$500 aphrodisiac - elephant's durian dung

Monday, December 20, 2010

ဒေါ်လာ ၅၀၀ ကျော်တန်တဲ့ ဒူလာကောင်းတဲ့ဒူးရင်းသီး...

အကြင်နာထားတာရယ် ဆင် ပါ ထားတာကွယ်...
ဘကျောက်အတွက် နှစ်သစ်လက်ဆောင်...

ဒူးရင်းသီးများစားပြီး ကောင်းစွာအစာမကြေပဲ ပြန်လည်စွန့် ထုတ်ပစ်လိုက်သည့် ဆင်ချေးများမှာ ရွံစရာအင်
မတန်ကောင်းလှသည်ဟု အမြင်ရှိသော်လည်းအဆိုပါ ဆင်ချေးဒူးရင်းသီးဟာ သဘာဝသစ်တောအတွင်းမှ
ရရှိနိုင်သည့် တန်ဘိုးအကြီးဆုံး၊ ဈေးအကြီးဆုံးသဘာဝကာမအားတိုးဆေးတစ်ခုဖြစ်ပါတယ်...
အဆိုပါဆေးဘက်ဝင် ဆင်ချေးဒူးရင်း ဟာရရှိနိုင်ရန်အလွန်ပင်ခဲယဉ်းလှပြီး ရှားပါးတာမို့ မလေးရှားနိုင်ငံမှ အို
ရမ်အစလီ နွယ်ဖွားများနှင့် အဆက်အသွယ်ကောင်းကောင်းရှိသည့် သစ်သူဌေးများဟာ ဆင်ချေးဒူးရင်း နမူ
နာမျှရလျှင်ပင် မလေးရှားရင်းဂစ်ငွေ ၁၀၀၀ ( ဒေါ်လာ ၂၇၀ ) ကိုလိုလိုလားလားပေးဖို့ အသင့် ရှိနေကြပါ
တယ်....
ဆင်ဒူးရင်းလို့ အလွယ်တကူခေါ်တဲ့အသီးဟာ အင်ဒိုနီးရှားနိုင်ငံမှ ကိုပီလူဝက် ကြောင်ချေးခါးကော်ဖီ လိုပဲ
တိရိစ္ဆာန်ရဲ့ မစင်ကနေပြန်လည်ယူရယူကာ လူတွေစားသောက်ကြတာခြင်းတူညီပါတယ်...
ဆုမတြာကျွန်းဆွယ်မှ ဒေသခံများက အဆိုပါတောကြောင်များရဲ့ ခြေရာကိုခံပြီး ၎င်းတို့ စားသောက်ပြီးအစာ
မကြေပဲ ပြန်လည်စွန့် ထုတ်လိုက်သည့် ကြောင်ချေးကော်ဖီစေ့ များကို ရှာဖွေစုဆောင်းကောက်ယူကြသလို
မလေးရှားနိုင်ငံမှ ဂျကွန် တောရိုင်းဒေသများမှာလည်း ဒေသခံတွေဟာ ဒူးရင်းသီးကို အလုံးလိုက်စားသည့် 
ဆင်များနောက်သို့ ခြေရာခံလိုက်ကြပါတယ်...
၎င်းတို့ ဟာ တိရိစ္ဆာန်များအစာစားပြီး အစာချေကာမစင်ပြန်စွန့် လေ့ ရှိသည့် ကြာမြင့် ချိန် အနည်းဆုံး လေး
နာရီကျော်အထိ စွန့် စားပြီးခြေရာခံလိုက်ကြရတာဖြစ်ပါတယ်...

ဆင်တွေဟာ တစ်ခါစားယင် ဒူးရင်းသီးတစ်လုံးမက မြိုပါတယ်လို့ ဆိုတဲ့ 
ပညာရှိသုခမိန် မစ္စတာချောင်း...
Chow say elephants usually swallows more than one fruit at a time.

မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူး ( ပြည်နယ် ) မှ မလေးရှားသဘာဝအဖွဲ့ အစည်းမှ အကြံပေးပုဂ္ဂိုလ် ဗင်းဆင့် 
ချောင်း က၎င်းအနေနှင့် ဤသဘာဝကာမအားတိုးဆေးအကြောင်းကို မိတ်ဆွေသစ်ကုန်သည် သူဌေးများ
နှင့် အူရန်အစလီ ဒေသခံများထံမှ ကြားသိခဲ့ ရတယ်လို့ ဆိုပါတယ်...
ဒူးရင်းသီးပေါ်ချိန်မှာ သူဌေးများဟာ အူရန်အစလီ များထံမှ အဆိုပါ ( ဆင်ချေးတုံး ဒူးရင်းသီး ) အသီးများ
ကို ကြိုတင်မှာကြားဝယ်ယူထားလေ့ ရှိကြတယ်လို့ သူကဆိုပါတယ်...
ဆင်ချေးဒူးရင်းသီးကနေ ၀င်ငွေမြိုးမြိုးမြက်မြက်ရနိုင်တာမို့ အူရန်အစလီ ဒေသခံများကလည်း ဆင်များရဲ့ 
နောက်ကိုခြေရာခံလိုက်ကြပြီး လိုလိုလားလားရှာဖွေပေးကြပါတယ်...
ထိုဒေသခံများရဲ့ ပြောပြချက်အရ ဆင်ချေးများရဲ့ အနံ့ ဟာ လက်ဘက်အနံ့ ကဲ့ သို့ မွှေးကြိုင်နေကြောင်း၊ ဆင်တွေဟာ အသီးအနှံများသာ စားသောက်တာမို့ ၎င်းတို့ မစင်များရဲ့ အနံ့ အသက်ဟာ အလွန်အမင်းဆိုး
ခြင်းလုံးဝမရှိဘူးလို့ သိရပါတယ်...
ဒူးရင်းသီးများကို စားပြီး ( အမှန်တော့ အလုံးလိုက်မြိုချတာပါ ) နောက်အချိန်တိုအတွင်းမှာ ပြန်လည်စွန့် 
ထုတ်ပစ်တာမို့  အမြှင်ထူတဲ့ ( ဒူးရင်းသီး ) အခွံ ကိုထိုးဖောက်ပြီး မည်သည့် အညစ်အကြေး၊ ပိုးမွှားမှ မ၀င်
ရောက်နိုင်သေးတာမို့ အသီးဟာလည်း သန့် ရှင်းနေဆဲပဲဖြစ်ပါတယ်...
ဆင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းအပြီးမှာတော့ ဒူးရင်းသီးဟာ သဘာဝရဲ့ ဆုလာဒ်အ
ဖြစ် အမျိုးသားတို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချစ်ခွန်အား၊ ရမ္မက်ခွန်အားဆေးတွေဖြစ်လာပါတော့ 
တယ်....
တစ်ကယ်တော့ ယခုလို ကန့် လန့် ကာနောက်ကွယ်ကထိုကိစ္စများမှာအစွမ်းထက်ကြောင်း သိပ္ပံနည်းအရ အ
ထောက်အထားများမရှိပေမယ့် ထိုဆင်ချေးတုံးဒူးရင်းသီးများကို ဈေးကြီးပေးနေကြတာကိုက အကြောင်းမဲ့ မ
ဟုတ်ကြောင်းပြသနေပါတယ် လို့ လည်း ထိုအကြံပေးပုဂ္ဂိုလ်က Streets ဂျာနယ်ကိုပြောကြားခဲ့ ပါတယ်...
ဆင်များဟာ ၎င်းတို့ ရဲ့ ခြေထောက်များဖြင့် ဒူးရင်းသီးရဲ့ ဆူးချွန်များကို ပျက်စီးဖယ်ရှားအောင်လှိမ့် ပြီး မြက်
သစ်ရွက်များဖြင့် ဖုံးလွှမ်းရစ်ပတ်ကာ မြိုချစားသောက်ကြတာဖြစ်ပါတယ်...
တစ်ကြိမ်စားလျှင်လည်း တစ်လုံးထက်မက စားမြိုတတ်ကြပါတယ်...
ဒီဆင်ချေးဒူးရင်း သစ်သီးဟာ တိရိစ္ဆာန်ရဲ့ စွန့် ပစ်လိုက်တဲ့ မစင်ကို လူသားတွေစားသုံးတဲ့ ကမ္ဘာ့ ဒုတိယ
မြောက်အစားအစာဖြစ်ပါတယ်...
ပထမအစားအစာကတော့ အထက်မှာဖော်ပြခဲ့ တဲ့ တောကြောင်ချေးကော်ဖီဖြစ်ပါတယ်...ထိုတောကြောင်
ချေးကော်ဖီစေ့ ဟာ အခါးဓါတ်နည်းပြီး အနံ့ ကပိုမိုသင်းပျံ့ မွှေးကြိုင်လို့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး၊ ဈေးအကြီး
ဆုံးကော်ဖီအဖြစ် လက်ခံသတ်မှတ်ထားကြပါတယ်...
ဆင်ချေးဒူးရင်းသီးများကို ( မလေးရှားမှာသာမက ) ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများမှာလည်း ရှာဖွေရောင်းချ
လေ့ ရှိပါတယ်...
ပူအိုက်စွတ်စိုသည့် ဒေသမှသစ်သီးများအကြောင်း ဖော်ပြသည့် အင်တာနက်စာမျက်နှာတစ်ခုကတော့ ထိုင်း
နိုင်ငံတွင် ဆင်များ၏အစာအိမ်လမ်းကြောင်းမှ ပြန်လည်စွန့် ပစ်သည့် ဒူးရင်းသီးများဟာ ၎င်းတို့ ရဲ့ မှည့် ဝင်း
ရွှန်းစို၊ အရသာကောင်းမွန်မှုကြောင့် အထူးပင်တန်ဖိုးထားကြတယ်လို့ ဖော်ပြခဲ့ ပါတယ်...
ဒူးရင်းသီးနှစ်သက်သူတစ်ဦးကတော့ ထိုတိရိစ္ဆာန် ( ဆင် ) များဟာ ဒူးရင်းသီးရဲ့ အရသာကို ပိုမိုကောင်းမွန်
အောင်ပံ့ ပိုးပေးတာဖြစ်တယ်လို့ ထိုင်းအင်တာနက်စာမျက်နှာတစ်ခုမှာ ဆိုခဲ့ပါတယ်....
ဆင်တွေဟာ ဒူးရင်းသီးတွေကို မြေပေါ်မှာလှိမ့် ပြီး ဆူးတွေကိုတုံးစေ၊ မြက်၊သစ်ရွက်တွေနဲ့ လုံးထွေးရစ်ပတ်
စေပါတယ်...
၎င်းနောက်အလုံးလိုက်စားမြိုပြီး ၀မ်းထဲမှ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းကာအသီးကိုရင့် 
မှည့် စေတာဖြစ်ပါတယ်...
ထိုဖြစ်စဉ်ဟာ ဆင်များအတွက် အစာခြေလမ်းကြောင်းသန့် ရှင်းရေးလုပ်ခြင်းသဘောမျိုးတစ်ခုလည်းဖြစ်ပါ
တယ်...ပါးစပ်က၀င်ပြီး အခြားတစ်ဖက် ( အနောက် ) ကပြန်ထွက်လာတဲ့ အလုံးအထည်မပျက်တဲ့ သစ်သီး
ဟာ ရွှေနဲ့ ချိန်စက်ပြီးဝယ်ယူရလောက်အောင် တန်ဖိုးကြီးမြင့် လှပါတယ်...
အမျိုးသားများအတွက် အဖိုးထိုက်တန်တဲ့ ၇တနာတစ်ပါးမို့ မက်မက်မောမောရှာဖွေကြသလို တောတွင်း
ကျားရိုင်းတွေကလည်း ထို ဒူလာကောင်းတဲ့ ဒူးရင်းသီးကို နှစ်သက်ကြပါသေးတယ်...

ဒူးရင်းသီးမကြိုက်သည့် နိုင်ငံခြားသားဘလော့ ဂ်ဂါတစ်ဦးကို အင်ဒိုနီးရှားမှအွန်လိုင်းအသုံးပြုသူတစ်ဦးက
တုံ့ ပြန်ထားတာကတော့ " ဒူးရင်းသီးရဲ့ အရသာထူးကဲကောင်းမွန်လှတာကို မယုံကြည်တဲ့ သူမှန်သမျှ ဒူးရီး
ယန်းဂါဂျာ လို့ ခေါ်တဲ့ အဆိုပါ ဆင်ချေးဒူးရင်းကိုသာ စားကြည့် စေလိုက်ပါ....ဆွေမျိုးမေ့ ပြီးစွဲမက်နှစ်သက်
စေရပါ့ မယ်...." လို့ ရေးသားခဲ့ ပါတယ်...
ဆင်များရဲ့ ဝမ်းဗိုက်ထဲမှာ အလုံးလိုက်ရှိပြီး ရင့် မှည့် စေကာ ဓါတ်များပြောင်းလဲစေကုန်တာမို့ အရသာက
တော့ ဖော်ပြလို့ မရနိုင်လောက်အောင်ပဲကောင်းမွန်လှပါတယ်လို့ လည်းဆိုပါတယ်...
သို့ သော် တစ်ချို့ အဆိုးမြင်ဝါဒီများကတော့ ထိုဆင်ချေးဒူးရင်းသီးဟာ ကျေးလက်တောရွာများရဲ့ ပုံပြင်သ
ဖွယ်၊ ဒဏ္ဍာရီတစ်ခုသာဖြစ်တယ်လို့ ဆိုကြကာ လက်မခံကြပါဘူး...
သို့ ပင်ငြားလည်းဒူးရင်းသီးကြိုက်နှစ်သက်သူတစ်ချို့ ကတော့ ၎င်းတို့ အနေနှင့် ထိုအသီးကိုစားဖူးကြောင်း၊
သာမန်ဒူးရင်းသီးထက်အများကြီး ပိုပြီးအရသာရှိလှကြောင်း ကျိန်တွယ်ပြောဆိုခဲ့ ကြပါတယ်...

