World's shortest man

Friday, March 11, 2011

ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာ့ အပုဆုံးလူသား....

ဒီကမ္ဘာမှာ ကျွန်တော်အပုဆုံးပါပဲ....
Mini marvel ... Junrey, says it would be 'very cool' to be the world's smallest man 


သူ့ အရပ်ကား ဖန်ပုလင်းထက်အနည်းငယ်သာ ပိုရှည်ပါလိမ့် မည် သို့ သော် ဖိလစ်ပိုင်နိုင်ငံမှ ဂျန်ရေးဘာ
လာဝင်း ကလေးကတော့ မကြာခင်မှာပဲ ကမ္ဘာ့ အရပ်အပုဆုံး၊ ခန္ဓာကိုယ်အသေးငယ်ဆုံး ( အရွယ်ရောက်
ပြီး ) လူသားဖြစ်လာတော့ မှာဖြစ်ပြီး အလွန်ကိုထင်ပေါ်ကျော်ကြားဦးမှာဖြစ်ပါတယ်...

 
အောင်မြင်ထင်ရှားကျော်ကြားလာဦးမည့် လူပုလေး...
Set for stardom ... 17-year-old Junrey
Balawing, just 22 inches tall
အသက် ၁၇ နှစ်ရှိပြီဖြစ်ပေမယ့်  ၂၂ လက်မ သာအရပ်မြင့် တာမို့ သူကလေးဟာ တစ်နှစ်သားအရွယ်က
လေးငယ်တစ်ယောက်ထက်ကို သေးငယ်တယ်လို့ ပြောလို့ ရပါတယ်...
လာမည့် ဇွန် လ ၁၂ ရက်နေ့ မှာ သူ့ အသက် ၁၈ နှစ်ပြည့် မှာမို့ လက်ရှိ ( ကမ္ဘာ့ အပုဆုံး၊ လူပုလေး ) စံချိန်
ထက် သူက ၅ လက်မ ပိုနိမ့် ပြီး စံချိန်ချိုးတော့ မှာဖြစ်ပါတယ်...
လူပုလေးဂျန်ရေးဟာသူ့ ရဲ့ အသက်တစ်နှစ် ကနေစပြီး ခန္ဓာကိုယ်မဖွံ့ ဖြိုး၊ အရပ်မရှည်တော့ တာဖြစ်ပြီးကြာ
ကြာလည်းမရပ်နိုင်တဲ့ အပြင် လမ်းတောင်အနိုင်နိုင်လျှောက်နေရရှာပါတယ်...
ဒါပေမယ့် သူ့ အနေနဲ့ ကမ္ဘာ့  ( အသေးဆုံး၊ အပုဆုံး ) စံချိန်ချိုးတော့ မယ့် အကြောင်းပြောပြရာမှာတော့ သူ
ဟာ ပြုံးရွှင်လို့ နေပါတယ်...
" ကျွန်တော်ဟာ ကမ္ဘာမှာ အသေးဆုံးလူသားဖြစ်ရမယ်ဆိုယင်တော့ သိပ်ကောင်းတာပေါ့ ဗျာ..." လို့ သူက
ဆိုပါတယ်...
ဂျန်ရေးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံသီခေါင်သော ဇမ်ဘိုအမ်ဂါဒယ်နော့ ပြည်နယ်ရှိ ရွာကလေးတစ်ရွာမှာ
သူ့ ရဲ့ မိဘနှစ်ဦး၊ သူ့ ထက်အသက်ငယ်သော်လည်း အရပ်ပိုမြင့် ကြသည့် ညီမ  ၂ ယောက်၊ ညီ ၁ ယောက်
တို့ နှင့် အတူနေထိုင်လျှက်ရှိပါတယ်...
သူ့ ရဲ့ ညီမတွေဖြစ်ကြသည့်  အသက် ၁၃ နှစ်ရှိ ဂျေဆယ်လ်၊ အသက် ၆ နှစ်ရှိ ဂျန်းရစ်ခ်ျ၊ ညီဖြစ်သူ အသက်
၁၁ နှစ်ရှိ ဂျေအတ် တို့ ကျောင်းသွားနေကြချိန်မှာ သူကတော့ မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီယွန် နဲ့ အိမ်မှာနေ
ခဲ့ ရပါတယ်...

