Late S. Korean actress forced to bed 31 men

Monday, March 7, 2011

အောင်မြင်ချင်လို့ အရင်းအနှီးကြီးကြီးပေးလိုက်ရရှာတဲ့ ကိုရီးယားမင်းသမီး...

အောင်မြင်ကျော်ကြားချင်ယင် အကုန်ခံနိုင်ရမယ်တဲ့ ရှင်....
ဆက်ပြီးအကုန်မခံနိုင်တော့ လို့ ဘ၀ကိုအဆုံးသတ်လိုက်လေသလားပဲ...

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ် မြို့ ရှိသူမ၏နေအိမ်တွင် ၂၀၀၉ ခုနှစ်က ကိုယ့် ကိုယ်ကိုယ်သတ်သေသွားခဲ့ 
သည့် အသက် ၃၀ အရွယ်ရှိ ရုပ်ရှင်မင်းသမီး ဂျန်ဂျယွန်း က သူမရဲ့ အေဂျင်စီမှ သူမအား အမျိုးသားပေါင်း
၃၁ ယောက်ဖြင့် အကြိမ် ၁၀၀ ခန့် အိပ်စက်ဖျော်ဖြေရန်အတင်းအကြပ်စေခိုင်းခဲ့ တယ်လို့ ဖွင့် ဟပြောဆိုခဲ့ 
ပါတယ်...

သူမအိပ်စက်ပျော်ပါးဖျော်ဖြေခဲ့ ရသည့် ပုဂ္ဂိုလ်များထဲတွင် အနုပညာအသိုင်းအ၀န်းမှ ထင်ရှားကျော်ကြားသူ
များပါဝင်သလို၊ တစ်ချို့ ကတော့ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သတင်းမီဒီယာလုပ်ငန်းရှင်၊ အကြီးအကဲများဖြစ်
ကြပါတယ်... ( စားနေကျကြောင်ဖားကြီးများပေါ့ ....အသစ်ကလေးတွေဆိုယင်စင်ပေါ်တင်ပေးမယ်ဆိုပြီး
ကုတင်ပေါ်အရင်တင်တဲ့ သူများပါပဲ....)
မင်းသမီးဂျန် ဟာသူမ မသေဆုံးခင် မိတ်ဆွေများထံစာပေါင်း အစောင် ၅၀ ကျော်ရေးသားပေးပို့ ခဲ့ ပြီး ထို
စာများထဲတွင် ယုတ်မာပက်စက်သူ ၃၁ ဦး၏အမည်များအားဖော်ပြခဲ့ ပြီး ထိုသူများနှင့် ပါတ်သက်မိသည့် အ
တွက် သူမအနေနှင့် နောင်တရမိကြောင်းပြောဆိုခဲ့ ပါတယ်...

မော်ဒယ်အေဂျင်စီ ခေါင်းဆောင်အကြီးအကဲ ကင်မ် ကိုလည်းထိုနှစ် ဂျူလိုင်လထဲမှာပင် ဂျန်အားခြိမ်းခြောက်
စော်ကားမှုဖြင့် ဖမ်းဆီးထားခဲ့ ပြီးဖြစ်ပါတယ်...
ထိုသူကိုတရားစွဲဆိုထားခဲ့ မှုများတွင် ဂျန် အားအမျိုးသားများ၏ သောက်ပွဲစားပွဲများတွင် တည်ခင်းဧည့် ခံ
ခိုင်းခြင်းနှင့် ထိုသူများနှင့် အိပ်စက်ပျော်ပါးစေခဲ့ ခြင်းတို့ ပါဝင်ပါတယ်...
၎င်းအားနောက်ပိုင်းတွင် ထောင်ဒါဏ် တစ်နှစ်ချမှတ်ခဲ့ ပါတယ်....

သူမ၏စာရင်းတွင်ပါဝင်ခဲ့ သည့် အမျိုးသား ၃၁ ယောက်ထဲမှ အချို့ ကို ရဲတပ်ဖွဲ့ မှ ၂၀၀၉ ခုနှစ်တွင် စုံစမ်း
စစ်ဆေးခဲ့  သော်လည်း တစ်ဦးတစ်ယောက်မျှ တရားစွဲဆိုခံခဲ့ ၇ခြင်းမရှိပါဘူး...
ဂျန် ရဲ့ ဖော်ထုတ်မှတ်တမ်းမှာပါဝင်ခဲ့ သူတွေရဲ့ သတင်းဆိုးကြောင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူများအနေ
နှင့် မော်ဒယ်အေဂျင်စီများနှင့် အနုပညာရှင်များအကြား စာချူပ်စာတမ်းများချူပ်ဆိုမှုအပေါ် စုံစမ်းစစ်ဆေးမှု
များ ပေါ်ပေါက်ခဲ့ ရပါတယ်...
အဆိုပါမော်ဒယ်အေဂျင်စီခေါင်းဆောင် ကင်မ် ဟာသူ့ ရဲ့ အေဂျင်စီမှအခြားသောအမျိုးသမီးမော်ဒယ်၊ အနုပ
ညာရှင်များကိုလည်း အမျိုးသားများရဲ့ ပါတီပွဲများ၊ ပြည်ပဂေါက်ရိုက်ပွဲ ခရီးစဉ်များအတွင်းမှာ သွားရောက်၊
လိုက်ပါ ဖျော်ဖြေစေခဲ့ တယ် လို့ လည်း ကိုရီးယားဟာရဲဒ် သတင်းဌာနကဖော်ပြခဲ့ ပါတယ်....

စိတ်ဓါတ်မာန်ထက်သန်တဲ့ ၊ အဲဒီအလုပ် ( အနုပညာ ) မလုပ်လည်းတင့် တောင်းတင့် တယ်နေထိုင်လုပ်ကိုင်
စားနိုင်တဲ့ ကိုရီးယားနိုင်ငံကအမျိုးသမီးအနုပညာရှင်ကတော့ နောင်တရတဲ့ တစ်နေ့ မှာလူယုတ်မာအားလုံး
ကိုထုတ်ဖော်ကာ သူ့ အဖြစ်မှန်ကိုဖော်ပြ၀န်ခံပြီး ကိုယ့် ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါပြီ....

တစ်သက်လုံးမမြင်ဘူး၊ မကြားဖူး၊ အိပ်မက်ပင်မမက်ဖူးတဲ့ အောင်မြင်ကြားမှု၊ ပစ္စည်းဥစ္စာ၊ စည်းစိမ်တွေကို
မက်ပြီး စပွန်ဆာရှာ၊ အလျော်ပေးနေတဲ့ အဖြစ်မျိုးတွေလည်း ရွှေပြည်ကြီးမှာ ကင်းဝေးပါစေ၊ ထိုသို့ ခန္ဓာ
ကိုယ်အငှားလိုက်ပြီး လိုရာရတဲ့ အဖြစ်ဟာလည်း သိက္ခာမရှိဘူးဆိုတာ နားလည်၊ နောင်တရနိုင်ကြပါစေလို့ 
ဆန္ဒပြုမိပါရဲ့ ....

ဒါကတော့ သူမသေဆုံးခဲ့ စဉ်ကသူမအတွက် ဂုဏ်ပြုခဲ့ တဲ့ ဗီဒီယိုကလစ်လေးပါ...


Jang Ja-yeon, who was 30-years-old when she hanged herself at her home in Seoul, said that her talent agency chief forced her to have sex with 31 people about 100 times.
Some of them were prominent figures in the entertainment industry, while some were heads of private enterprises and news organisation officials.
The Korea Herald reported that Jang wrote more than 50 letters and sent them to her acquaintances, with the starlet calling the 31 people "demons" and expressing her resentment towards them.
The talent agency chief, known as Kim, was arrested in July that same year for assaulting and threatening Jang.
The charges also included forcing Jang to serve men at drinking parties and have sex with them.
He was later sentenced to a year in jail.
Some of the 31 people were investigated by the police in 2009, but none were charged. The case gained notoriety over who was on "Jang's list", causing financial regulators to investigate contracts between talent agencies and celebrities.

The Korea Herald also reported that Kim forced other female entertainers from his agency to serve at parties and on an overseas golf tour.

Source: Asiaone

1 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
“အမျိုးကောင်းသမီးများကိုအမျိုးကောင်းသားများကသာ
စောင့်ရှောက်နိုင်သည်” - - -လို့ ဆရာကြီးပီမိုးနင်းရေး
သားတဲ့စာတွေထဲမှာဖတ်မှတ်ဖူးပါတယ်။
အမျိုးမကောင်းသားတွေကမစောင့်ရှောက်လို့ အခုတော့
လူတစ်ယောက်တသက်တစ်ချောင်းငယ်ငယ်ရွယ်ရွယ်မှာ
ဆုံးရှုံးလိုက်ရပြီ။သူရဲကောင်းမလေးကောင်းရာဘုံမှာရောက်
ပါစေ။