Thursday, March 24, 2011



ဝမ်းမြောက်ပျော်ရွှင်၊ ကြည်နူးချမ်းမြေ့ ၊ လွမ်းဆွတ်မိပါသည်...အို...အမိမြန်မာပြည်...

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ တွင်ကျင်းပခဲ့ သည့် ပထမဦးဆုံးအကြိမ်မြန်မာစာပေဟောပြောပွဲကြီးကား စည်ကားသိုက်မြိုက်စွာဖြင့် ၊ အောင်မြင်စွာပြီးဆုံးခဲ့ လေပြီ....
နိုင်ငံကျော် ( အမှန်တော့ ကမ္ဘာအရပ်ရပ်ရှိမြန်မာ့ လူမှုအသိုင်းအ၀န်းတွင်ပါကျော်ကြားသည့် ) စာရေးဆရာ၊
စွယ်စုံအနုပညာရှင် ဆရာချစ်ဦးညို နှင့် နိုင်ငံတကာအဆင့် မြင့် တက္ကသိုလ်ကြီးများတွင်ပညာသင်ကြားတတ်
မြောက်ခဲ့ သည့် ၊ သရော်စာကာတွန်းများဖြင့်ခေတ်အမြင်၊ ခေတ်အသွင်ကို ပီပြင်စွာထင်ဟပ်အောင် သရုပ်
ဖော်နိုင်စွမ်းရှိသည့်  အင်ဂျင်နီယာ၊ ကာတွန်းဆရာ ဆရာအော်ပီကျယ်တို့ ၏ အမိနိုင်ငံ၊ လူမျိုး၊ ဘာသာ၊ စာ
ပေ၊ ယဉ်ကျေးမှု တိုးတက်စေရေးအတွက် စေတနာအားကြီးစွာဖြင့်ဟောပြောသွားခဲ့ သည်များကား တန်ဖိုးရှိ
လှပါပေသည်....

အနုပညာပါရမီ၊ အသိပညာ၊ အတတ်ပညာဗဟုသုတ ပြည့် စုံကြွယ်ဝကြသည့် ဆရာများပေမို့  သုတ၊ရသနှစ်
နှစ်မျိုးစလုံးစုံအောင် ရောယှက်ဖလှယ် ဟောပြောသွားခဲ့ ကြသည်မို့ စိတ်ဓါတ်ရွှင်လန်းတက်ကြွခဲ့ ရသလို အ
မိမြန်မာပြည်ကြီးအားလည်း လွမ်းဆွတ်မှုများလည်းဖြစ်မိရပါသည်...

အမိမြန်မာပြည်နှင့် ဝေးကွာကာ ရေခြားမြေခြား၊ လူမျိုးဓလေ့ ခြားများအကြားတွင် နေထိုင်လုပ်ကိုင်နေကြရ
သည့် သာသနာရေး၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ လူအများလေးစားချစ်ခင်ကြသည့် ထင်ပေါ်ကျော်ကြား
သည့် စာပေအနုပညာရှင်များ မကြာခဏလာရောက်လေ့ မရှိသည့် အတွက် မြန်မာဧည့် သည်ငတ်နေကြ
သည့် ဒူဘိုင်း၊ အဘူဒါဘီအပါအ၀င် ယူအေအီးနိုင်ငံရောက် မြန်မာမျိုးချစ်စိတ်ရှိသူ မြန်မာများအတွက်ကား
စာပေဟောပြောပွဲအတွက် စာရေးဆရာများရောက်ရှိခဲ့ ခြင်းက ဆုလာဘ်ကြီးတစ်ခုလိုဖြစ်ခဲ့ ရသည်မို့ ထိုပွဲ
ကြီးဖြစ်မြောက်အောင် ကြိုးပမ်းစီစဉ်ဆောင်ရွက်ပေးသည့် ကန္တာရ၀ဿ လူမှုရှေ့ ဆောင်အသင်းနှင့် ၀ိုင်း
ဝန်းပံ့ ပိုးကူညီပေးကြသည့် သူများအား ကျေးဇူးတင်ထိုက်လှပေသည်...


အမှတ်တရဓါတ်ပုံများကြည့် ရှုနိုင်ရန်တင်ပေးလိုက်ပါသည်...
တစ်ဦးချင်းစီမှ ခွင့် ပြုချက်သီးခြားမတောင်းနိုင်သည့် အတွက် တောင်းပန်ပါသည်...



ယူအေအီးနှင့် ဒူဘိုင်းတွင် တစ်ခုတည်းသောမြန်မာစားသောက်ဆိုင်ရှေ့ အမှတ်တရ...

ဟောပြောပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်၊၀ိုင်းဝန်းပံ့ ပိုးကူညီသူများနှင့် ဆရာနှစ်ဦးအမှတ်တရ...

ဟောပြောပွဲမစမှီ၊ လူမစုံခင်....

နောက်နေ့ မှဆက်လက်တင်ပေးပါမည်...

4 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျား---
အခုမှသေခြာကြည့်မိတယ်ဆရာချစ်ဦးညိုနားမှာ
ကိုပီတာ ကထိုင်နေတာကိုး---နောက်ပြီးတော့
ဆရာအော်ပီကျယ် ကလည်းတိုက်ပုံအကျီင်္ကလေးနဲ့ ဗျား-
ဆရာအခုမှချုပ်ထားတယ်ထင်တယ်။
ဝမ်းသာတယ်ဗျာ-အဲဒီရောက်နေတဲ့မြန်မာမလေးတွေ
မြန်မာလိုဝတ်ထားတာသိပ့်ပြီးမင်္ဂလာရှိလိုက်တာဗျာ-
ကိုပီတာ ရေ----ကျေးဇူးပါခင်ဗျာ-

Angelhlaing(May everybody be happy and healthy! said...

ကျေးဇူးပါအကိုရေ..ပြန်လည်မျှဝေပေးလို့ ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

Ako Myo Aung said...

ဝမ်းသာပိတိ့ဂွမ်းဆိထိ့သကဲ့သို့ဖြစ်ရပါသည်။ လေးစားလျှက်

ချမ်းလင်းနေ said...

အစ်ကိုရေ ဒုတိယပုံ ယာဘက်စွန်းက အင်္ကျီအနက်ရောင်နဲ့ ပြုံးနေတဲ့ အကိုကို တွေ့ဖူးတယ်။ ဘူလေးလဲဟင်။ သဘောကောင်းတယ်နော်။ အရမ်းကြီးပြုံးပြနေတယ်။ :P