German man castrates teenage daughter's 57-year-old boyfriend

Tuesday, December 14, 2010

မသင့် လျော်တာချစ်ခဲ့ မိလေတော့ ...


သမီးဖြစ်သူတစ်ယောက် အသက်အရွယ်ကြီးရင့် နေပြီဖြစ်သည့် အမျိုးသားကြီးတစ်ဦးနှင့် ချစ်သူရည်းစား
ထားနေသည်ကို သဘောမတွေ့ နိုင်ပဲစိတ်ဆိုးဒေါသထွက်နေခဲ့ သည့် ဖခင်ဖြစ်သူတစ်ဦးဟာ အဆိုပါ သမီး
ရဲ့ ဦး နေအိမ်သို့ သွားရောက်ကာ ပေါင်မုန့် လှီးသည့် ဓါးဖြင့် လူညွှန့် တုံးစေခဲ့ ( ဝှေးသင်းဖြစ်ခဲ့ လိုက်) သည်
ဟုဆိုပါတယ်...
ရုရှားဇတိ၊ ဂျာမန်နိုင်ငံသား အသက် ၄၇ နှစ်ရှိ ဟဲလ်မွတ်ဆေဖတ် တစ်ယောက် ၎င်း၏ အသက် ၁၇ နှစ်အ
ရွယ်ရှိသမီးဖြစ်သူဟာ အသက် ၅၇ နှစ်အရွယ်ရှိ ဘဘကြီး ဖိလစ်ဂန်ရှာနဲ့ ချစ်ကြိုးတွေသွယ်ကာရစ်ကာဖြစ်
နေခဲ့ တာကြားသိခဲ့ ရတော့ ဒေါသအမျက်ထွက်ခဲ့ ရပါတော့ တယ်...
သူနေထိုင်သည့် ဘိုင်လီဖဲလ်ဒ် မြို့ နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားအကူအညီတောင်းခံခဲ့ သော်လည်း
ရဲတပ်ဖွဲ့ ဝင်များက ၎င်းတို့ အနေဖြင့် ဘဘနဲ့ သမီးတို့ ချစ်ခြင်းကို ဟန့် တားနောက်ယှက် ကြားဝင်စွက်ဖို့ 
လုပ်ပိုင်ခွင့် မရှိပါဘူးလို့ ပြောကြားခဲ့ လိုက်ပါတယ်...
ထိုအခါမှာတော့ မခံစားနိုင်တော့ သည့် ဖခင်ဖြစ်သူအမျိုးသားဟာ ၎င်း၏စက်ရုံမှ လုပ်ဖော်ကိုင်ဖက်နှစ်ဦး
ကိုပြောဆိုစည်းရုံးကာ သမက်လောင်းနေအိမ်သို့ သွားရောက်ခဲ့ တာဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကပြောကြားခဲ့ 
ပါတယ်...


ဓါးထက်ထက်နဲ့ လှီးဖြတ်လိုက်ယင် ချက်ချင်းပြတ်သွားမှာမို့ ပေါင်မုန့် လှီတဲ့ ဓါးနဲ့ 
ကြိတ်ပြီး လှီးခဲ့ ပုံရတယ်...


