RM2.3-mil funeral

Monday, March 7, 2011

တရုတ်နိုင်ငံမှမိခင်ကျေးဇူးဆပ် အထူးအသုဘအခမ်းအနား


 မိခင်ကြီးရဲ့ နောက်ဆုံးအချိန်မှာ....ကုန်ချင်သလောက်ကုန်ပါစေ...

တ၇ုတ်နိုင်ငံမှ သားသမီးခြောက်ယောက်တို့ က ၎င်းတို့ ၏ကွယ်လွန်သူမိခင်ကြီးအတွက် ယွမ်ငွေ ၅သန်း (မ
လေးရှားရင်းဂစ် / ဒူဘိုင်းဒါဟန်း ငွေ ၂.၃ သန်း ) အကုန်အကျခံကာ အသုဘအခမ်းအနားကို ကြီးကျယ်ခန်း
နားစွာ ပြုလုပ်ခဲ့ ကြပါတယ်...
၎င်းတို့ ဟာ လင်ကွန်းအမျိုးအစားဇိမ်ခံကားကြီး ကိုးစီးကို အသုဘတင်ယာဉ်၊ ဆွဲသည့် ယာဉ်အဖြစ်အသုံးပြု
ခဲ့ ကြပြီး အသုဘတီးဝိုင်းအတွက် လူ ၁၀၀၀ ပါဝင်သည့် အဖွဲ့ ကိုငှားရမ်းခဲ့ ကာ မှတ်တမ်းတင်ဖို့ အဖွဲ့ ဝင်ကိုး
ဦးပါဝင်သည့် ဗီဒီယိုကင်မရာအဖွဲ့ ကိုအသုံးပြုခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ကျီကျန်းမြို့ မှာနေထိုင်ကြသည့် အဆိုပါ သားသမီးများဟာ အိမ်ခြံမြေလုပ်ငန်းများ၊ ဟိုတယ်
လုပ်ငန်းများ ပိုင်ဆိုင်ကြသည့် သန်းကြွယ်သူဌေးများဖြစ်ကြတယ်လို့ ဆိုပါတယ်....
အဆိုပါအသုဘအခမ်းအနားကို လွန်ခဲ့  သည့်သောကြာနေ့ က ကျောင်းတစ်ကျောင်းရဲ့ ကစားကွင်း၊ ၀န်းအ
တွင်းပြုလုပ်ခဲ့ တာလည်းဖြစ်ပါတယ်...

 အသုဘယာဉ်ကိုဝန်းရံ၊ ဆွဲယူ၊ လိုက်ပါမည့် ကားကပဲ ကိုးစီးပါတဲ့ ...

အသုဘရှုလာရောက်ကြသူများအာလက်ဆောင်အဖြစ် ယွမ်ငွေ ၂၀၀ ( ရင်းဂစ်/ ဒါဟန်း ၉၂ ) မှ ယွမ်၁၇၀၀
( ရင်းဂစ် / ဒါဟန်း ၇၈၄ ) အထိငွေသားများအပြင် စီးကရက်နှစ်ဘူးပါ ကမ်းခဲ့ လို့ သိကျွမ်းရင်းနှီးခြင်းမရှိကြ
သည့် သူစိမ်းများပင် ကွယ်လွန်သူ အသက် ၈၂ နှစ်ရှိ မိခင်ကြီး၏ရုပ်ကလာပ်ကို လာရောက်ဂါရ၀ ပြုခဲ့ ကြပါ
တယ်....
အသုဘချသည့် နေ့ တွင် လိုက်ပါပို့ ဆောင်သည့် ယာဉ်တန်းများ၊ လူများအားအခက်အခဲမရှိ အဆင်ပြေချော
မွေ့ စေဖို့ လမ်းဘေးဈေးသည်များအားလည်း ယွမ်ငွေ ၅၀၀ ( ရင်းဂစ်/ ဒါဟန်း ၂၃၁ ) စီ ပေးခဲ့ တယ်လို့ ဆို
ပါတယ်...
သားငါးယောက်၊ သမီးတစ်ယောက်ပါဝင်တဲ့ သားသမီးစုဟာ ၎င်းတို့ ငယ်စဉ်က မိခင်ကြီးဆင်းရဲပင်ပန်းစွာ
ပြုစုလုပ်ကျွေးလာခဲ့ ကြတာမို့ ပြန်လည်ကျေးဇူးဆပ်သည့် အနေနှင့် ယခုကဲ့ သို့ ခန်းနားကြီးကျယ်စွာပြုလုပ်
ခဲ့ကြတာလည်းဖြစ်ပါတယ်...

