ကမ္ဘာ့ အပိန်ဆုံးဆိုနိုင်သည့် မော်ဒယ်သေဆုံး....အီတလီနိုင်ငံတွင် လူအများထိတ်လန့် အံသြစရာကောင်းစေခဲ့ သည့် ပိန်ချူံးချည့် နဲ့ နေသည့် သူမ၏ပုံဖြင့် 
ကြေငြာတစ်ခုတွင်ပါဝင်ရိုက်ကူးသရုပ်ခဲ့ ဆောင်ခဲ့ သည့် ပြင်သစ်ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် ( ကမ္ဘာ့ 
အပိန်ဆုံးမော်ဒယ်အမျိုးသမီးလို့ ဆိုယင်တောင်ရမှာအသေအချာပါပဲ ) အစ္စဘယ်လ်ကာရို ဟာ အသက်၂၈
နှစ်အရွယ်မှာ သေဆုံးသွားခဲ့ ပြီဖြစ်ပါတယ်...
ကာရိုဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ က တိုကျိုမြို့ ကနေ အလုပ်ကိစ္စတစ်ခုအပြီးပြန်လာခဲ့ ပြီးနောက် ပြင်သစ်
နိုင်ငံတွင်သေဆုံးသွားခဲ့ တာဖြစ်တယ်လို့ သူမရဲ့ သရုပ်ဆောင်မှုပိုင်းဆိုင်ရာညွှန်ကြားပြသပေးသည့် ဆရာမ
ဖြစ်သူ ဒန်နီယယ်ဒူဘရွေးပရီဗော့  ကပြောကြားခဲ့ ပါတယ်...
ကာရိုဘာကြောင့် သေဆုံးရတယ်ဆိုတာသူမအနေနဲ့ မသိရပေမယ့် နေမကောင်းဖြစ်နေတာတော့ အတော်
ကြာခဲ့ ပြီဖြစ်တယ် လို့ ဒူဘရွေးပီဘော့  က ဆိုပါတယ်... 
 ၂၀၀၇ ခုနှစ်တုံးက ကာရိုရဲ့ ကြေငြာပုံရိပ်....
 
Tragic: Isabelle Caro, who appeared in this 2007 Italian ad campaign, has died at the age of 28
 
ကာရိုဟာ အီတလီဓါတ်ပုံဆရာ အိုလီဗီအေရို တိုစကာနီ ရဲ့ အီတလီဖက်ရှင်ကုမ္ပဏီတစ်ခုအတွက်ရိုက်ကူးခဲ့ 
တဲ့ ကြေငြာတစ်ခုမှာ ပါဝင်ခဲ့ ပါတယ်... 
 အသက် ၁၃ နှစ်ကတည်းက အိပ်မပျော်၊ စားမ၀င် တဲ့ ရောဂါရခဲ့ လို့ ဒီလိုဖြစ်ခဲ့ ရတယ်....
၂၀၀၇ ခုနှစ်တုံးက ရိုက်ခဲ့ တဲ့ ပုံပါတဲ့ ....
  Body battle: The French model, pictured here in 2007, had suffered from anorexia since she was 13 
 "အစားအသောက်မပျက်၊ မပိန်ချူံးစေနဲ့ " ဟုဆိုသည့် ဆောင်ပုဒ်ဖြင့် ကြေငြာတွင် ကာရို၏ အရိုးပေါ်အရေ
တင်၊ မျက်နှာမှ ပါးရိုးများငေါထွက်နေသည့်အ၀တ်မပါ ၊ ဗလာကိုယ်ခန္ဓာနှင့် ပုံကို သတင်းစာများနှင့် ကြေငြာ
ဆိုင်းဘုတ်ကြီးများပေါ်တွင်တွေ့ ရှိခဲ့ ကြရမှာဖြစ်ပါတယ်...
အရပ် ၅ ပေ၊ ၄ လက်မနဲ့ သူမဟာ တစ်ချိန်က လူအလေးချိန် ၆၈ ပေါင်သာ ရှိခဲ့ တယ်လို့ ဆိုပါတယ်...
သူမရဲ့ ကိုယ်ပိုင်ဘလော့ ဂ်မှာ ငယ်စဉ်ဘ၀ကိုခက်ခဲကြမ်းတမ်းခဲ့ လို့ သူမဟာ အသက် ၁၃ နှစ်အရွယ်ကစ
ပြီး စားမ၀င်အိပ်မပျော်ဖြစ်ခဲ့ ရတယ်လို့ ဆိုခဲ့ ပါတယ်....
 ထိုကြေငြာ၊ လှုံ့ ဆော်ခဲ့ စဉ်က သူမက " ကျွန်မဟာအချိန်ကာလကြာမြင့် စွာပဲကျွန်မကိုယ်ကိုဖုံးအုပ်ကာ
ကွယ်၊ ပုန်းအောင်းနေခဲ့ ရပါတယ်...ကျွန်မကိုမြင်တဲ့ သူတွေအော့ နှလုံးနာလောက်မယ်ဆိုတာသိပေမယ့် 
အခုတော့ ဘာကိုမှကြောက်ရွံ့ မနေတော့ ပဲလူတွေမြင်အောင်ပြသပါတော့ မယ်...