" ( ၎င်းတို့ ဟာ ) ဗူးသီးငယ်နုနုကိုမှ ခူးဆွတ်ချင်သူဘဘကြီးကို အတင်းအကြပ်ဘောင်းဘီချွတ်စေကာ တစ်
သက်တာထာဝရ ဘယ်တော့ မှမမေ့ နိုင်မယ့် သင်ခန်းစာတစ်ရပ်ဖြစ်စေရန် ဝှေးသင်းပစ်ခဲ့ လိုက်ပါတယ်...
အဲဒီနောက်တော့ ပူပေါင်းပါဝင်ကြသူတွေဟာ ထိုအချစ်သူရဲကောင်းကြီးရဲ့ အချစ်သက်သေ၊ ရွှေဥတွေ ကို
ယူဆောင်သွားခဲ့ ကြပါတယ်...
အသည်းနုနုကိုမှခူးဆွတ်နိုင်ခဲ့ တဲ့ ပုဂ္ဂိုလ်ကြီးမှာတော့ သွေးထွက်လွန်ပြီး သေလုမြောပါးဖြစ်နေခဲ့ သော်လည်း
နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ ကိုအကြောင်းကြားနိုင်ခဲ့ ပါတယ်...
သူ့ ရဲ့ အသက်ကိုကယ်လိုက်နိုင်ခဲ့ ပေမယ့် သူဘ၀ကတော့ လုံးရာကပြားကာ အချစ်မရှိတဲ့ သူသားအဖြစ်
ရောက်ရှိခဲ့ ရပါတော့ တယ်...
မစ္စတာဆေဖတ် ကတော့ အပြစ်ရှိကြောင်းဝန်ခံခဲ့ ပြီး၎င်းကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် လာမည့် နှစ်ဆန်း
တွင် တရားရုံး၌စွဲချက်တင်စစ်ဆေးမှာဖြစ်ပါတယ်...
ဒါပေမယ့် သူနှင့် အတူမည်သူတွေပါဝင်ခဲ့ သည်ကိုပြောကြားခဲ့ ခြင်းတော့ မရှိခဲ့ ပါဘူး...
" ကျွန်တော့် ကို အမည်မသိသူတစ်စုံတစ်ယောက်က သမီးဖြစ်သူဟာ သူမထက် အသက် ၄၀ ကျော်ပိုကြီး
တဲ့ ဘဘ တစ်ယောက်နဲ့ နှလုံးသားချင်းနားလည်နေကြတယ် လို့ ဖုံးဆက်လာခဲ့ ပါတယ်...၎င်းအနေနှင့် ထို
ဘဘကြီးကို မတားဆီးနိုင်ခဲ့ ဘူးလို့ ပြောတာမို့ ကျွန်တော်ကတားဆီးလိုက်တာပါပဲ...
သမီးတစ်ယောက်ရဲ့ ဖခင်အနေနဲ့ ဒါဟာ လုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်..." လို့ 
သူက ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့ ပါတယ်...

ဘဘကြီးတစ်ယောက် နှလုံးသားနုနု ခူးဆွတ်နိုင်ခဲ့ ပေမယ့် အကြောင်းမညီညွတ်တော့ လည်း ဘောင်းဘီ
ချွတ်ခံရပြီး နှစ်လုံးသားတွေကွဲပြတ်ကာ တစ်စစီဖြစ်ကုန်ခဲ့ ရပါလား...

An enraged father who disapproved of his daughter's older boyfriend went to his home and castrated him with a bread knife. Helmut Seifert, 47, an ethnic German originally from Russia, was enraged when he heard his 17-year-old daughter was having a relationship with Phillip Genscher, 57.
He went to police in the town of Bielefeld where he lives but officers said they were powerless to intervene. "The man then recruited two work colleagues at his factory and then went to the house of the victim," said police.

"The man was forced to remove his trousers and, fully conscious, he was castrated. The severed testicles were taken away by the perpetrator." The man was close to bleeding to death but managed to call police. His life was saved but he remains a eunuch for life.
Seifert pleaded guilty and will be on trial for attempted murder next year. But he has remained silent on who his accomplices were. He told police: "I received a phone call anonymously that my daughter was involved with a guy 40 years older than her. You said you couldn't stop him – so I did. I saw it as my duty as a father."

2 comments:

အင်္ဂါဟူး said...

အမ်...တို့လည်း ဘူးသီးနုနု ခူးမို့ဟာကို... (မြက်နုကြိုက်သူမို့ပါ) ။ ဒီလို ယောက္ခထီးလောင်း မျိုးဆိုရင် ဝေါင်းဝေါင်ရွှေးပဲ ဗျို့...

တရုတ်ကြီး said...

အဖေလုပ်တဲ့လူအတွက် စိတ်မကောင်းဘူး။ သမီးအတွက် ထောင်ထဲ သွားရရှာတာပဲ။
ဒေါသကို ထိန်းလိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့လေ.
ဟို ၅၄ နှစ်ကတော့ မြေးချင်း ကိုယ်ချင်းစာခဲ့ရင် ဒီလို ဖြစ်မယ်မထင်.