နေရာမျိုးစုံ၊ ဂျပန်တို့ အိပ်ကြပုံ....

Friday, December 31, 2010
 
ဂျပန်တွေဟာ အိပ်တဲ့ နေရာမှာတော့ ဓါတ်လှေကား၊ ရထား၊ အစည်းအဝေးစတဲ့ နေရာမကျန်
နေရာမျိုးစုံအိပ်တတ်ကြပါတယ်တဲ့ ...
အင်နီမူရီလို့ ခေါ်တဲ့ သွားယင်းလာယင်းအိပ်ပျော်ခြင်းဟာ ငုတ်တုတ်ငိုက်ယင်းအိပ်ပျော်သွားတယ်
လို့ ဆိုယင်ရမယ်ထင်ပါတယ်...
တစ်ခြားနိုင်ငံကလူတွေကတော့ အဲဒီလိုလုပ်နိုင်ဖို့ လွယ်မယ်မထင်ပါဘူး...

ကြုံလို့ ပြောရယင် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်အရ ထိုင်းတွေလည်းတော်တော်အအိပ်သန်ပါတယ်...
ထိုင်းနိုင်ငံမှာ ဘုန်းကြီးဝတ်ခဲ့ တဲ့ အင်္ဂလန်နိုင်ငံသား ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ အကြောင်း 
ကိုယ်တိုင်ရေးအထုပ္ပုတ္တိစာအုပ်ထဲမှာ သူထိုင်းဘုန်းကြီးကျောင်းတစ်ခုမှာရှိခဲ့ စဉ် ထိုင်းကိုရင်လေး
တွေဟာ သူတို့ ဆရာတော်ကြီးများရှေ့ မှာ ၀တ်ချရှိခိုးယင်နဲ့ တောင် ထိုင်လျက်အိပ်ပျော်နေတတ်
ကြတယ်လို့ ဆိုပါတယ်...
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအင်္ဂလိပ်လူမျိုးဗုဒ္ဓဘာသာဘုန်းကြီးရဲ့ အမည်ကလည်း ပီတာ ပါပဲ...


ကဲ အခုဒီပုံများကတော့ ဂျပန်များရဲ့ အာဂသတ္တိနဲ့ နေရာမရွေးအိပ်ပျော်နေပုံများပါပဲ...
နေ့ စဉ်လောဘတစ်ကြီး၊ ရည်မှန်းချက်ကြီးကြီးနဲ့ သွားလာလုပ်ကိုင်နေကြရတော့ ခေတ္တခဏမလှုပ်
မရှားပဲ ရထားစီးနေစဉ်၊ ကားစီးနေစဉ်၊ စောင့် ဆိုင်းနေစဉ်အလွယ်တစ်ကူအိပ်ပျော်သွားကြပုံရပါ
တယ်....


ဟုတ်မဟုတ်တော့ ဂျပန်က မိတ်ဆွေနဲ့ အွန်လိုင်းမှာတွေ့ မှမေးကြည့် ရဦးမယ်...


Japanese have an amazing talent for falling asleep in elevators, on trains and even during meetings. Inemuri requires following particular rules. You can’t lounge, so you should keep upright while sleeping. And you can’t endanger the social situation.

ဧည့် စာရင်းလည်းမစစ်၊ မှတ်ပုံတင်လည်း မစစ်မို့ အေးရာအေးကြောင်းပင်...


အိပ်ပေမယ့် လည်း အမျိုးသမီးရဲ့ နဂိုဗီဇ သတိတော့ ရှိနေပါတယ်...

ရသမျှအချိန်လေးမှာ ရသလောက်လေး ယူ ရတာ...

ယူရင်း၊ ယူရင်း လျောကျဆင်း...

ရဲရဲကြီးလည်း နေ့ လည်ခင်းထမင်းစားပြီး တစ်ရေးတစ်မော ယူ....

ဘဘကြီးလည်း အပီယူ...

သူတို့ နှစ်ဦးလည်း ကျူရတာမောလို့ ယူ...

စောင့် ရတာကြာလို့ အိပ်ပျော်သွားပုံရတယ်...

မဖွင့် မချင်း ဇွဲကောင်းကောင်းနဲ့ အိပ်ပြီးစောင့် တယ်...
ရွှေပြည်ကြီးကလိုပါပဲ...

ပင်ပမ်းလွန်းလို့ မိန်းမသားဘ၀ ကိုတောင်မေ့ သွားရှာတယ်...

ငုတ်တုတ်မေ့ တယ်ဆိုတာ သူမှ အစစ်...

ကြိမ်ခြင်းတောင်းနဲ့ ဒူးပြဲနဲ့ ...

ဟိုးဆရာဟိုး !!!..  ရိုးရိုးငိုက်တာမှဟုတ်ရဲ့ လား...

နှစ်ဦးသဘောတူ ကြည်ဖြူ...

1 comments:

sosegado said...

ကိုယ်ျတှေ့ပဲဗြို့ ဓါတ်ျပုံတောင်ျရိုက်ျလာသေးတယ်ျ