ကြောင်ချေးကော်ဖီစေ့ လောက်တောင်ရဖို့ မလွယ်လှတာကတော့ ကံဆိုးလှပါတယ်...
ဆင်တွေကလည်း နိုင်ငံတကာမှာရှားပါးလာနေကြပြီမဟုတ်ပါလား...
အင်တာနက်မှာ မှတ်ချက်ရေးသူတစ်ဦးကတော့  " အကြင်နာပွားချင်ယင် ဆင် ပါ ထားတာကိုသာ သတိပြု၊
ကြည့် ရှုကြလော့ ..." ဟု ရေးသားထားခဲ့ ပါတယ်....
သြော်...
ဆင်းချေးဒူးရင်းတဲ့ လားကွယ်...

ကဲ ...
ကို AATO တို့  ကိုဇော် တို့ ၊ ကိုဝေယံတို့ ရေ....
မလေးရှားမှာ ဆင်ဒူးရင်းတစ်လုံးလောက်ရှာပြီး မိတ်ဆွေကြီး၊ လူပြိုကြီးဘကျောက်အတွက် Christmas
လက်ဆောင်၊ New Year လက်ဆောင်ပေးယင်မကောင်းဘူးလားဗျာ...

အင်္ဂလိပ်လိုသတင်းလေးပါ....
Timber tycoons with good connections with the Orang Asli are willing to pay about RM1,000 for a sample.
Undigested durian fruits excreted by elephants may sound disgusting, but faecal fruit could well be the most expensive (and delicious) aphrodisiac from the jungle.

As supply is scarce, it is learnt that timber tycoons with good connections with the Orang Asli are willing to pay about RM1,000 for a sample.

Simply termed as "elephant durians", the fruits are collected the same way as kopi luwak (civet coffee) in Indonesia.

While the natives in Sumatra trail after the civet in search for its faeces consisting of undigested coffee berries, the Jakun in Malaysian forests follow elephants which have swallowed durian fruits.

They have to take the risk to follow the mammals for at least four hours, as this is the duration needed by the animals for digestion before the fruit is excreted with the faeces.

Malaysia Nature Society advisor (Johor branch) Vincent Chow heard about this aphrodisiac from his timber tycoon friends and Orang Asli.

He said timber tycoons will usually book in advance the fruits from the Orang Asli during the durian season.

"The Orang Asli are willing to trail the animal because of the good money the excreted fruit can fetch.

"Based on what Orang Asli tell us, the faeces of elephant smell like tea and is not smelly at all as the mammal is a herbivore.

"Moreover, the fruit remains clean as no dirt or bacteria can penetrate the hard and fibrous husk within the short time span.

