Burial gives students a lesson in life

Monday, December 20, 2010

ဘ၀တန်ဖိုးသင်ခန်းစာရဖို့ အစမ်းမြေမြုပ်ခံကြစို့ ....

ထိုင်ဝမ်နိုင်ငံမှဆေးကျောင်းသားများဟာ ဘ၀မှာအသက်ရှင်နေထိုင်ခြင်းရဲ့ တန်ဖိုး၊ ဘ၀တန်ဖိုးကိုနားလည်
ခံစားနိုင်တတ်ကြစေရန် အခေါင်းများအတွင်းဝင်ပြီး အရှင်လတ်လတ်မြေမြုပ်ခံကြခြင်းကို စမ်းသပ်ကြရပါ
တယ်...
အသက်ရှင်ခြင်းနဲ့ သေခြင်းတရားတို့ ရဲ့ နက်နဲလှတဲ့ သဘောသဘာဝတွေကို မျက်မြင်ခံစားနားလည်နိုင်ဖို့ 
ရန်ဒီ ဆေးပညာကောလိပ်မှ ဆယ်ကျော်သက်အရွယ်ကျောင်းသားများကို ယခုကဲ့ သို့ ထူးခြားသည့် သင်ခန်း
စာများ သင်ကြားပေးခဲ့ ခြင်းဖြစ်ပါတယ်...


ဘ၀တန်ဖိုးနားလည်ဖို့ ခဏအစမ်း သေကြည့် စို့ ....

ကျောင်းသား၊ကျောင်းသူတွေဟာ သေတမ်းစာတစ်စောင်စီရေးကြရပြီး၊ လူသေဆုံးသည့်အခါလွှမ်းခြုံရစ်
ပတ်သည့် အ၀တ်ဖြင့် လွှမ်းခြုံကြရကာ အခေါင်းအတွင်းသို့ ဝင်ကြရပြီး ကြမ်းပြင်များအောက်သို့ အစမ်းသ
ဘောဖြင့် မြုပ်နှံခြင်းခံကြရပြီးနောက်မှ ပြန်လည်ဖော်ထုတ်ကာ လွတ်မြောက်စေတာဖြစ်ပါတယ်...
" ဒီလိုစမ်းသပ်မှုဟာ ၁၀ မိနစ်ပဲဖြစ်ပေမယ့် အတွေ့ အကြုံကတော့ တစ်ကယ့် သေခြင်းတရားနဲ့ ရင်ဆိုင်နေ
ရသလိုပါပဲ..." လို့ ပါမောက္ခချူဒါနန်း ကရှင်းပြခဲ့ ပါတယ်...
ကျောင်းသားတစ်ဦးဖြစ်သူ ရှောင်လင်း ကလည်း " အခေါင်းထဲကပြန်ထွက်လာရတော့ဘ၀အသစ်တစ်ဖန်
ပြန်လည်မွေးဖွားလာခဲ့ ရသလိုခံစားရပြီး အခုတော့ ဘ၀မှာ တခဏတိုင်းဟာ အရေးပါတယ်ဆိုတာ သဘော
ပေါက်နားလည်ခဲ့ ရပါပြီ...." လို့ ပြောပြခဲ့ ပါတယ်...

သူတို့ လည်းသူတို့ ဥာဏ်မှီသလောက်၊ နားလည်သလောက် အသုဘ ကမ္မဌာန်းရှုတာပါပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...
Medical students in Taiwan are being buried alive in coffins - to help them appreciate the value of life.
Teenagers at Rende Medical College are being given the unusual lessons which tutors say should give them an insight into death.
 The students have to write a will, dress in a funeral shroud and then climb into a coffin while they are buried under floorboards before they are released.
Professor Qiu Daneng explained: "Although it's just 10 minutes, the effect is equal to real death." Student Xiao Lin said: "I felt like I was reborn when I came out and now I know that every second counts in life."

1 comments:

မိုးယံ said...

အဲ.. ဒီနည်းလေးလဲ မဆိုးဘူးဗျို့.. ဒါပေမယ့် အနော်တို့ကတော့ ညတိုင်းခဏခဏ သေနေတာပါပဲ..

မနက်ကျတော့ ပြန်လည်မွေးဖွးခြင်းပေါ့.