Muddy miracle worker

Friday, November 6, 2009






ရွှံ့ လူးရုံမျှဖြင့် ရောဂါတွေပျောက်တယ်ဆိုပဲ....
 

Avinash Tripathi /Europics
သူ့ လိုဆော့ ယင်ရောဂါပျောက်တယ်ဆိုပဲ...
ဒါကြောင့် မို့ ကျွဲတွေ ဘာရောဂါမှမရှိပဲ..ကျန်းမာနေတာ


အိန္ဒိယနိုင်ငံမှ သူတော်စင်တစ်ဦးက ရေဂါဝေဒနာခံစားနေရသူများကို သူနှင့် အတူရွှံနွံများထဲတွင်
နှစ်မြုပ်လူးလိမ့် ရုံမျှဖြင့်  ဝေဒနာများပျောက်ကင်းအောင်ကုသပေးနိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်...

 အသက် ၃၁နှစ် အရွယ်ရှိ Avinash Tripathi က ဗာရာနသီမြို့ မြစ်ကမ်းနပါးမှ ချွဲပစ်နောက်
ကျိနေသော ၇ွှံ့ နွံများထဲတွင် လူးလှိမ့် ကာစိမ်နေခဲ့ သဖြင့်  သူကိုယ်တိုင်တစ်ခြား ဝေဒနာရှင်
များကို ပျောက်ကင်းအောင်ကုသပေးနိုင်သည့်  စွမ်းအားများ ရရှိခဲ့ သည်ဟု ဆိုပါတယ်...

အဆိုပါ ဟိန္ဒူဘာသာဝင် သူတော်စဉ်ဟာ သူ့ ရဲ့ မိသားစု နဲ့  ကျောင်းဆရာအဖြစ် အသက်မွေး
ဝမ်းကျောင်း အလုပ်အကိုင်ကိုပါ စွန့် ပစ်ခဲ့ ကာ ဂင်္ဂါမြစ်ကမ်းပါးနဘေးက ညစ်ပတ်နံစော်နေတဲ့ 
ရွှံ့ နွံနေထဲမှာ နေထိုင်ခဲ့ ပါတယ်...
” သဘာဝတရားရဲ့  အစစ်အမှန် အစိမ်းသက်သက် အခြေအနေနဲ့  စိတ်ရောကိုယ်ပါ ဆက်သွယ်
နိုင်မှသာ အနာရောဂါဝေဒနာတွေကို တစ်ကယ်ပျောက်ကင်းစေနိုင်မှာပါ...”  လို့ Tripathi က
ရှင်းပြခဲ့ ပါတယ်...
” ကမ္ဘာမြေကြီးသာ ( ရွှံ့ တွေသာ သူတို့ ကိုယ်တွေပေါ်ကို ပေးပြီးစီးဆင်းစေလိုက်ပါ....ရောဂါဝေ
ဒနာမှန်သမျှ ပျောက်ကင်းစေနိုင်ပါတယ် ....”  လို့ သူက ထပ်ပြီးရှင်းပြလိုက်ပါသေးတယ်...

အင်း....
ခေတ်သစ်ဆေးသိပ္ပံပညာရှင်တွေတောင် သူ့ ကိုခြေသလုံးဖက်ပြီးတောင်းပန်ရတော့ မယ့် ပုံပဲ....
သူကုလိုက်လို့ အားလုံးရောဂါပျောက်ကုန်ယင်၊ ကုစရာမကျန်တော့ ဘူးလေ....

သူပြောလို့  ကျွန်တော်တို့ ငယ်ငယ်က မိုးရွာယင် ရေအိုင်၊ရေကန်ဘောင်မှာ၊ ချောင်းကမ်းပါးမှာ
ရွှံ့ တွေလူးပြီးဆော့ ကစားကြတာ အမှတ်ရမိတယ်...အဲဒီတုံးက ကျန်းမာတာ ဒီဆာဒူးပြောသလို
ကြောင့် ထင်တယ်...
အခုခေတ် ရန်ကုန်ကလေးတွေ သနားပါတယ်...ကျွန်တော်တို့ တုံးကလို သဘာဝတရားနဲ့ ပျော်
ပျော်ပါးပါး မဆော့ နိုင်ရှာကြတော့ ဘူး...


An Indian holy man says he can cure the sick - by persuading them to wallow in the mud with him.
Avinash Tripathi, 31, claims that immersing himself in the slime on the riverbanks in Varanasi gives him the power to heal others.
The Hindu hermit gave up a family, his home and a job as a teacher to live in the polluted mud banks of the River Ganges.
"Only by reconnecting with the rawness of nature can man find true healing," Tripathi explained.
"Any ills can be cured when people let the earth flow through them."

2 comments:

sosegado said...

မှတ် သားရပါတယ်။
sosegado

သားကြီး said...

သားကြီးတို့ရွှံလူးတာဘာပြောကောင်းမလဲ
ကျွဲကတောင်အရှုံးပေးရတယ်
အင်းး....ဘာလိုလိုနဲ့ရွှံမလူးခဲ့ရတာကြာပေါ့ :P