"Tycoons claim that the fruit will become an aphrodisiac after passing through the elephant's digestive tract.

"Although there is no scientific evidence to suggest so, the high demand and good price for the fruit speak for itself," he told Streets.

It is learnt that elephants will roll the fruit on the jungle floor by using its foot to smoothen its thorny surface before rolling and wrapping it with grass and leaves from the jungle floor and swallowing it.

The mammal usually swallows more than one fruit at a time.

This is probably the second food item in the world consumed by human in the form of faeces.

The first is the above mentioned civet coffee.

It is said the beans of this coffee yield a fragrant aroma and tastes much less bitter, and widely noted as the most expensive coffee in the world.
Apparently elephant-dung durians are also sought after in Thailand and Indonesia.
A website showcasing tropical fruits said: "In Thailand, durians that have passed through an elephant (undigested) are particularly prized for their perfect ripeness."

One durian lover said on a Thai website that the beasts help to "enhance the taste of durians".

"They roll the fruit on the ground so as to cover the thorns with grass and leaves; the fruit is then swallowed whole and passes through the animal’s digestve system, ripening furthur in the process. I think this is some kind of elephant spa digestive tract cleansing treatment. The whole fruit that comes out through the other end is worth its weight and taste in gold!!! Men are said to eagerly hunt for this treasure, unfortunately so do tigers."

An Indonesian netizen responding to a foreign blogger who couldn't appreciate durians said: "If nobody can't yet convince you about the deliciousness of this fruit, probably trying out the "durian gajah," or the elephant's durian could turn you into a believer.

"This is the kind of durian that is swallowed in whole by an elephant, and after being ripened (and probably hormonally treated) through the animal's digestive system, is secreted out along with its feces. The resulting fruit is delicious beyond description..:) Too bad it's not as easy to come by as the luwak coffee, which has a similar story with this type of durian, since elephants are becoming increasingly rare in the country."

But some cynics dismissed talk of elephant-dung durians as an urban legend.

However, some durian lovers swore that they have had the elephant-ripened fruit and it's more delicious than the normal ones.

Said one netizen: "Check the huge ass of the elephant!"

4 comments:

ရွှေရတုမှတ်တမ်း said...

ဆင်ထက်ကြီးတဲ့ ဂေါ်ဇီလာ ဒူးရင်းလဲ စားမှာပဲ..
အဓိက က..ဒါပဲလေ..

ကိုဇော် said...

အေးဗျာ. . .
ရအောင် ရှာဦးမယ်။ နောက်ပြီးတော့ ကိုယ်အရင် အစမ်းမြည်းကြည့်ရမယ်။ တမျိုး မထင်ပါနဲ့ ဘကျောက်ကို အန္တရာယ် ဖြစ်မှာ စိုးလို့ပါ အဟဲ။

An Asian Tour Operator said...

မလေးရှားက ဘီလွန်မိုးသစ် တောကြီးထဲ မှာ ကျားစားထား တဲ့ ဒူးရင်းအရိုင်းသီး အခွံ တွေတွေ့ခဲ့ဘူးပါတယ်။ ဆင်တွေလဲ အဲဒီ အသီးတွေ ကို အလုံးလိုက်မြို ချတယ်လို့ လမ်းပြတဲ့ wildlife ranger ကပြောပါတယ်။ အော်ရန်အက်စလီ တွေက အဲဒါမျိုးတွေ ကိုလိုက်ရှာပြီး ပြန်ရောင်းတာပါ။ ကျနော်တို့စားနေကျ ဒူးရင်းသီးလို မဟုတ်ပဲ အခွံကစူးချွန်တွေက နူးညံ့ ပြီး ပိုရှည်ပါတယ်။

မိုးယံ said...

ရမလားတော့ မသိဘူး။ ဒါပေမယ့် စုံစမ်းနေမှာပါ.. အပြင်ထွက်ချိန်နည်းသူလဲဖြစ်၊ ကိုဇော်ကိုလဲ အပူကပ်နေကြဖြစ်လို့ သူ့ကို ဦးဆောင်ခိုင်းလိုက်မယ်. တွေ့ရင် လိုက်ဝယ်ပေးလိုက်မယ်.. ဘဘကျောက်အတွက် ခစ်မတ်လက်ဆောင်ပေါ့..