အဖေရယ်၊ အမေရယ်၊ ချစ်သော ညီ၊ ညီမတွေရယ်နှင့် အတူ....

" သူ့ ကိုတစ်နေ့ လုံးတစ်ချိန်လုံးပြုစု၊ စောင့် ရှောက်နေရတာပါပဲ...ဂျန်ရေးကလေးဟာ အကူအညီပါမှသာ
လမ်းလျှောက်နိုင်တာဖြစ်ပြီး နာကြင်ကိုက်ခဲနေတတ်လို့ မတ်တပ်လည်းကြာကြာမရပ်နိုင်ရှာပါဘူး..." လို့ အ
သက် ၃၅ နှစ်ရှိ မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီယွန် ကပြောပြပါတယ်...

နာကြင်ကိုက်ခဲနေတတ်လို့ ကြာကြာလည်းမတ်တပ်မရပ်နိုင်ပါဘူး...
A hard life ... Junrey, second left, cannot stand
for long due to the pain

သူ့ ကို မိဘတွေက တစ်ချိန်လုံးနီးပါးပွေ့ ချီသယ်ပိုးသွားလာနေကြရတာဖြစ်ပါတယ်.....အသက် ၃၇ နှစ်ရှိပြီ
ဖြစ်သည့် ဖခင်ဖြစ်သူ ပန်းပဲဆရာ ရေနယ်လ်ဒို ကတော့ တစ်ပါတ်မှာ ၆ ရက်လောက်အိမ်နေထွက်ခွာပြီးအ
ဝေးမှာ အလုပ်သွားလုပ်ရပေမယ့် သူအိမ်ပြန်ရောက်ယင်တော့ ဂျန်ေ၇းတစ်ယောက် သူ့ ဖခင်ရဲ့ ပခုံးပေါ်ခွ
စီးပြီး ရွာထဲလျှောက်သွားလည်နေရတာကိုပျော်ရွှင်နှစ်သက်လှပါတယ်...
သူမရဲ့ သား အသက် ၂ နှစ်ပြည့် ကစပြီး မဖွံ့ ထွား၊ အရပ်မရှည်လာတော့တာကို မိခင်ဖြစ်သူ ကွန်ဆက်ပ်ဆီ
ယွန် ကသတိပြုခဲ့ မိပါတယ်...
" ( ထိုစဉ်က ) သူဟာအမြဲပဲနေမကောင်းဖြစ်နေပြီး အရွယ်လည်းမကြီးလာတော့တာမို့ ကျွန်မတို့ ဆရာဝန်
ဆီသွားပြကြတော့ ဆရာဝန်တွေ အံ့ အားသင့် ကုန်ကြပါတယ်..." လို့ မိခင်ဖြစ်သူကဆိုပါတယ်...
 ဂျန်ရေး အသက် ၁၂ နှစ်မှာတော့ ထိုဆရာဝန်ကပဲ သူ့ ကိုအားဆေးတွေတိုက်ဖို့ အကြံပေးပါတယ်...ဒါပေ
မယ့် ထူးမလာတော့ ပါဘူး...
သူ့ ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့ ပေမယ့် ဂျန်ရေးဟာ အစားတော့ တော်တော်စားနိုင်ပါတယ်...
သူဟာ ပေါင်မုန့် တွေစားလိုက်၊ ပြောင်းဖူးတွေစားလိုက်နဲ့ ပါပဲ...

