ခွင့် လွှတ်တော်မူပါ....
Wednesday, November 18, 2009
Killer jailed by prayer for forgiveness
သူ့ သမီးကိုလည်းလက်မထပ်ပဲအတူပေါင်းသင်းသေးတယ်...
သူ့ အိမ်ပေါ်လည်းတက်နေသေးတယ်...သတ်ပြီးတော့ မှ
ခွင့် လွှတ်ပါတဲ့ ....
အတူနေရည်းစားဖြစ်သူရဲ့ မိခင်ဖြစ်သူကို သတ်ခဲ့ သူတစ်ဦးဟာ သူကျူးလွန်ခဲ့ တဲ့ အပြစ်တွေ
အတွက်ခွင့် လွှတ်ပါမည့် အကြောင်း ထာဝရဘုရားသခင်ထံ ၀န်ခံဆုတောင်း နေခဲ့ တာကို ရဲ
များကကြားသွားခဲ့ ပြီးနောက် အဖမ်းခံခဲ့ ရကာ ထောင်ဒါဏ်တစ်သက်တစ်ကျွန်း အပြစ်ပေးခြင်း
ခံခဲ့ ရပါတယ်...
အသက် ၄၅ နှစ်ရှိ George Maben ဟာ သူ့ ရည်းစားရဲ့ မိခင်ဖြစ်သူ Maureen Cosgrove
အသက် ၆၅ နှစ် ကို သူမရဲ့ နေအိမ်မှာ လွန်ခဲ့ တဲ့ မတ်လက လည်ပင်းညှစ်ပြီးသတ်ခဲ့ တာဖြစ်
ပါတယ်...
သူဟာ လန်ဒန်မြို့ တောင်ပိုင်း Carshalton Beeches အရပ်မှာရှိတဲ့  အိမ်မှာ သေဆုံးသူ အမျိုး
သမီးကြီးရဲ့ သမီးဖြစ်သူ၊ သူနဲ့ ရတဲ့ ကိုယ်ဝန်လွယ်ထားရတဲ့  သူ့ ရည်းစား Lucy Rees နဲ့ အတူ
နေထိုင်လျှက်ရှိနေတာဖြစ်ပါတယ်...
ရဲများက သံသယရှိနေခဲ့ တဲ့ သူ့ ရဲ့ ကားထဲမှာ အသံဖမ်းကိရိယာများတပ်ဆင်ထားခဲ့ ပြီးနောက်
” အဖ ဘုရားသခင်....ကျွန်တော်မျိုးပြစ်မှားကျူးလွန်ခဲ့ တာတွေအတွက်အပြစ်သားကိုခွင့် လွှတ်
တော်မူပါ...”  ဟု  သူဆုတောင်းနေခဲ့ တာကိုကြားခဲ့ ရပြီးနောက် သူ့ ကိုဖမ်းဆီးခဲ့ ခြင်းဖြစ်ပါ
တယ်....
သူဟာထောင်ထဲမှာအနည်းဆုံး ၁၃ နှစ်လောက်တော့ အပြစ်ဒါဏ်ကျခံရမှာပါ....
တရားခွင်စစ်ဆေးမှုများအတွင်းမှာ Maben ဟာ သူ့ မိခင်အိမ်ကနေ အဘွားကြီး Cosgrove
ရဲ့ နေအိမ်ကို ဘတ်စကားစီးသွားခဲ့ တာ၊ လမ်းခရီးမှာ လက်အိတ်စွပ်နေခဲ့ တာတွေကို လုံခြုံရေး
ကင်မရာတွေကနေရုပ်သံဖမ်းထားခဲ့တာကနေ ရဲတွေကစုံစမ်းသိရှိခဲ့ကြောင်း၊ အဲဒီနောက်သူ
ဟာ အသက် ၃၄ နှစ်ရှိ သူ့ ရည်းစား Rees  နဲ့ တွေ့ ပြီးအိမ်ကိုပြန်လာခဲ့ ကာ အဘွားကြီးသေ
ဆုံးနေတာတွေ့ ခဲ့ တယ်လို့ ကြားနာခဲ့ ၊ ထွက်ဆိုခဲ့ ပါတယ်...
သေဆုံးသူရဲ့ ခန္ဓာကိုယ်မှအသားစအမျှင်စတွေကို Maben  ရဲ့ အ၀တ်အစားမှာတွေ့ ရပေမယ့် 
သူ့ ကိုတရားစွဲဆိုဖို့  သက်သေခံအချက်အလက်အထောက်အထားများ ပိုမိုလိုအပ်နေခဲ့ တယ်
လို့ ဆိုပါတယ်...
ဖမ်းစက်ကိုတပ်ဆင်ထားခဲ့ ပြီး၊ ဧပြီလ ၉ ရက်နေ့ မှာတော့ ” အို...ထာဝရအဖဘုရားသခင်...
ကျွန်တော်မျိုးကိုကူညီစောင်မတော်မူပါ...ကျွန်တော်မျိုးနှင့် လူစီ တို့ ကိုရဲတွေစုံစမ်းထောက်
လှမ်းနေတာတွေကို တားဆီးဖယ်ရှားပေးပြီး အားလုံးကိုအဆင်ပြေချောမွေ့ အောင်ဆောင်ကြဉ်း
ပေးတော်မူပါ...”  ဟူသော တုန်ရီလှိုက်လှဲသော သူ့ ရဲ့ ဆုတောင်းသံ ကိုကြားခဲ့ ရပါတယ်...
” ကျွန်တော်မျိုးကျူးလွန်ခဲ့ တဲ့ အပြစ်တွေကိုခွင့် လွှတ်တော်မူပါ အဖဘုရားသခင်.... ကျွန်
တော်မျိုးအနေနဲ့ ဆက်ပြီးသည်းခံနိုင်စွမ်းမရှိတော့ လို့ ပါ ( သူ့ ကိုသတ်ခဲ့ ရတာပါ...) သူမ
ဟာ နေ့ စဉ်နဲ့ အမျှ ကျွန်တော့် ကိုဒုက္ခပေးနေခဲ့ တာပါ...ခွင့် လွှတ်ပါရန်အနူးအညွတ်တောင်း
ပန်အပ်ပါတယ်....”  လို့ သူကဆုတောင်းခဲ့ ပါတယ်...
Maben ကတော့ လူသတ်မှုကို သူမကျူးလွန်ခဲ့ ပါဘူးလို့ ငြင်းဆိုခဲ့ ပါတယ်...သို့ သော် တရား
သူကြီးအဖွဲ့ ကတော့ သူ့ ကိုအပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ်...
တရားသူကြီး Jeremy Roberts  က သူ့ ကိုအနည်းဆုံး ၁၃ နှစ် ထောင်ထဲမှာနေရမယ့် တစ်
သက်တစ်ကျွန်းအပြစ်ဒါဏ်ချမှတ်ခဲ့တာပါ....
တရားသူကြီးက Maben  အနေနဲ့ စိတ်ဖိစီးမှုတွေဖြစ်နေတဲ့ အပြင် သေဆုံးသူရဲ့ စရိုက်လက္ခ
ဏာတွေကြောင့် ဖြစ်ခဲ့ ရတာမို့ ကြိုတင်ကြံစည်ကာ သတ်ဖြတ်မှုအဖြစ်ကနေ လျော့ ပေါ့ ပြီး
အပြစ်ဒါဏ်ကိုလျော့ ချပေးခဲ့တာလို့ ဆိုပါတယ်...
ထူးပါပေသည်....ဆန်းပါပေသည်ပေါ့ ဗျာ....
ဘုရားသခင်ခွင့် လွှတ်တာခွင့် မလွှတ်တာကတော့ နောက်မှ....
လောလောဆယ် ရဲတွေကတော့  ခွင့် မလွှတ်နိုင်ဘူးတဲ့ ဗျာ....
မူရင်းကတော့ ဒီလိုပါ....
A man convicted of murdering his girlfriend's mother after police overheard his prayers for forgiveness was jailed for life yesterday.
George Maben, 45, strangled Maureen Cosgrove, 65, in her home on 24 March this year. He had been living with Cosgrove's daughter Lucy Rees, who was pregnant with his child, at the house in Carshalton Beeches, south London. Police arrested Maben after bugging his car and overhearing his words: "God, forgive me for what I have done." He will serve at least 13 years in prison.
During the trial, the court heard that police had CCTV footage of Maben taking a bus from his mother's home to Cosgrove's residence, putting on gloves during the journey. He later met Rees, 34, and they returned to the house to find the body. Fibres from the dead woman's body were found on Maben's clothing, but police needed more evidence to charge him.
Officers placed a secret listening device in a Ford Focus used by the unemployed Maben, and on 9 April recorded his appeal for help. "Please God, help me ... for me and Lucy eliminated from all police inquiries and everything's all right, please God help me," an emotional, whispering Maben was heard to say.
"God forgive me for what I have done. I just could not take it any more. Every single day, she was breaking me down. Please God will you forgive me? Please God, sorry."
Maben denied murder but was convicted by a jury at the Old Bailey. Judge Jeremy Roberts sentenced him to life imprisonment with a minimum term of 13 years. He said he was reducing the term from that which may have been expected from a premeditated murder because it was out of character and because Maben had been under pressure.
3 comments:
Beauty Studio USA Branded Store said...
မကောင်းမှုဆိုတာ စိတ်ကွယ်ရာမရှိပါဘူးဗျာ။
Beauty Studio USA Branded Store said...
ကိုကြီးတာရေ ပြန်ရောက်နေပါပြီဗျာ။ ကျန်းခမ်းသာလို့ မာပါစ။ပျော်ရွှင်ပါစေဗျာ။
မငုံ said...
ကိုချမ်းပြောသလိုပဲ မကောင်းမှု့ဟူသမျှ ဆိတ်ကွယ်ရာ မရှိပါ။