သို့ သော်လည်း သားသမီးများကမိဘကျေးဇူးကို ကွယ်လွန်မှ ယခုကဲ့ သို့ အလွန်အမင်းငွေကုန်ကြေးကျခံ
ကာ ဆင်ယင်ကျင်းပခဲ့ မှုအပေါ် အများပြည်သူများကဝေဖန်ပြောဆိုခဲ့ ကြပြီး အင်တာနက်စာမျက်နှာများပေါ်
တွင်လည်း အပြင်းအထန်ဆန့် ကျင်ကန့် ကွက်ပြောဆိုမှုများဖြစ်ပေါ်ခဲ့ ပါတယ်...
" အသုဘအခမ်းအနားဆိုတာ ဒီလောက်အကုန်အကျခံပြီး ကြီးကျယ်ခမ်းနာစွာပြုလုပ်ဖို့ မသင့် ပါဘူး...အဲဒီ
လိုအကုန်ခံမယ့် အစား အသင်းအဖွဲ့ တစ်ခုခုကိုလှူပစ်လိုက်သင့် ပါတယ်..." အင်တာနက်စာမျက်နှာများမှာ
လို့ ဝေဖန်ခဲ့ ကြပါတယ်...
တစ်ချို့ ကလည်း ကျောင်းအားကစားကွင်း၊ ၀န်းကို ယခုကဲ့ သို့ အသုဘအခမ်းအနားအတွက်သုံးတာဟာ
ကျောင်းသူကျောင်းသားတွေအတွက် အနှုတ်သဘောဆောင်တဲ့ အတွေးတွေရရှိစေနိုင်တယ်လို့ လည်းဆို
ကြပါတယ်...
ယခုကဲ့ သို့ လူအများအပြင်းအထန်ကန့် ကွက်ဝေဖန်မှုကြောင့် ကျောင်းဝန်းအားအသုဘအခမ်းအနားကျင်းပ
ရန်ခွင့် ပြုခဲ့ မှုဖြင့် ဒုတိယကျောင်းအုပ်ကြီးအား ဒေသဆိုင်ရာအာဏာပိုင်များက အပြစ်ဒါဏ်ပေးခဲ့ ပါတယ်...

မန္တလေးဖက်မှာလည်း အသုဘတွေမှာ လိုက်ပါပို့ ဆောင်သူတွေကို ပစ္စည်းများကမ်းတဲ့ အလေ့ အထရှိပါ
တယ်....
ဆင်းရဲနွမ်းပါးသူများအတွက်တော့ အလွန်ကောင်းမွန်ပေမယ့် အသုဘရှင်တွေကိုယ်တိုင်က မရှိဆင်းရဲယင်
တော့ အများနည်းတူမလုပ်နိုင်တဲ့ အတွက် စိတ်ဆင်းရဲမှုတစ်ခုပိုလာဖွယ်ဖြစ်ပါတယ်...
အကောင်းဆုံးကတော့ ဖက်ရှင်တစ်ခုအနေနဲ့ မဟုတ်ပဲ တတ်နိုင်တဲ့ သူကတတ်နိုင်သလိုလှူ၊ မတတ်နိုင်တဲ့ 
သူအတွက်လည်း ပါတ်ဝန်းကျင်က ပြစ်တင်ကဲ့ ရဲ့ ခြင်းမပြုသင့် တာပါပဲ....

အခုလိုအလွန်အကျွံကြီးပကာသနကျပြန်တော့လည်း မကောင်းတာအမှန်ပါပဲ...

Six siblings in China held a 5mil yuan (RM2.3mil) grand funeral for their mother.
They used nine Lincoln limosines as the funreal hearse and hired a 1,000-man band, and nine camera crews.
It is learnt the siblings, from Zhejiang, are millionaire entrepreneurs with businesses in property and hotel.
The event was held at a school field last Friday.

Thosewho  attended the funeral received monetary "gifts" ranging from 200 yuan (RM92) to 1,700 yuan (RM784), and two packets of cigarettes. Thus, many strangers turned up to pay their last respects to the 82-year-old matriarch.
It was reported street traders were given 500 yuan (RM231) each so that they did not operate their businesses that day to ensure a smooth funeral parade.

The children - five men and a woman - were good to their mother because the widow had gone through tough times bringing them up.

But the high-profile display of filial piety by the siblings received criticism from the public and sparked outrage from netizens.
They said: "Funeral should not be so luxurious, the money should be donated to charity."
Some said using the school field for such event had sent a negative message to the students.
Following the outrage, the local government punished the assistant principle of the school who allowed the field to be used for the funeral.


Source: Agencies

1 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေထူးထူးဆန်းဆန်းဗဟုသုတလေးအတွက်
ကျေးဇူးပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ။