Ghosts Captured on Camera 1
Sunday, December 19, 2010
အင်တာနက်ပေါ်ကတွေ့ မိတဲ့ သရဲ၊ တစ္ဆေများ ဓါတ်ပုံထဲမှာပေါ်နေတာ ပါရှိတဲ့ ပုံများပါ...
တစ်ကယ်တော့ တစ္ဆေ၊ သရဲ ဆိုတာ ၃၁ ဘုံမှာ ပါဝင်တဲ့  ဝေမာနိကပြိတ္တာဘုံသားပါပဲ...
သူတို့ မှာ ကံအကျိုးအပေးအလိုက် လူတွေသာမန်မျက်စေ့ ဖြင့် မမြင်နိုင်တဲ့ နေထိုင်ရာဘုံ၊ ရုပ်၊ နာမ်ခန္ဓာ
တွေရှိကြပါတယ်...
တစ်ချို့ ( အမှန်တော့ အများစုပါ ) ကတော့ သူတို့ လက်ရှိခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကနေ လွတ်ကင်း
ချမ်းသာအောင် လူတွေသူတို့ ကိုမြင်ပြီး ကုသိုလ်ပြုအမျှဝေဖို့ ကိုယ်ထင်ပြတတ်သလို တစ်ချို့ ကျပြန်တော့ 
လည်း လူ့ ဘ၀ကတည်းက နောက်ချင်ပြောင်ချင်စိတ်၊ သို့ တည်းမဟုတ် မိမိမနှစ်သက်တဲ့ သူတွေကို စိုးရိမ်
ထိတ်လန့် လိုစိတ်နဲ့ လည်း ကိုယ်ထင်ပြတတ်ပါတယ်...
ဒါပေမယ့် သူတို့ ကိုယ်ထင်ပြတိုင်းလည်း လူတွေကမြင်ကြရတာမဟုတ်ပါဘူး...ထူးဆန်းနက်နဲလှတဲ့ ကံ၊ ကံ
၏အကျိုး အတိုင်း သူတို့ မှာလည်း အစွမ်းသတ္တိ ( ကိုယ်ထင်ပြခြင်း၊ အိပ်မက်ပေးခြင်း ) က အကန့် အသတ်
နဲ့ သာရှိလေတာမို့ အကြောင်းတရားတွေတိုက်ဆိုင်မှ မြင်တွေ့ ကြရတတ်ပါတယ်...
တစ်ချို့ သရဲမြင်ရတဲ့ ဂါထာ၊မန္တာန်တို့ ၊ ဆေး၊ အဆောင် အစီအရင်တို့ လည်းရှိနိုင်ပါတယ်...
လွန်ခဲ့ တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးက ဧရာဝတီတိုင်းအတွင်းက မိမိမွေးရာဇာတိ ရွာကလေးကို ရန်ကုန်တိုင်း၊
ကော့ မှူးမြို့ နယ်က ဓမ္မကတိက၊ ကမ္မဌာနာစရိယဆရာတော်တစ်ပါး ပင့် ဆောင်ပြီး တရားစခန်းပွဲ၊ တရား
ဓမ္မသဘင်ပွဲတွေ ပြုပြီး ဓမ္မဒါနအလှူပြုခွင့် ကြုံခဲ့ ပါတယ်...
မိမိပင့် ဆောင်သွားတဲ့ ဆရာတော်ဘုရားက ထိုထိုနာနာဘာဝ၊ ၀ိနာဘာဝ၊ ၀ိဥာဉ်လောကသားတွေကို
စိတ်ဝင်တစားလေ့ လာနေခဲ့ တဲ့ ခေတ်အမြင်ရှိ၊ ခေတ်ပညာတတ်၊ ဓမ္မာစရိယ ဆရာတော် မုရွာမုဠောအရှင်
သာရိတ ဖြစ်ပါတယ်...
ဆရာတော်ဟာ သွားလေရာထို တမလွန်ဘ၀ဆိုင်ရာကိစ္စတွေကြုံတွေ့ ရလေ့ ရှိဟန်တူပါတယ်...သူနှင့် အ
တူ အားကောင်းသည့် ဓါတ်မီးများ၊ တစ္ဆေ၊ သရဲပူးဝင်သူများကို တစ်ကယ်ဟုတ်မဟုတ်စမ်းသပ်ရန် ဆရာဝန်
သုံးနားကြပ်များ၊ သံလိုက်အိမ်မြောင်များ စသည့် ပစ္စည်းကိရိယာများတစ်ပါတည်းယူဆောင်သွားလေ့ ရှိပါ
တယ်...
