Saturday, March 19, 2011

ယူအေအီးနိုင်ငံ၊ဒူဘိုင်းတွင်ပထမဦးဆုံးအကြိမ်အဖြစ်စာပေဟောပြောပွဲကျင်းပမည်....

ကူဝိတ်၊ ကာတာ၊ ဆော်ဒီ၊ ဘာရိန်း၊ အိုမန် အစရှိသည့် အရှေ့ အလယ်ပိုင်းဒေသနိုင်ငံများတွင်မြန်မာနိုင်ငံ
သားများအများဆုံးလာရောက်နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသည်၊့ မြန်မာနိုင်ငံသားများအတွက် ဒုတိယစင်
ကာပူဟုပင် ခေါ်ဆိုနိုင်လောက်သည့် ကမ္ဘာကျော် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ တွင်ပထမဦးဆုံးအကြိမ်မြန်မာ့ 
စာပေဟောပြောပွဲကို မတ်လ ၂၂ ရက်နေ့ တွင်ကျင်းပမည်ဖြစ်ပါတယ်....

ဘာသာ၊ လူမျိုး ၊ ယဉ်ကျေးမှုခြင်းကွဲပြားခြားနားသည့် ဒေသတွင် နိုင်ငံအသီးသီးမှရေကြည်ရာမြက်နုရာလာ
ရောက်လုပ်ကိုင်နေသည့် လူမျိုးခြား၊ နိုင်ငံခြားသားများနှင့် လက်ပွန်းတတီးနေထိုင်လုပ်ကိုင်နေကြရသည့် 
မြန်မာလူငယ်၊ လူရွယ်များအနေနှင့် ခေတ်ကာလပေါ်ပင်ယဉ်ကျေးမှုရေစီးကြောင်းအပြင် ထိုထိုနိုင်ငံသား
များ၏ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ပြုမူပြောဆိုနေထိုင်မှု အကျင့် စရိုက်စသည်တို့ ၏လွှမ်းမိုးမှုကို အနည်း
နှင့် အများတော့ ခံကြရမည်သာ....

ထိုအခြေအနေမျိုးတွင် မိမိ၏အမျိုး၊ ဇာတိဖြစ်သော နိုင်ငံ၊ လူမျိုး၊ ဘာသာတရားများအပေါ်ထားရှိသည့် ချစ်
မြတ်နိုးသည့် ၊ ဂုဏ်ယူသည့် စိတ်ဓါတ်များ ရှင်သန်ထက်မြက်စေရေး၊ ပြည်ပရောက်မြန်မာများအချင်းချင်း
နွေးထွေးသည့် ဆက်ဆံမှုမျိုးဖြင့် ရိုင်းပင်းကူညီသည့် စိတ်ဓါတ်များတိုးတက်ပွားများရှင်သန်ရေးတို့ သည်
လည်းအရေးကြီးလှသည့် အချက်အလက်များပင်တည်း...
ထိုသို့ မိမိတို့ ၏အမျိုးဇာတိဂုဏ်မြင့် မားစေရန်အခြေအနေများပေါ်ထွန်းတည်တံ့ နိုင်ရေးအတွက်၎င်း၊မြန်မာ
ပြည်ရှိ အကူအညီလိုအပ်လျှက်ရှိသောလူမှုရေး၊ ဘာသာရေးကိစ္စရပ်များတွင် ပါဝင်လှူဒါန်းထောက်ပံ့ နိုင်ရန်
အတွက်၎င်းယူအေအီးနိုင်ငံရောက်မြန်မာလူငယ်များက ကြိုးပမ်းဆောင်ရွက်သည့် အနေဖြင့် ကန္တာရ၀ဿ
လူမှုရှေ့ ဆောင်အမည်ရှိ မြန်မာ့ လူမှုရေးအဖွဲ့ လေးတစ်ခုစုစည်းထားခဲ့ ကြပါတယ်...

ထိုအဖွဲ့ လေးမှ ယူအေအီးနိုင်ငံရောက်ရွှေမြန်မာများ အသိပညာဗဟုသုတများတိုးပွားစေဖို့ ၊ မြန်မာလူငယ်
များအချင်းချင်းရင်းနှီးချစ်ခင်စွာစုစည်းတွေ့ ဆုံနိုင်ဖို့ စသည့် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ပထမ
ဦးဆုံးအကြိမ် မြန်မာ့ စာပေဟောပြောပွဲကို ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်နေပါတယ်...
စင်္ကာပူနိုင်ငံကဲ့သို့ ချမ်းသာကြွယ်ဝသောမြန်မာစီးပွားရေးလုပ်ငန်းရှင်များအခြေချနေထိုင်ခြင်းမရှိသေးသည့် 
( ရှိခဲ့ လျှင်လည်း မသိရှိနိုင်သေးသည့် ) အတွက် မတည်ငွေ၊ စပွန်ဆာမရရှိနိုင်သည့် ဒူဘိုင်းတွင် တရားပွဲမှ
သည် ယခုစာပေဟောပြောပွဲကဲ့ သို့ ငွေကုန်ကြေးကျများလှသည့် ပွဲတစ်ပွဲဖြစ်မြောက်ဖို့ ကားလွန်စွာမှ လွယ်
ကူလှသည်မဟုတ်ပေ...

