Man, 75, seeks wife in 20's

Monday, December 27, 2010

နုနုငယ်ငယ် လိုချင်တယ်....

လေးဆယ်ကျော်ယင်မစဉ်းစားဘူး...၂၀ကျော်ဆိုကျွမ်းထိုးပစ်လိုက်မယ်...
တော်တော်လဲခက်တဲ့ လူကြီးပဲ...

အသက် ၇၅ နှစ်ရှိ တရုတ်နိုင်ငံသားအငြိမ်းစား အဘိုးကြီးတစ်ယောက်ဟာ ၎င်းအား အသက်အရွယ်ငယ်ရွယ်
သည့် ဇနီးလောင်းတစ်ယောက်ရှာပေးရန် သတင်းမီဒီယာများကို အကူအညီတောင်းခံခဲ့ ပါတယ်...
အငြိမ်းစားအင်ဂျင်နီယာကြီး ဆန်တယန်မင်း က သတို့ သမီးအနေနှင့် အသက် ၄၅ နှစ်မကျော်စေရဘူး၊ အ
သက် ၂၀ ကျော်အတွင်းဆိုယင်တော့ နောက်ကျွမ်းပစ်တဲ့ အထိသဘောကျမိမှာဖြစ်တယ်လို့ ချူံကင်းညနေ
ပိုင်းသတင်းစာကို ပြောကြားခဲ့ ပါတယ်...( မူရင်းသတင်းထဲတော့ နောက်ကျွမ်းပစ်တာမပါဘူးပေါ့ လေ...
ဒါပေမယ့် သူအဲဒီလိုဖြစ်မှာကတော့ သေချာသလောက်ပါပဲ...)
" တစ်ကယ်လို့ ဖရန်ကလင်ယန်ချင်နင်း တောင်မှ အသက် ၈၂ နှစ်နဲ့  ၂၈ နှစ်အရွယ်မိန်းကလေးကို ဇနီးမ
ယားအဖြစ်ရနိုင်၊ လက်ထပ်နိုင်သေးယင် ကျူပ်ကလည်း သူ့ လိုစွမ်းဆောင်နိုင်ပါတယ်... " လို့ သူကပြော
ကြားခဲ့ ပါတယ်...
ရူပဗေဒဆိုင်ရာ နိုဘယ် ဆုရှင် ယန်ချင်နင်း ဟာ ၀မ်ဖန်း ကို ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ တာဖြစ်ပါတယ်...

၎င်းနှင့် လက်ထပ်မည့် အမျိုးသမီးဟာ ( အသက်ငယ်ယုံတင်မက ) ကျန်းမာသန်စွမ်းရမည်၊ ပညာရည်အ
ဆင့် အတန်းမြင့် မားရမည်၊ ကလေးများရှိခဲ့ လျှင်လည်း သူမနှင့်အတူမနေတဲ့သူတွေဖြစ်ရမည် လို့ လည်း
မစ္စတာဆန်း ကပြောကြားခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ချူံကင်းမြို့ တွင်နေထိုင်သည့် မစ္စတာဆန်းဟာ ချူံကင်းတက္ကသိုလ်မှ ၁၉၄၉ ခုနှစ်တွင် ဘွဲ့ ရရှိ
ခဲ့ ပြီး သံနှင့် သံမဏိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ ပြီး ၁၉၈၈ နှစ်တွင်ထိုအလုပ်မှ အငြိမ်းစားယူခဲ့ တာဖြစ်
ပါတယ်...
၎င်းနောက် သူဟာ စက်ပစ္စည်းကုမ္ပဏီတစ်ခုတည်ထောင်ဖွင့် လှစ်ခဲ့ ပြီးနောက် ပြန်လည်ပိတ်သိမ်းခဲ့ ပါသေး
တယ်...
ယခုအခါမှာတော့ သူဟာ ပင်စင်လစာအဖြစ် တစ်လကို ယွမ်ငွေ ၃၀၀၀ ( ဒေါ်လာ ၄၅၀ ကျော် ) ရရှိနေပါ
တယ်...
သူဟာဇနီးဖြစ်သူနှင့် ၁၉၉၈ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ ပြီးကတည်းက လူပျိုပြန်ဖြစ်ကာတစ်ကိုယ်တည်းနေ
ခဲ့ ရတယ်လို့ ဆိုပါတယ်..
သူ့ ရဲ ဇနီးလောင်းဟာ သူနှင့် လက်ထပ်ပြီးယင်လောင်းကစားမလုပ်ရဘူး၊ အရက်ဘီယာ မသောက်စားရ
ဘူး၊ ကပွဲရုံတွေကိုသွားပြီးမက ရဘူး လို့ လည်းသူကဆိုလိုက်ပြီး ဇနီးဖြစ်သူနဲ့ မကွာရှင်းပါဘူးလို့ ဆိုတဲ့ နား
လည်မှုစာချူပ်လည်း ၎င်းအနေနဲ့ လက်မှတ်ထိုးမှာဖြစ်တယ်လို့ မစ္စတာဆန်းက ဆိုခဲ့ ပါတယ်....



ဘ၀ရဲ့ နောက်ဆုံးအချိန်၊ နှစ်တွေမှာ သံသရာကလွတ်ရာလွတ်ကြောင်း ဘာသာတရားအဆုံးအမလိုက်နာ
မယ်....ဒါမှမဟုတ် အများကောင်းကျိုး၊ ပရဟိတလုပ်ငန်းတွေလုပ်မယ် မရှိပဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ပဲ
နေလိုက်ချင်သေးတယ်ဆိုပဲ...
လူအမျိုးမျိုးစိတ်အထွေထွေပါပဲ...


A 75-year-old Chinese retiree has sought help from the media to find himself a young wife.
Retired engineer Sun Tianmin told Chongqing Evening News that the candidates must not be older than 45, preferably in the 20s.
"If Franklin Yang Chen-Ning could marry a 28-year-old wife when he was 82, I can do the same," he said.
Yang, a winner of Nobel Prize in physics, married Weng Fan in 2005.
Sun also said that the woman has to be healthy, highly educated and her children must not live with them.

Sun, of Chongqing in China, graduated from Chongqing University in 1949. He worked at an iron and steel company until he retired in 1988.
He then opened a machinery company and closed it down later. He receives a monthly pension fund of over 3,000 yuan (RM1,393) now.
Sun said he had been a bachelor since divorcing his wife in 1998.
"She cannot gamble, drink alcoholic beverages or go dancing after marrying me."
Sun also said that he would sign an "no divorce" understanding document with the wife.
ource: Chongqing Evening News

2 comments:

မိုးယံ said...

ငါ့အကြံသူဦး အရူး..

JulyDream said...

အင်း... အဲဒါလည်း လူကြီးရောဂါ...
ကြီးမှ ဝက်သက်ပေါက်ချင်တဲ့ ရောဂါ...
တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ ရောဂါ...