ဆရာတော်ဟောပြောတဲ့ တရားပွဲများမှာလည်း သူ့ ရဲ့ အတွေ့ အကြုံများ၊ သရဲတစ္ဆေများအား ဓါတ်ပုံရိုက်ကူး
ထားခဲ့ သည့် ပုံများကို ပြသလေ့ ရှိပါတယ်...
တစ်ရက်တော့ ထူးထူးခြားခြားမိမိတို့ တရားစခန်းပွဲကျင်းပရာရွာအနီး ကရွာတစ်ရွာက သူများသတ်လို့ မိန်းမ
နဲ့ ကလေးများသေဆုံးသွားတဲ့ ရွာသားတစ်ဦးက ကွယ်လွန်သူများအတွက်ရည်စူးပြီးဆွမ်းကပ်ချင်ပါတယ်လို့ 
ဆရာတော်ကိုလာလျှောက်ပါတယ်...
ဆရာတော်က ကြွဖို့ သဘောတူတာကြောင့် ထူးဆန်းတဲ့ အတွေ့ အကြုံလေးများရှိခဲ့ ယင်တွေ့ ရအောင်
ထိုနေ့ က ကိုပီတာလည်းလိုက်သွားပါတယ်...
ဆွမ်းကပ်လှူပြီးရေစက်ချတရားဟောစဉ်မှာပဲ မိမိနံဘေးမှ အမျိုးသမီးတစ်ဦး ရှိုက်ကြီးတငင်ငိုကြွေပြီး တစ္ဆေ
ပူးပါတော့ တယ်...
ဆရာတော်ကတော့ ချက်ချင်းမယုံသေးပဲ ထိုအမျိုးသမီး၏မျက်စေ့ သူငယ်အိမ်ကို ဓါတ်မီးဖြင့် ထိုးကြည့် ခြင်း
ဆရာဝန်သုံးနားကြပ်ဖြင့် နှလုံးခုံသံနားထောင်ခြင်း၊ သွေးခုန်နှုံးများတိုင်းခြင်းပြုပြီးမှသာ ထိုအမျိုးသမီးပူးဝင်
နေတဲ့ တစ္ဆေကိုမေးမြန်းပါတယ်...
နီးက သစ်ပင်တစ်ပင်မှာ နေထိုင်ရတဲ့ တစ္ဆေ ဖြစ်နေတာပါပဲ...
အရပ်ထဲမှာပြောလေ့ ရှိတဲ့ ထုံးစံအတိုင်း သူ့ ရဲ့ ဒုက္ခဆင်းရဲတွေပြောပြပြီး အကူအညီတောင်းတာပါပဲ...
ယခုပြတင်ပြသည့် ပုံများနှင့် ထိုစဉ်က ဆရာတော့် ထံမှပုံများကတော့ မတူပါဘူး...ဆရာတော့် ထံမှပုံများ
ကတော့ ယခုပုံများနှင့် တစ်မျိုးစီကွာခြားပါတယ်...
ဒါပေမယ့် မှတ်တမ်းမှတ်ရာမယူထားလိုက်နိုင်တဲ့ အတွက် ယခုတော့မတင်ပြနိုင်ပါဘူး...
ယခုတင်ပြမယ့် ပုံတွေကတော့ အင်ဒိုနီးရှား သို့ မဟုတ် မလေးရှားနိုင်ငံမှ လူငယ်တစ်စု အမှတ်တစ်ရဓါတ်
ပုံများရိုက်ကူးယင်း ထိုဓါတ်ပုံများထဲမှာ တစ္ဆေ၊ သရဲလိုပုံရိပ် တွေပါရှိနေတာတွေ့ ရမှာဖြစ်ပါတယ်...
ဖိုတိုရှော့ နဲ့ ဖန်တီးထားတာတွေမဟုတ်ဘူးလို့ တော့ ထင်ရတာပါပဲ...
ကြောက်တတ်သူ၊ စိုးရိမ်ထိတ်လန့် တတ်သူများ ကြည့် ရှုရန်မသင့် တော်ပါ...
ဗဟုသုတရရန်အတွက်သာဖြစ်ပါတယ်...
မူရင်းပို့ စ်တင်သူကတော့ တစ္ဆေ၊ သရဲတွေကို သူမယုံပါဘူးတဲ့ ...
ကဲမိတ်ဆွေ...သင်ကရော ယုံပါရဲ့ လား....
I don't believe in ghosts but maybe you do?
1 comments:
nero said...
စိတ်ဝင်စားတယ်ကိုပီတာရေ....နောက်ရရင်လည်းတင်ပေးပါအုံး...ကျေှးဇူးတင်ပါတယ်