ထိုသို့ အစစအရာရာမိမိတို့ ဘာသာစိုက်ထုတ်စီစဉ်ရသည့် ကိစ္စမျိုးတွင် အများကောင်းကျိုးအတွက်မိမိတို့ 
၏လက်ရှိလုပ်ငန်းတာဝန်များ၊ ကိုယ်ပိုင်လုပ်ငန်းများ၊ ကိုယ်ပိုင်အချိန်များကို ပေးဆပ်ကာအပင်ပန်းခံ၊ ၀ီရိယ
ကြီးစွာဖြင့် စိုက်ထုတ်အကောင်အထည်ဖော်နေသည့် သူများကားလေးစားဂုဏ်ယူဖွယ်ရာပင်....
သို့ အတွက်ဤစာစုကိုဖတ်မိသည့် မည်သူမဆို အဝေးရောက်မြန်မာများကျင်းပသည့် စာပေဟောပြောပွဲအ
တွက် ၀မ်းမြောက်ဂုဏ်ယူနိုင်၇န်၊ တတ်နိုင်သည့် ဘက်မှကူညီဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ ပါဝင်ထောက်
ပံ့ ၊ လှူဒါန်းကူညီနိုင်ရန်၊ သတင်းစကားလက်ဆင့် ကမ်းနိုင်ရန် ထပ်ဆင့် တင်ပြလိုက်ရပါသည်....





စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ( TTMY  : တောက်တိုမယ်ရ တာဝန်ယူထားသော ကိုပီတာ )
အလုပ်များနေမည်ဖြစ်ပါသဖြင့်  သတင်းများတင်နိုင်ဦးမည်မဟုတ်ပါကြောင်း ချစ်မိတ်ဆွေအပေါင်းအား
အသိပေးပန်ကြားအပ်ပါတယ်...

11 comments:

မိုးယံ said...

အဲ... ၀မ်းသာစရာ သတင်းပဲ ကောင်းပဲ..

Anonymous said...

ကိုကြီးဗီဇာပို့ ပေး လာမလို့ 

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကြားရတဲ့သတင်းကပိုပြီးမင်္ဂလာပါရှိပါတယ်ဗျာ-
ဆက်လက်ပြီးကျင်းပနိုင်ပါစေ-
အစစအရာရာအားလုံးအဆင်ပြေပါစေဗျာ-

An Asian Tour Operator said...

ရည်ရွယ်ချက် ကောင်းပါပေတယ်ဗျာ။

ချမ်းလင်းနေ said...

အစ်ကိုရေ အဲဒီနေ့မှာ ဆုံကြမယ်လေ။ လာနိုင်အောင်တော့ ကြိုးစားထားတယ်။

သဒ္ဓါလှိုင်း said...

စာပေဟောပြောပွဲအတွက် ကြိုးပမ်းကြတဲ့သူတွေ
အားလုံးကို လေးစားချီးကျူးမိပါတယ်.။
အောင်မြင်ပါစေ.။
ခင်မင်စွာ
သဒ္ဓါလှိုင်း

သဒ္ဓါလှိုင်း said...

စာပေဟောပြောပွဲပြီးရင် အတွေ့အကြုံလေးတွေ
မျှဝေပေးပါနော်....
ခင်မင်စွာ
သဒ္ဓါလှိုင်း

Unknown said...

can't bro :) pls should more afford on blog. just kidding take care

Unknown said...

cant u should more afford on blog. just kidding :) take care bro

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ “ကိုပီတာ”
ကျနော်တို့တတွေသတင်း“ငတ်”အုံးမှာပေါ့ဗျာ-
စင်္ကာပူမှာတော့တလထဲကို ၂ ပွဲဗျို့  ၂ ပွဲ-
အားရပါးရကိုကြည့်ရအုံးမည့်ပွဲပါတဲ့ခင်ဗျာ-

Unknown said...

TTMY မဟုတ်ပါဘူး။ ဆရာကြီးတွေရဲ့ လိုအပ်သမျှအတွက် အနီးကပ် ပါရမီဖြည့်ကူညီပေးတဲ့အတွက် ဓာတ်တွေကူးစက်ပြီး ကိုပီတာလည်း နာမည်ကြီးသထက် ကြီးတော့မှာပါ။