3yr-old girl 'nurses' paralysed dad

Monday, December 20, 2010

ဖေဖေ့ ချစ်သမီးလေးငယ်ငယ်...၃ နှစ်အရွယ်...

Xinyi helping to cook lunch for herself and the father
 ဖေဖေ့ သမီးငယ်ငယ်၊ အလိမ္မာကြွယ်...စားဖို့ ထမင်းဟင်းလည်းချက်ရတယ်...
ဓါတ်ပုံရိုက်တဲ့ သူလည်းရှိနေပါလား...အမှန်အကန်လား၊ အကြံအဖန်လားတော့ မသိဘူး...
Xinyi helping to cook lunch for herself and the father

သမီးငယ်လေးအသက်ကား ၃နှစ်မျှသာရှိသေးပေမယ့် ကိုယ်တစ်ပိုင်းသေနေသည့် ဖခင်ဖြစ်သူကို သူမတစ်
ဦးတည်းပြုစုနေရရှာပါပြီ....
သမီးငယ်လေး တိန်ရှင်းရီ တစ်ယောက် အသက် ၂၆ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ တိန်ကျန်းအတွက် ချက်ပြုတ်
ပေးနေရသည့် အပြင် အညစ်အကြေးသန့် ရှင်းရေးကိစ္စအ၀၀ ကိုပင်ကူညီလုပ်ဆောင်ပေးနေရပါတယ်...
ရှင်းရီကလေးကို တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်၊ ဟွမ်ဟိုင်းယားမြို့ က လယ်သမားမိသားစုတစ်ခုကနေ ၂၀၀၇
ခုနှစ်မှာ မွေးဖွားခဲ့ တာဖြစ်ပါတယ်...
သူမကိုမွေးဖွားပြီး လအတန်ကြာမှာပဲမိခင်ဖြစ်သူဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ကိုယ်တစ်ပိုင်းသေသွားခဲ့ 
ရသည့်  တိန်ကျန်းကို ထားခဲ့ ခါ သမီးငယ်ကိုခေါ်ဆောင်ပြီးအိမ်မှထွက်ခွာသွားခဲ့ ပါတယ်...

Xinyi taking water out water from a vat at home
တို့ ရေဆာယင် ....ရေချိုတွေယူလာပေးတာလည်း သမီးလေးပါပဲ....
Xinyi taking water out water from a vat at home
ယခုနှစ်အစောပိုင်းမှာတော့ အဆိုပါအမျိုးသမီးဟာ သမီးလေးရှင်းရီကို သူမရဲ့ ဖခင်ဖြစ်သူဆီကိုပြန်ပို့ ခဲ့ ပါ
တယ်...ဒါပေမယ့် ဘာကြောင့် ယခုလို ကလေးကို ကိုယ်တစ်ပိုင်းသေနေတဲ့ ဖခင်ဖြစ်သူဆီပြန်ပို့ ရသလဲဆို
တာတော့ မဖော်ပြခဲ့ ပါဘူး...
သမီးလေးဟာ အိမ်ပြန်ရောက်ကတည်းက ဖခင်ဖြစ်သူကိုပြုစုစောင့် ရှောက်နေခဲ့ ရတော့ တာပါပဲ...
" သမီးလေးဟာ ကျွန်တော့် ဘ၀ရဲ့ အခရာပါပဲ...မတော်တစ်ဆမှုအပြီးမှာဇနီးကလည်း ပစ်သွားတယ်...
အဖေနဲ့ မိထွေးဖြစ်သူကလည်း စွန့် ပယ်ခဲ့ လို့ တစ်ခါကတော့ ကိုယ့် ဘ၀ကိုယ်အဆုံးစီယင်ပစ်လိုက်ဖို့ 
စဉ်းစားခဲ့ မိပါသေးတယ်...
ဒါပေမယ့် အခုတော့ သမီးလေးရှင်းရီ ဒီမှာရှိနေပြီမို့ ကျွန်တော့် အနေနဲ့ သူ့ အတွက်အားတင်းထားရတော့ 
မယ်၊ သတ္တိတွေမွေးရတော့ မယ် ..." လို့ တိန်ကျင်း ကပြောကြားခဲ့ ပါတယ်...
မလှုပ်မရှားနိုင်တဲ့ ဖခင်ဖြစ်သူနဲ့ လူမမယ် သမီးငယ်လေးတို့ ဘယ်ပုံဘယ်နည်းနဲ့ ( စားဖို့ သောက်ဖို့ ၊ ၀တ်
ဆင်ဖို့ ၊ ၀င်ငွေမရှိပဲ ) ဆက်လက်အသက်ရှင်နေနိုင်ကြတယ်ဆိုတာလည်းမဖော်ပြထားခဲ့ ပါဘူး....

ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ရတာနဲ့ တင် ကရုဏာသက်စရာသတင်းလေးပါပဲ...

She may only be three but she is already taking care of her paralysed father alone.
Ding Xinyi has to cook for her father Dong Jian, 26, and also help clean his waste.
Xinyi was born to a farmer family in Huanghia town in Shandong Province, China in 2007.
Several months later, her mother left home, taking her along when Dong Jian was paralysed after a road accident.
Earlier this year, the woman sent Xinyi back to her father. However, it was not reported why she did so.
Since her return, the little girl has had to take care of the father.
"She is my everything. After the accident, my wife left me. With the disregard shown by my father and stepmother, I once even thought of ending my life."
"But now that Xinyi is here, I have to be brave for her," said Dong Jian.
It was not reported how the father and daughter were surviving on.
Source: China News

1 comments:

မိုးယံ said...

သားသမီးရတနာလေးပါပဲ... ကိုယ်တို့လို ရတာ နာ မျိုးမဟုတ်တာကိုက ၀မ်းသာစရာပါပဲ