အပြုံးချိုချိုနဲ့ တစ်နှစ်သားအရွယ်သာရှိသည့် ကမ္ဘာ့ အပုဆုံးလူသားလေး....
 Big smile: Junrey turns 18 later this year but he will still only be as tall as a one-year-old.

သူ့ ရဲ့ ဟောင်းနွမ်းဆွေးမြေ့ နေပြီဖြစ်တဲ့ မွေးစာရင်းကသူ့ ကို ၁၉၉၃ ခုနှစ်မှာမွေးဖွားခဲ့ တာဖြစ်ကြောင်းသက်
သေပြနေသလို အဲဒီအရာကလည်း သူ့ မိသားစုနေအိမ်အတွက် ဂုဏ်ယူဝင့် ကြွားစရာတစ်ခုဖြစ်နေတာပါပဲ..
သူဟာ စာရေးတာနဲ့ အရုပ်ဆွဲတာတွေလေ့ လာသင်ယူနေပြီး မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်
ငန်းမှာ တတ်နိုင်သလောက်လေးတော့ ကြက်စာကျွေးခြင်းဖြင့် ကူညီပါသေးတယ်...
" တစ်ခြားကလေးတွေကျောင်းတက်ချိန်မှာ အလုပ်လေးဘာလေးလုပ်ချင်ပေမယ့် ဂျန်ရေး ကိုလည်းပစ်ထား
ခဲ့ လို့ မရပါဘူး.... ကျွန်မသူ့ ကို သားဟာအခုဆိုကမ္ဘာမှာ အသေးဆုံးလူဖြစ်နေပြီလို့ ပြောတော့ သူက ဂုဏ်
ယူတဲ့ အပြုံးနဲ့ ပြုံးပါတယ်..." လို့ မိခင်ဖြစ်သူကပြောပါတယ်...

ကျွန်တော်ကတော့ လက်ရှိချန်ပီယံပေါ့ ဗျာ....( မကြာခင်တော့ဒီဘွဲ့ လက်လွတ်ဆုံးရှုံးရတော့မှာပါ...)
လက်ရှိကမ္ဘာ့ အပုဆုံးလူသား နီပေါသားလေး ခါဂျင်ဒရာ...
ယခုလက်ရှိ ကမ္ဘာ့ အပုဆုံးစံချိန်ရှင်ကတော့ နီပေါနိုင်ငံက လူပုလေး ခါဂျင်ဒရာဖြစ်ဖြစ် သူအရပ်က ၂၆.၄ 
လက်မ ရှိပါတယ်...
နီပေါနိုင်ငံက ဝေးလံတဲ့ ရွာကလေးတစ်ရွာမှာမွေးခဲ့တဲ့ ခါဂျင်ဒရာလည်း ထိုဘွဲ့ မဆွတ်ခူးစဉ်ကပင် အိန္ဒိယ
တိုက်နယ်တစ်လွှားမှာတော့ နာမည်ကျော်ဖြစ်ခဲ့ တာပါပဲ...

 ကျွန်တော်ကတော့ ကမ္ဘာ့ အပုဆုံးဘွဲ့ ကို အတိုဆုံးကာလ သာပိုင်ဆိုင်ခဲ့ ရတဲ့ ကိုလံဘီယားသားလေး
အက်ဒ်ဝါ့ နီနိုဟာနန်ဒက်ဇ် ပါ....

သူဟာ လွန်ခဲ့ တဲ့ နှစ် အောက်တိုဘာလက အသက် ၁၈ နှစ်ပြည့် ခဲ့ လို့ အရပ် ၂၇ လက်မသာရှိတဲ့ ကိုလံဘီ
ယာနိုင်ငံသား အက်ဒ်ဝါ့ ဒ်နီနိုဟာနန်ဒက်ဇ် ဆီကနေ ထိုအရပ်အပုဆုံးဘွဲ့ ထူးကိုလွှဲပြောင်းယူခဲ့ တာဖြစ်ပြီး
အက်ဒ်ဝါ့ ဒ် ဟာလည်းထိုအရပ်အပုဆုံးဘွဲ့ ထူးကို တရားဝင်ရခဲ့ တာ ၈ ရက်မျှသာရှိသေးတာဖြစ်ပါတယ်...

