီး ကုသမှုဟာလည်း ပျောက်
ကင်းတယ်ရယ်လို့ မရှိပါဘူးတဲ့ ....
အားရစရာကောင်းလိုက်တဲ့ ဆရာဝန်ရယ်....
သြော်....
         သနားစရာကလေးမလေးပါပဲလား....
           ကိုယ်တွေများတစ်ခါတစ်လေ အအေးမိနှာစေး၊ နှာချေယင်တောင် မနေတတ်မထိုင်
               တတ်ဖြစ်သေးတာ....သူ့ ခမျာ တစ်နေ့ ကိုအကြိမ်ပေါင်း တစ်သောင်းနှစ်ထောင်
                  ချေရတယ်ဆိုတော့ ....


ဒါကတော့ သနားစရာချစ်စရာကလေးမလေးရဲ့ ဗီဒီယိုကလစ်လေးပါ...




သတင်းအကျဉ်းလေးကတော့ ဒီလိုပါ...

At first glance Lauren Johnson is your typical 12-year-old. She loves animals, especially her dog, Bo, but sit with Lauren for more than two seconds and you quickly learn she's unique.

"I can't stop sneezing. It goes off about eight to nine times a minute," says Lauren sneezing twice in seven seconds. On a regular day the 6th grader can sneeze more than 12,000 times. It all started roughly two weeks ago when Lauren caught a cold.
"It was different and I just kind of went with it thinking that it wouldn't last this long, but it's been two weeks now and it just hasn't stopped," said Lauren sneezing six times in the 17 seconds it took for her to say that.
"I know she's miserable. I know this is terrible for her," said Lauren's mother Lynn.

Lynn Johnson's heart breaks every time she hears her daughter sneeze, because after visiting six different doctors and taking 11 different medications, the diagnosis is the same. Everybody's baffled."
UPDATE - On Tuesday morning a neurologist told the family Lauren's condition could be "irretractable psychogenic disorder" - triggered by stress. The condition is rare, and treatment options have not always proven successful.

4 comments:

သားကြီး said...

သနားလိုက်တာ ကလေးမလေးကချောချောလေး :P
အိပ်ပျော်အောင်တောင် သူ့ခမျာမနည်းကြိုးစားရမှာ

သားကြီး said...

“ဒူဘိုင်းမှာလည်းဒီလိုရှိတယ်အစ်ကိုရေ”
လုပ်လေဗျာ :P

Anonymous said...

ဟားဟား....

ကိုသားကြီးရေ...
အချွန်နဲ့ မ , မ ပါနဲ့ ဗျာ...

ကုလားအုတ်တွေ ( အာရပ်တွေ ) ဆွဲစေ့ တာခံနေရ
ပါဦးမယ်....

ဒဏ္ဍာရီ said...

အယ် ... သနားပါတယ်နော်။ စကားလေး ပြောနေတာတောင် သူ့မှာ ခဏခဏ ဖြစ်နေတယ်။ ကိုသားကြီးပြောသလို ညအိပ်ရင်လည်း သနားစရာ။ ဒီလို ပျောက်ကင်းအောင် ကုသလို့ မရတဲ့ ရောဂါတွေ အများကြီးရှိနေတယ် အကိုရေ ...။

ခင်မင်လေးစားလျှက်