Man finds Jesus in truck window

Thursday, November 5, 2009

ကားပြတင်းမှန်မှာပေါ်တဲ့ ယေရှုခရစ်တော်ပုံ...




ကားပြတင်းမှန်မှာ နေ့ စဉ်ပေါ်တဲ့  ယေရှုခရစ်တော် ပုံရိပ်...


Jonesborough မြို့ မှာနေထိုင်တဲ့  Jim Stevens က သူဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ သူတစ်
ယောက်တော့ မဟုတ်ပါဘူး...ဒါပေမယ့် သူ့ ရဲ့  အီဇူစူးပစ်ကပ်ကားရဲ့  ပြတင်းမှန်မှာနေ့ စဉ်နံနက်
တိုင်း ရသတ္တပတ်အတန်ကြာအောင် တွေ့ မြင်နေခဲ့ ရတဲ့ ပုံရိပ်ကြောင့် တော့ အံ့ သြတုန်လှုပ်ခဲ့ 
ရတယ်လို ဆိုပါတယ်...
လွန်ခဲ့ တဲ့ နှစ်ပတ်က၊ အခုလိုနေ့ မျိုးမှာပဲ ယေရှုခရစ်တော် နဲ့ လုံးဝကိုဆင်တူတဲ့  ပုံရိပ်တစ်ခု
ဟာသူ့ ကားရဲ့ ပြတင်းမှန်မှာ စတင်ပြီးပေါ်ပေါက်လာခဲ့ ပါတယ်...
Rogersville ကသူ့ ရဲ့ သူငယ်ချင်းတွေကို ပစ္စည်းတွေ ကူညီသယ်ယူရွေ့ ပြောင်းပေးနေတဲ့  Stevens
ဟာ သူ့ ရဲ့ ကားကို ယာဉ်မောင်းသူထိုင်တဲ့ ဘက်ကနေမဟုတ်ပဲ ခရီးသည်ထိုင်တဲ့  ဘက်ဆီက
နေ အဖျော်ရည်တစ်ချို့ ထည့် ဖို့ ပတ်လျှောက်သွားခဲ့ ပါတယ်...အဲဒီမှာပဲ သူဟာ ယေရှုခရစ်တော်
ရဲ့ ပုံရိပ်ကို ကားမှန်မှာတွေ့ ခဲ့ ရတာပါ...
အစပထမတော့  ပုံရိပ်ဟာပြန်ပြီးပျောက်ကွယ်သွားလိမ့် မယ်လို့ ထင်ထားမိခဲ့ ပါတယ်တဲ့ ...


ပုံရိပ်ဟာ နံနက်အစောပိုင်းကျတဲ့ နှင်းငွေ့ တွေကြောင့် ထင်နေတာဖြစ်ပြီး၊ နေမြင့် လို့ နှင်းတွေ
ပျောက်သွားယင် ပုံရိပ်ပါအတူတူပျောက်ကွယ်သွားတယ်လို့  Stevens ကပြောပါတယ်...
ဒါပေမယ့်  နောက်နေ့ မှာ နှင်းတွေထပ်ရိုက်ပြန်ယင်လည်း ပုံရိပ်ဟာထပ်ပေါ်လာတာပါပဲတဲ့ ....
ကားတံခါးပြတင်းမှန်ကို တင်လိုက်ချလိုက် လုပ်တာတောင်မှ နှင်းငွေ့ ကြောင့် ဖြစ်တဲ့ ပုံရိပ်ဟာ
ပျောက်ကွယ်မသွားပါဘူးတဲ့ ...

အဲဒီပုံရိပ်ကိုတွေ့ တဲ့ သူတိုင်းကလည်း မအံ့ သြပဲကိုမနေနိုင်ပါဘူး....ဘာဖြစ်လို့ လည်းဆိုတော့ 
မကြာသေးခင်ကမှ သူဟာ ကုန်စုံဆိုင်တစ်ခုကိုဈေးသွားဝယ်ခဲ့ တော့ သူဆိုင်ထဲကိုမ၀င်သေးခင်
မှာ အမျိုးသမီးတစ်ဦးဟာ အဲဒီပုံရိပ်ကိုတွေ့ မြင်သွားခဲ့ပါတယ်...သူပစ္စည်းတွေဝယ်ပြီးချိန်မှာတော့ 
ဆိုင်ဝန်ထမ်းအချို့ နဲ့ ဈေးဝယ်လာသူတွေဟာ သူ့ ကားရဲ့ ပြတင်းမှန်ကို ပုံရိပ်ကြည့် ဖို့ စုရုံးရောက်
ရှိနေတာကို သူတွေ့ လိုက်ရပါတယ်...

