မျှော်သာမျှော်သည်...ပေါ်မလာပြီ....
Tuesday, November 24, 2009
10,000 faithful disappointed as Virgin Mary fails to show
ဒီကျောင်းမှာ ကိုယ်ထင်ပြမယ်လို့ ....
အိုင်ယာလန်နိုင်ငံ Knock Basilica တွင် ယေရှုခရစ်တော်၏မယ်တော်၊ အပျိုစင်မယ်တော်မေရီ
ကိုယ်ထင်ပြမည်ဟု ယုံကြည်ကာမျှော်လင့် စောင့် စားသူပေါင်း တစ်သောင်းကျော် ဟာ သူတို့ 
ထင်ထားသလိုဖြစ်မလာခဲ့ ၊ မယ်တော်က ကိုယ်ထင်ပြမလာ သောဘေကာင့် စိတ်ပျက်၊လက်
ပျက်ဖြစ်ခဲ့ ရကြောင်း ဆိုပါသည်....
အိုင်ယာလန်နိုင်ငံ စံတော်ချိန် နေ့ လည် ၃ နာရီလောက်မှာတော့  ယုံကြည်သူပေါင်း ၇၀၀၀
ခန့် ဟာ Basilica ကျောင်းဝန်းထဲကို စုပြုံတိုးဝှေ့  ၀င်ရောက်ခဲ့ ကြပြီး ဖြစ်သလို၊ နောက်ထပ်
လူ ၃၀၀၀ ခန့် ကတော့ အပြင်ဘက်မှာရောက်ရှိစောင့် ဆိုင်းနေခဲ့ ကြပါတယ်...
မယ်တော်မေရီ ကိုယ်တိုင်၊ ကိုယ်ထင်ပြကာ ကြွလာမယ်လို့ ကြိုတင်နမိတ်ဖတ်ဟောကြားခဲ့ 
တဲ့ အတိုင်း မြင်တွေ့ ခဲ့ ရပါတယ် လို့  ပြောပြီး Basilica  ကနေ ညနေ ၄ နာရီလောက်မှာပြန်
လည်ထွက်ခွာသွားပါတယ်...
ကိုယ်တော်ကောင်းချီးပေးတော်မူခြင်းခံရသော မယ်တော်ရဲ့ ကိုယ်စားပုံရိပ် အဖြစ် သူ့ ကိုယ်သူ
ပြောဆိုနေသူ Coleman  က သူဟာ မယ်တော်မေရီ နဲ့ လည်းဆက်သွယ်ပြောဆိုခဲ့ ရပါတယ်
တဲ့ ....
ဒါပေမယ့် မယ်တော်ကသူ့ ကိုဘာတွေပြောခဲ့ တယ်၊ ဘာတွေမိန့် မှာခဲ့ တယ်ဆိုတာကိုတော့ 
ပြန်လည်ပြောကြားမှာမဟုတ်ပါဘူးလို့ ဆိုခဲ့ ပါတယ်...
မယ်တော်ကိုယ်ထင်ပြကြွရောက်မှာကို စိတ်ကောင်းနှလုံးကောင်းရှိသူတွေ သာမြင်နိုင်မှာဖြစ်
ပါတယ်လို့ လည်း Coleman  က ယခုသီတင်းပတ်အစောပိုင်း ကတည်းက ပြောကြားထားခဲ့ 
ပါတယ်....  ( ဒီလိုဆိုတော့  အဲဒီနေ့ ကမမြင်လိုက်ရတဲ့ သူအားလုံး၊ သူကလွဲယင် စိတ်ကောင်း
ယခုလ၊ လဆန်းပိုင်းတုံးကလည်း လူပေါင်းငါးထောင်လောက်ဟာ Knock Shrine  ဘုရားရှိခိုး
ကျောင်း ကိုလာရောက်ခဲ့ ကြပါသေးတယ်...ဘာဖြစ်လို့ လည်းဆိုတော့  တစ်ချို့ က နေမင်း
ကြီးဟာ ကောင်းကင်မှာ ယိမ်းနွဲ့ လှုပှ်ရား၊ ကခုန်နေတာကို မြင်ခဲ့ ရတယ်လို့ ပြောကြားခဲ့ ကြ
လို့ ပါပဲ....  ( အထူးအဆန်းဆို သိပ်စိတ်မ၀င်စားကြပေဘူး....)
မယ်တော်မေရီက သူ့ ကို ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနဲ့ အတူ Basilica  မှာရွတ်ဖတ်
သရ္ဇာယ် ဖို့ မှာကြားခဲ့ တယ်လို့  Coleman  က ဆိုပါတယ်...ဒါပေမယ့်  ကက်သလစ်ဝတ်
ကျောင်းတော်က သူ့ ဆီကို ဘုန်းတော်ကြီးတစ်ယောက်လွှတ်ပေးဖို့ ငြင်းဆိုခဲ့ လို့ သူ့ အနေ
နဲ့ စိတ်ပျက်ခဲ့ ရကြောင်းလည်း သူကပြောကြားခဲ့ ပါတယ်...
 အင်း နောက်ဆုံးတော့ ...
သူ့ အပြစ်မဟုတ်...ဘုန်းကြီးလွှတ်ပေးဖို့ ငြင်းဆန်ခဲ့ တဲ့ ကျောင်းရဲ့ အပြစ်လို့ ပုံချ လိုက်တာ
ပေါ့ ....
မူရင်းကတော့ ဒီလိုပါ....
More than 10,000 people were left disappointed in Ireland on Saturday as the Virgin Mary failed to appear as predicted at Knock Basilica.
By 3 p.m. Irish time about 7,000 people had crammed into the Basilica with a further 3,000 people outside.
Dubliner Joe Coleman, the man who had predicted the apparition left the Basilica at about 4 p.m. saying he had seen Our Lady as anticipated.
Coleman, who says he is “a visionary of our Blessed Mother” said he had also received communication from the Virgin Mary. However, he said he was unwilling to reveal the message.
Speaking earlier this week Coleman had he warned that the visitation would only be visible “to people who come with an open heart”.
Earlier this month an estimated 5,000 gathered at Knock Shrine with some people claiming to have seen the sun dancing in the sky. Mr Coleman said the Virgin Mary had asked him to recite the Rosary with a priest in the Basilica and he said he was disappointed that the Catholic Church had declined to make one available.
3 comments:
Beauty Studio USA Branded Store said...
အစွဲကြီးသူတွေပဲနော်။ ဘာသာရေးဆိုတော့လည်း ရှိမှာပေါ့။
စည်သူ said...
ဘယ်လိုပြောရမှန်း မသိပါဘူး ကိုပီတာရေ..
ဖတ်လိုက်ရတော့ ဗဟုသူတ ရသွားတာပေါ့ဗျာ..
ပျော်ရွှင်ပါစေဗျာ..
ခင်မင်စွာဖြင့်
စည်သူ။
Anonymous said...
မျက်ကန်း ယုံကြည်မှု