 ကျွန်တော်ကတော့ ဆွေမျိုးပေါက်ဖော် အပုဆုံးအတိုဆုံးလူသားဘွဲ့ နဲ့ တော်တော်လုပ်စားနိုင်
ခဲ့ ပါသေးတယ်...

နှလုံးသွေးပျက်ဖွယ်ရာတွေမြင်ပြီး မနှစ်ကမှ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ တယ်...

ထိုစဉ်က ကမ္ဘာ့ အရပ်အပုဆုံး လူပုလေးဖြစ်ခဲ့ တဲ့ တရုတ်နိုင်ငံသား ဟေပင်ပင်း တစ်ယောက် လွန်ခဲ့ သည့် 
နှစ် မတ် လမှာနှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ လို့ တရားဝင်ကမ္ဘာ့ အပုဆုံးလူသားဘွဲ့ အတွက် ယှဉ်ပြိုင်ရွေး
ချယ်ခဲ့ ကြတာဖြစ်ပါတယ်...
" ကျွန်တော်တို့ အနေနဲ့ ဂျန်ရေး အသက် ၁၈ နှစ်ပြည့် တာနဲ့ ဒီဘွဲ့ ထူးအတွက် တ၇ားဝင်လျှောက်ထားခွင့် ရ
မှာမို့ ဒီအပုဆုံးလူသားဖြစ်တယ်ဆိုတဲ့ တောင်းဆိုချက်ကို ဆန်းစစ်သွားမှာဖြစ်ပါတယ်..." လို့ ဂင်းနစ် ကမ္ဘာ့ 
ထူးဆန်းမှတ်တမ်းအဖွဲ့ ပြောရေးဆိုခွင့် ရှိသူကပြောကြားခဲ့ ပါတယ်...

 တူရကီက ကမ္ဘာ့ အပုဆုံးအမျိုးသမီး...

အသက် ၂၁ နှစ်ရှိ၊ တူရကီနိုင်ငံမှ ဟာတစ်စ်ကိုကာမန် ကတော့ အရပ် ၂၈ လက်မ နှင့် ကမ္ဘာ့ အပုဆုံး၊ အ
သေးဆုံးအမျိုးသမီး ဖြစ်ပါတယ်...
သူမဟာ ထူးဆန်းတဲ့ အရိုးရောဂါတစ်မျိုးဖြစ်နေတာမို့ ကိုယ်အလေးချိန်ကလည်း ၁၅ ပေါင် သာရှိပါတယ်...

 အမေရိကန်မှ ကမ္ဘာ့ ခန္ဓာကိုယ်အသေးဆုံးမိခင်...

အမေရိကန်နိုင်ငံမှ စတေဆီဟာရယ်ဒ် ကတော့ အရပ် ၂၈ လက်မနှင့် ကမ္ဘာ့ ခန္ဓာကိုယ်အသေးဆုံး မိခင်
တစ်ဦးဖြစ်ပါတယ်...
ကန်တပ်ကီ ပြည်နယ်မှ အသက် ၃၆ နှစ်ရှိအမျိုးသမီးဟာ အရပ်  ၅ ပေ၊ ၉ လက်မ ရှိတဲ့ အသက် ၂၇ နှစ်အ
ရွယ်ရှိခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေထိုင်ပြီး သားသမီး ၃ ယောက်မွေးဖွားခဲ့ ပါတယ်...

ဓါတ်ပုံများကို ဆန်းသတင်းစာ၊ ဒေလီမေးလ်၊ဂူဂယ်လ်ကရှာဖွေတွေ့ ရှိတင်ပြပါတယ်...


He might only be slightly taller than a glass bottle, but Junrey Balawing is set to break big world records.
Meet Junrey Balawing, the Filipino who is about to become the world's smallest man - and a huge star.
At just 22 INCHES high, the 17-year-old is tinier than a one-year-old.
When he turns 18 on June 12, he will take the title - smashing five inches off the current record.
The titchy teen has not grown since his first birthday, struggles to walk and cannot stand up for long.
But he beams with pride when talking about his likely world record.
He said: "If I were the smallest man in the world, it would be very cool."
Junrey lives with his parents and three younger - but taller - siblings in a village in a remote region of the Phillipines' Zamboanga del Norte province.

He has to stay at home with his mum, Concepcion, while his sisters Jaycel, 13, and Jeanritch, six, and 11-year-old brother Jay-art go to school.
Concepcion, 35, says: "He needs my care every minute of every day. Junrey can only walk with some help and he can't stand for too long because he's in too much pain."
His parents carry him around much of the time. Blacksmith dad Reynaldo, 37, works away for most of the week but when he is home Junrey enjoys sitting on his shoulders and going for a wander in the village.
Concepcion noticed her son's growth was stunted as he neared his second birthday.
She said: "He was always sick and we noticed he wasn't growing so we took him to see a doctor but they were baffled."
When Junrey was 12 the same doctor advised the family to give him vitamins - but they could not afford them.
Despite his size, Junrey has a healthy appetite, tucking in to chunks of breads and corn. His fading green and white birth certificate - proving he was born in 1993 - takes pride of place in the family home.
He has learnt to write and draw and, when he can, he helps out at the family's basic yet comfortable farmhouse, feeding their chicken.
Concepcion added: "I would love to be able to work while my other children are at school but I can't leave Junrey.
"But he loves it when I tell him he's the smallest man in the world, he just smiles with pride."
The current title holder is Khagendra Thapa Magar, of Nepal, who is 26.4in tall.
Even before winning the record, Khagendra, born in a remote village, had become a household name on the Indian subcontinent.
He turned 18 in October, taking the title from 27in Edward Nino Hernandez - who had only been awarded it eight days before.
The battle for the title had begun after the previous record-holder He Pingping from China died of a heart attack aged 21 in March last year.
A Guinness World Records spokesman said last night: "We are looking to review the claim when Junrey Balawing turns 18, which is when candidates for this title can officially apply for the record."
Hatice Kocaman, 21, from Turkey, is the world's smallest woman, at just 28in tall.
She suffers from a rare bone disorder which means she weighs only 15lb.
At just over 28in, American Stacey Herald is the world's smallest mum.
The 36-year-old, from Kentucky, has three kids with hubby Wil, 27, who is 5ft 9in. - www.thesun.co.uk

3 comments:

Angelhlaing(May everybody be happy and healthy! said...

ရှာရှာဖွေဖွေလေးတွေတင်ပေးလို့ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ရွှေရတုမှတ်တမ်း said...

သွေးပျက်စရာမြင်ကွင်းတွေ မြင်ရမှာမကြောက်ပေမဲ့
ကမ္ဘာ့ အတိုဆုံး (အရပ်) မှာ ဝင်ပြိုင်လို့ မရတာကခက်တယ်..

Unknown said...

ထူးဆန်းထွေလာပေါ့။ အထူးအဆန်းဘာသာပြန်ပေး
တဲ့အစ်ကိုကိုကျေးဇူးတင်ပါတယ်။နေ့တိုင်ရောက်ပေမယ့်၊
ပိုစ့်တွေဖတ်တိုင်ကွန်မန့်မရေးဖြစ်ဘူး။
အစ်ကိုကွန်မန့်နည်းလို့ပိုစ့်မတင်မှာအင်မတန်စိုးရိမ်ပါတယ်
အမြဲလာတယ်၊မြဲဖတ်တယ်၊သိတဲ့လူညွှန်းတယ်။
I like your site and you 're the best bro. :)