သူတို့ တွေထွက်လာပြီးကြည့် တော့ လည်း ( အဲဒီပုံရိပ်ကို )မြင်တွေ့ ရတာ တစ်ကယ်ပါပဲ...လို့ 
သူကဆိုပါတယ်...
သူ့ နေနဲ့  အခုလို ပုံရိပ်ဖြစ်ပေါ်လာအောင်လည်း ဘာမှလုပ်ခဲ့ တာမဟုတ်လို့  သူလည်းဘယ်လို
မှ ရှင်းမပြတတ်ပါဘူးလို့ ဆိုပါတယ်...
ဒါပေမယ့် သူ့ ဟာသူပေါ်နေတဲ့  ပုံရိပ်ကိုတော့ ပျောက်ကွယ်မသွားစေချင်ပါဘူးတဲ့ ...
” ဟုတ်ပါတယ်ဗျာ...ကျွန်တော်ကတော့  အဲဒီပုံရိပ် ကိုရေဆေးပစ်မှာမဟုတ်ပါဘူး....
အဲဒီပုံဟာ ကျွန်တော့် ကားမှာမှ ဘာလို့ ပေါ်လာရတာလည်းဆိုတာကတော့ ကျွန်တော်လည်း
မသိတော့ ပါဘူး...” လို့ သူကဆိုခဲ့ ပါတယ်...

ကမ္ဘာကြီးမှာတော့ ဒီလိုမျိုး ပေါ်တော်မူအဖြစ်အပျက်တွေကတော့ ဆုံးမှာကိုမဟုတ်တော့လောက်
အောင်ရှိနေဦးမှာပါပဲ ...
ယခင်ကလည်း ဒီလိုပဲ ပေါ်တော်မူယေရှု ခရစ်တော် ပုံတွေ  အကြောင်းရေးပြီးတင်ခဲ့ ဖူးပါသေးတယ်...
အားလုံးဟာလည်း သူတို့ သတင်းစာ၊ အင်တာနက်စာမျက်နှာပေါ်မှာဖော်ပြထားခဲ့ တာတွေပါပဲ....
အဲဒီလိုမျိုးအထူးအဆန်းတွေဟာ သူတို့ ဆီမှာသာမဟုတ် ကျွန်တော်တို့ ရွှေပြည်ကြီးမှာလည်း
ဖြစ်ပေါ်နေတာ ဒုနဲ့ ဒေးပါပဲ...
ယုံကြည်တာ မယုံကြည်တာကတော့ ဖတ်ရှုသူများရဲ့ တစ်ဦးချင်းပုဂ္ဂလိကအယူအဆအတွေး
အမြင်များပဲဖြစ်ပါတယ်...


မူရင်းကတော့ ဒီလိုပါဗျာ...

Jonesborough resident Jim Stevens admits he’s not a particularly religious person, but even he is awed by what he has seen nearly every morning for the last couple of weeks on the driver’s side window of his Isuzu pickup truck.
It was two weeks ago today that an image, resembling the face of Jesus, made its first appearance on the window. Stevens, who said he has a “bum shoulder,” was having friends from Rogersville help move some items. He entered his truck from the passenger’s side to put his drink inside the vehicle. He said when he went around the truck to the driver’s side, the image was there. Initially, Stevens said he figured the image would go away and that would be the end of it.
But since it first showed up, a morning dew has led to the appearance of the image. Later in the day, when the dew from the morning evaporates, Stevens said the image goes with it. However, when the dew returns the next morning so does the image on the window. Even rolling the window up and down has not stopped it from reappearing.

Stevens said no matter who sees the image, the reaction is the same, as a recent trip to the grocery store proved. He said a woman at the store had seen the image prior to him entering. By the time Stevens had bought a few small items, a number of the store’s employees and patrons had been out to catch of glimpse his window.

“There was no doubt when they came out they saw what they saw,” he said.

Stevens said he has not done anything to or had anything in the truck to explain the sudden appearance of the image. However, he’s not ready to see it go. “Of course, I’m not going to wash it,” he said of the window.
“Why it happened to me, I don’t know,” he said. “I have no idea.” 

1 comments:

သားကြီး said...

အင်း...
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး