Indian man becomes woman to get a job

Thursday, December 23, 2010

အလုပ်ရဖို့ ရင်းရတာက  ....

ဆင်းရဲကြပ်တည်းမွဲတေမှုက အသက် ၂၄ နှစ်အရွယ်ရှိ လူငယ်အမျိုးသားလေးတစ်ဦးကို မိန်းမအသွင်သို့ 
မဖြစ်မနေပြောင်းစေခဲ့ ပါတယ်...
ဗက်ဒေရာအုပ်ချူပ်ရေးအရပ်ဒေသ ဇာတိဖွားဖြစ်သူလူငယ်ဟာ မွန်ဘိုင်းမြို့မှာ ယောကျာင်္းဘ၀မှ မိန်းမဘဝ
သို့ လိင်ပြောင်းခွဲစိတ်မှု ခံယူခဲ့ အပြီးမှာ ဇာတိချက်ကြွေမွေးရပ်မြေရှိ နေအိမ်သို့ မကြာသေးခင်ကာလကမှ
ပြန်လာခဲ့ တာဖြစ်ပါတယ်...
ကျွန်တော့် ရဲ့ ( အခုတော့ ကျွန်မရဲ့ ) မိသားစုဝင်တွေဟာ မောင်မောင်ကနေ မမ ဖြစ်ခဲ့ ရတဲ့ ခွဲစိတ်ဖြတ်
တောက်၊ ဖောက်ချူပ်မှုအကြောင်းကိုပြောပြလိုက်ခဲ့ တဲ့ အခါမှာတော့ အံ့ သြတုန်လှုပ်သွားကြပြီးငိုကြွေးခဲ့ 
ကြတာ နှစ်ရက်တောင်ကြာသွားခဲ့ ပါတယ် လို့ ကုမ်ဒပါလီရှန်ကာ တစ်ဖြစ်လဲ အန်ကီတာ ကပြောပြခဲ့ ပါ
တယ်...
ရှန်ကာ ဟာလွန်ခဲ့ တဲ့ ခြောက်လခန့် က မွန်ဘိုင်းမြို့ က ဆေးရုံတစ်ရုံမှာ ခွဲစိတ်မှုခံယူ ( အရပ်ထဲပြောပြော
နေကြတဲ့ စကေဘာ ဆိုတာ အင်္ဂလိပ်လို scapel ပါတဲ့ ဗျာ...ခုမှသိတယ်...) ပြီး ဘ၀ပြောင်းခဲ့ လိုက်တာ
ဖြစ်ပါတယ်...


ဘော့ စ် များက ဒီလိုမျိုးမှ ဗျူးတော်မူချင်ကြသည်လေ...
အခုတော့ အလုပ်လျှောက်တိုင်းဗျူးဖို့ ခေါ်လွန်းလို့ စိတ်တောင်ညစ်နေရပါပြီ...

ဘာကြောင့် များ ရှန်ကာတစ်ယောက် ယောကျာင်္းစင်စစ်ကနေ အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲ
သွားရတာပါလိမ့် ဆိုတာကတော့  ငယ်စဉ်ကတည်းက ဆင်းရဲချို့ တဲ့ ခဲ့ ရလို့ အိမ်နီးချင်းများက နှိမ့် ချကဲ့ ရဲ့ 
ဆက်ဆံခဲ့ ကြတာကြောင့် သူဟာ မွန်ဘိုင်းမြို့ ကို ကြီးပွားတိုးတက်ရာအသက်မွေးဝမ်းကြောင်းပြုဖို့ ထွက်ခွာ
ခဲ့ ရတယ်လို့ သူကဆိုပါတယ်...
" ( အဲဒီ မွန်ဘိုင်းမှာ ) ယောကျာင်္းလေးဆိုယင် ဘယ်သူကမှ အလုပ်မခန့် ချင်ကြပါဘူး...ဒါကြောင့် ကျွန်
တော်လည်း မိန်းမဘ၀ပြောင်းပြီး ၀င်ငွေရတဲ့ အလုပ်ရှာမယ်လို့ ဆုံးဖြတ်ခဲ့ လိုက်တာဖြစ်ပါတယ် လို့ သူက
ပြောပြခဲ့ ပါတယ်...
" ကျွန်တော့် အတွက် လက်ငင်းဦးစားပေးရမယ့် ကိစ္စက ငွေရအောင်ရှာပြီးမိသားစုရဲ့ အခက်အခဲ ဖြစ်နေတဲ့ 
ငွေရေးကြေးရေးပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းပေးဖို့ ပဲဖြစ်ပါတယ်..." လို့ လည်း သူကပြောကြား
ခဲ့ ပါတယ်...

ရှန်ကာ ဟာငယ်စဉ်ကတေည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ တာမို့ ပညာလည်းဆက်လက်မသင်ကြားနိုင်
တော့ တာမို့ သူ့ အတွက်အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့ ရတာဖြစ်ပါတယ်...
သူဟာလွန်ခဲ့ တဲ့ နှစ်ကစပြီး ရွာကနေပျောက်သွားခဲ့ တာဖြစ်ပါတယ်..." သူ့ ကိုခြေရာခံမိဖို့ စုံစမ်းရတာကို
က နှစ်လလောက်ကြာပါတယ်...သူကျွန်တော်တို့ ကိုအဆက်အသွယ်မလုပ်၊ အကြောင်းမကြားတော့ ကျွန်
တော်တို့ အားလုံး စိုး၇ိမ်ပူပန်သွားခဲ့ ကြပါတယ်..." လို့ လည်း နေ့ စားကုန်ကြမ်းအလုပ်သမားတစ်ဦးဖြစ်တဲ့ 
သူ့ ရဲ့ အစ်ကိုဖြစ်သူ ပူရူရှိုသမ် ကပြောကြားခဲ့ ပါတယ်...
ယခုအခါမှာတော့ အန်ကီတာ ဟာ( ရှန်ကာတစ်ယောက် ) ရောင်စုံဆာရီ နဲ့ လက်ကောက်တွေဝတ်ဆင်
ထားပြီး မွန်ဘိုင်းမြို့ က ကုမ္ပဏီ၊ လုပ်ငန်းအသေးလေးတစ်ခုမှာ တစ်လလျှင် ရူပီး ၃၀၀၀ ( ၆၆ ဒေါ်လာခန့် )
ဖြင့် အလုပ်တစ်ခုရရှိလုပ်ကိုင်လျှက်ရှိနေပါတယ်...

သူ့ နည်းကလည်း ဟန်ကျသားဗျာ...
ယနေ့ ခေတ်အခြေအနေများအရ ယေဘုယျအားဖြင့် အမျိုးသမီးများက အမျိုးသားများထက် အလုပ်အကိုင်
အခွင့် အလမ်းပိုရနေတာကတော့ အသေအချာပါပဲ...
ရွှေပြည်ကြီးကအလုပ်ကြေငြာတွေမှာဆိုလည်း  အိမ်ထောင်မရှိသူ၊ ရုပ်ရည်သန့် ပြန့် သည့် ဘွဲ့ ရအမျိုးသမီး
ဆိုတဲ့ ကန့် သတ်ချက်က အလုပ်ကြေငြာတိုင်းရဲ့ ၇၅ ရာခိုင်နှုံးလောက်များရှိလေမလားပဲ...

နောက်အလုပ်တစ်ခုပြောင်းချင်လို့ အလုပ်အသစ်တစ်ခုလျှောက်တိုင်းပြန်စာမလာနေတဲ့ ကိုပီတာလည်း
apply... apply , no reply ဖြစ်နေလို့  ဒီ ကုလားလို လုပ်ယင်ကောင်းမလားလို့ စဉ်းစားနေမိပါတယ်...

အင်္ဂလိပ်လိုသတင်းလေးပါ...
Poverty has forced a 24-year-old youth to turn himself into a woman. The youth, a native of Vaddera Colony in the mandal, underwent a sex change operation in Mumbai and returned home recently.
"My family members were shocked and cried for two days when I informed them about the sex change operation," Kondapalli Shankar aka Ankita said. Shankar went under the scalpel six months ago in a Mumbai hospital.
But what made Shankar transform himself into a woman? He said acute poverty and humiliation by neighbours forced him to migrate to Mumbai in search of livelihood. "Nobody gives a job to a man. So I had decided to become a woman and earn money," he said. "My immediate priority is to earn money and bail out my poor family from the severe financial problems," he said.
Shankar lost his father Ramchander when he was a small child, and could not pursue education, which made it difficult for him to get any job. He disappeared from the village a year ago. "It took two months for us to trace him out. We were worried when he didn't call us immediately," his brother Purushotham, a daily wage labourer, said. Ankita, attired in a colourful sari and bangles, says she now earns Rs 3,000 a month at a small firm in Mumbai.

4 comments:

Anonymous said...

reply reply all welcome လုပ်ချင်ရင်တော့..ကိုကြီးရေ...ဒူးသာဒူးပေတော့

မိုးယံ said...

ကိုပီတာ့ အကြံ မဆိုးဘူးနော်.. စွင်းစားသင့်ပါတယ်ဗျာ... ခွိခွိ

Unknown said...

အားပေးတယ် ကိုပီတာ
လုပ်တာလုပ်

ကိုဇော် said...

လုပ်ရင်လည်း ပြောဦးနော်။