ကျွန်မဟာ အသက်ရှင်နေထိုင်ချင်ပါတယ်...ပြီးတော့ သဘာဝတရားကြီးရဲ့ ပြည့် စုံကြွယ်ဝချင်းတွေကိုလည်း
ခံစားချင်တဲ့ အတွက် ပြန်လည်ရှင်သန်နေထိုင်ချင်ပါတယ်.... 
အခုလို ( ပိန်ချူံးချိနဲ့ ပြီး ) ကျန်းမာရေးချွတ်ယွင်းတာဟာ ဘယ်လောက်အန္တရယ်ကြီးတယ်ဆိုတာ လူငယ်
တွေကို သိစေချင်၊ ပြသချင်ပါတယ်..."  ရေးသားခဲ့ ပါတယ်...
အဆိုပါကြေငြာကို အီတလီအ၀တ်အစားကုမ္ပဏီဖြစ်သည့်  Flash& Partners မှ နိုလီတာအမည်ရှိအမျိုးသ
မီးငယ်တစ်ဦးအတွက် ဖက်ရှင်ဒီဇိုင်းတံဆိပ်ကြေငြာအတွက်အကုန်အကျခံပြုလုပ်ခဲ့ ဖြစ် ဓါတ်ပုံကိုတော့ အီ
တလီဓါတ်ပုံဆရာ အိုလီဗီအေးရို တိုစကာနီ ကရိုက်ကူးခဲ့ တာဖြစ်ပါတယ်...
ထိုစဉ်ကထုတ်ပြန်ခဲ့ တဲ့ Flash & Partners ကုမ္ပဏီရဲ့ ကြေငြာချက်ထဲမှာ တိုစကာနီရဲ့ ရည်ရွယ်ချက်က ယခု
ကဲ့သို့ အ၀တ်မပါဗလာကိုယ်ခန္ဓာဖြင့် ပိန်ချူုံးနေသည့် ပုံဖော်ပြရတာကတော့ ကမ္ဘာ့ ဖက်ရှင်လောကရဲ့ မော်
ဒယ်အများစုရဲ့ ခံယူချက်ဖြစ်တဲ့ အပိန်လွန် စိတ္တဇ အစွဲအလမ်းဟာ ဘယ်လောက် ဆိုးဝါးတဲ့ ရောဂါဖြစ်စေနိုင်
သလဲဆိုတာကို သိရှိစေချင်လို့ ဖြစ်တယ် လို့ ဖော်ပြခဲ့ ပါတယ်...
ကာရိုဟာ ဂျက်စီကာဆင်ပဆွန်ရဲ့ အလှတရားရဲ့ တန်ဖိုး ဆိုတဲ့ ရုပ်သံစီးရီးပြပွဲမှာလည်း သူမရဲ့ ကိုယ်ခန္ဓာနဲ့ 
ပါတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ တာကို ဖော်ပြပါဝင်ခဲ့ ပါတယ်...
၂၀၀၈ ခုနှစ်မှာတော့ သူမရဲ့" မ၀ချင်တဲ့ ကောင်မလေး " အမည်ရှိကိုယ်တိုင်ရေးအထုပ္ပတ္တိကိုဖြန့် ချီခဲ့ ပါ
တယ်....
ဒီလိုဒီလိုပိန်တယ်ပိန်တယ်၊ ပြားချပ်ချပ် ဆိုတာသူမှ အစစ်ပါပဲ...
ဘယ်နေရာမှာမဆို သဘာဝအတိုင်းသာကောင်းပါတယ်...
သဘာဝထက်လွန်ကဲလာပြီဆိုယင်တော့ ဘေးဒုက္ခနဲ့ တွေ့ မှာ အနှေးနဲ့ အမြန်ပါပဲ...
Isabelle Caro, a French actress and model whose anorexic image  appeared in a shock Italian ad campaign, has died at the age of 28.
Her  longtime acting instructor, Daniele Dubreuil-Prevot, said that Caro  died on November 17 after returning to France from a job in Tokyo.
Dubreuil-Prevot  said she did not know the cause of death but that Caro 'had been sick  for a long time,' referring to her anorexia.
Caro featured in an ad campaign by Italian photographer Oliviero Toscani in 2007 for an Italian fashion house.  Under the headline 'No Anorexia,' images across newspapers and  billboards showed Caro naked, vertebrae and facial bones protruding.
At 5ft 4in, she is reported to have weighed just 4st 8lb (68lbs) at the time.
Caro, who had her own blog site, said she had suffered from anorexia since she was 13 as the result of a 'difficult childhood'.
At the time of the campaign, she wrote: 'I've hidden myself and  covered myself for too long. Now I want to show myself fearlessly, even  though I know my body arouses repugnance.
'I want to recover  because I love life and the riches of the universe. I want to show young  people how dangerous this illness is.'
The campaign was paid  for by Italian clothing company Flash & Partners to publicise a  fashion brand for young women called Nolita and the photograph was taken  by Italian photographer Oliviero Toscani.
Flash &  Partners said in a statement at the time that Toscani's aim was 'to use  the naked body to show everyone the reality of this illness, caused in  most cases by the stereotypes imposed by the world of fashion.'
Caro appeared on Jessica Simpson's TV show The Price of Beauty where she discussed her body issues.
In 2008 she released an autobiography called The Little Girl Who Didn't Want to Get Fat.