Sudanese woman whipped in public for wearing trousers

Wednesday, December 22, 2010

ဘောင်းဘီဝတ်လို့ ကြိမ်နဲ့ အရိုက်ခံရသည့် ဆူဒန်နိုင်ငံမှအမျိုးသမီး...

ဆူဒန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးအား အများပြည်သူမြင်ကွင်းတွင်ကြိမ်ဖြင့် ရိုက်နှက်အပြစ်ပေးနေသည့် သ
တင်းဓါတ်ပုံ၊ ဗီဒီကလစ်များထွက်ပေါ်လာခဲ့ ပါတယ်...
အဆိုပါဗီဒီယိုကလစ်ကြောင့် ထိုနိုင်ငံ၏ပြင်းထန်တင်းကြပ်သည့် ကိုယ်ကျင့် ဆိုင်ရာစည်းကမ်းများဖောက်
ဖျက်ကျူးလွန်မိသူ အမျိုးသမီးများအား ချမှတ်သည့် အပြစ်ပေးမှုမျိုးအား ရှားရှားပါးပါးမြင်တွေ့ နိုင်ခဲ့ ခြင်း
ဖြစ်ပါတယ်....


ဆူဒန်နိုင်ငံရဲ့ ထုံးစံအစ္စလာမ်ဘာသာအရတားမြစ်ထားသည့် ဘောင်းဘီဝတ်မိလို့ 
လူမြင်ကွင်းမှာကြာပွတ်ဖြင့် အရိုက်ခံရသည့် အမျိုးသမီး...

အစ္စလာမ်ဘာသာရေးဆိုင်ရာ ရှာရီးယား တရားဥပဒေအရအပြစ်ပေးခံရသည့် အမျိုးသမီးရဲ့ ပြစ်မှုကတော့ 
အစ္စလာမ်ဘာသာရေးဆိုင်ရာ ၀တ်ရုံအောက်တွင် (တားမြစ်တားသည့် ) ဘောင်းဘီဝတ်ဆင်ထားခဲ့ မိခြင်း
ကြောင့် ဖြစ်ပါတယ်...
သတင်းပါ ပုံရိုက်များအရ အဆိုပါအမျိုးသမီးဟာ ကြာပွတ်ဖြင့် အရိုက်ခံနေရစဉ်အတွင်း မြေပေါ်တွင် ၀ပ်
တွားအော်ဟစ်ငိုယိုကာ ခန္ဓာကိုယ်ပေါ်သို့ ဝဲကျလာနေခဲ့ သည့် ကြာပွတ်ဒါဏ်များကို လက်ဖြင့် ကာကွယ်နေ
ခဲ့ သည်ကို တွေ့ မြင်ကြရမှာဖြစ်ပါတယ်...
ယခုကဲ့ သို့ အများပြည်သူမြင်ကွင်းတွင်အပြစ်ပေး၊ဒါဏ်ခတ်ခြင်းဟာအမျိုးသမီးများအား အရှက်ရစေ၊သိက္ခာ
ကျစေကြောင်းဖြင့် ကန့် ကွက်မှုများဖြစ်ပေါ်စေခဲ့ ပါတယ်....
မြို့ တော်ခါတွန်ရဲ့ အုပ်ချူပ်ရေးမှူးကတော့ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရာမှာ မှားယွင်းမှုဖြစ်ပေါ်ခဲ့ တယ်
လို့ ပြောကြားခဲ့ ပါတယ်...
" ဒီလို ( အမျိုးသမီးများအား ကြာပွတ်ဖြင့် ရိုက်နှက် အပြစ်ပေးခြင်း) အဖြစ်အပျက်မျိုးဟာ မကြာခဏဖြစ်
ပျက်နေတာဖြစ်ပေမယ့် မှတ်တမ်းတင်ရိုက်ကူးထားတာကတော့ အလွန်အင်မတန်ရှားပါတယ်...
အပြစ်ပေးရခြင်းကတော့  ၁၉၉၁ ခုနှစ်ကပြဌာန်းခဲ့ တဲ့ မဖွယ်မရာအပြုအမူဆိုင်ရာဥပဒေချိုးဖောက်မှု
ကြောင့် ဖြစ်ပြီး အဆိုပါဥပဒေများအရ ယခုကဲ့ သို့ အပြစ်ပေးရခြင်းဟာ တရားမျှတပါတယ် ( ဥပဒေနဲ့ ညီ
ညွတ်တယ်...) လို့ ဆိုပါတယ်...

( ရိုက်နှက်အပြစ်ခံရလို့ အမျိုးသမီးအတွက် ) နာကြင်ခံစားရတာရော၊ ရှက်ရွံ့ ကြေကွဲ၊ သိက္ခာကျရတာတွေ
ဖြစ်ပေါ်စေသလို၊ ဗီဒီယိုကလစ်အရ တစ်ချို့ သော ( ကိုယ်ချင်းမစာသူတွေ ) သူတွေအတွက်ကတော့ ဖျော်
ဖြေမှုတစ်ခုအဖြစ် ထိုအမျိုးသမီးအား ကြာပွတ်ဖြင့် ရိုက်နှက်နေစဉ်အမျိုးသားတစ်ဦးကရယ်မောနေသည်ကို
မြင်တွေ့ ရလို့ သိရှိနိုင်ပါတယ်...

ရှေးခေတ်၊ ကျောက်ခတ်များကလို လူကိုလူလိုမသတ်မှတ်နိုင်တဲ့ အယူဝါဒများဖြစ်ရပ်များလည်း ယနေ့ အ
ထိကမ္ဘာ့ နိုင်ငံဒေသတစ်ချို့ မှာ ရှိနေသေးကြောင်းသိစေချင်လို့ ဗဟုသုတရရန်ရည်ရွယ်ပြီးတင်ပြပါတယ်...

ဗီဒီယိုကလစ်ကလည်း စိတ်ညစ်ညူးဖွယ်ရာပါပဲ...ကြည့် ရတာ...
ဗဟုသုတအနေနဲ့ သာတင်ပါတယ်...
Video contains graphic content.


အင်္ဂလိပ်လိုသတင်းပါ...
Footage has emerged of a woman being publicly whipped in Sudan for wearing trousers. The video offers a rare glimpse of the type of punishment inflicted on women who break the country's strict morality code.
The victim was punished under Sharia law for wearing trousers under her Islamic clothing. The footage shows her crawling on the ground, raising her arm to try to ward off the attacks and screaming as the whip strikes. The public punishment sparked protests among females against laws they said humiliated women. Dozens of them were arrested.
The governor of Khartoum said there had been a mistake in the way the victim's punishment had been carried out. A journalist said: "It is a frequent occurrence but very rarely filmed. The punishment is under laws brought in 1991 for indecent behaviour - it is justice under those laws."
As well as pain and humiliation, the video also shows, how for some, it is entertainment, as a man is shown laughing at the woman after she is whipped.

1 comments:

Anonymous said...

သူကဘာဘောင်းဘီများဝတ်မိလို့ လဲဗျာ။