Want Kate's ring? Get it for three bucks in China

Friday, December 31, 2010


ကိတ်မစ်ဒယ်လ်တန် ၀တ်တဲ့ လက်စွပ်ယူမလား...." ၀ "  တို့ ဆီမှာ၇တယ်လေ ... 
ဝီလျံမင်းသားက ကိတ်မစ်ဒယ်လ်တန် ကိုပေးတဲ့ စေ့ စပ်၊ လက်ထပ်လက်စွပ်...

လာမည့် နှစ် ဧပြီလတွင်ကျင်းပမည့် ဗြိတိန်နိုင်ငံမှ တော်ဝင်မင်းသားလေး ၀ီလီလျံ နှင့် သူ၏ချစ်သူ မိန်းက
လေး ကိတ်မစ်ဒယ်လ်တန် တို့ ရဲ့ လက်ထပ်ပွဲကို ကမ္ဘာနှင့်အ၀ှမ်းဆယ်ကျော်သက်လေးများ အရူအမူးဖြစ်နေ
ချိန်တွင် ထိုမင်းသားလေးမှ မိန်းကလေးသို့ စေ့ စပ်လက်စွပ်အဖြစ်အမှတ်တစ်ရပေးအပ်ခဲ့ သည့် ၎င်း၏မိခင်
ဒိုင်ယာနာမင်းသမီး ၀တ်ဆင်ခဲ့ သည့် ဥဿဖယားနှင့် စိန်များစီခြယ်ထားသည့် လက်စွပ်ကလေးနှင့် ပုံစံတူ
လက်စွပ်အတုများကို တရုတ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာမျှဖြင့်ပေါပေါလောလောရနိုင်ပြီဖြစ်
သဖြင့် တရုတ်လမ်းဘေးဈေးသည်များ အချီကြီးပွပေါက်တိုးကြလိမ့် မည်ဟု မျှော်လင့် နေကြပါတယ်...
မူလတန်ဖိုး ဒေါ်လာ ၄၅၀၀၀ ရှိသည့် တစ်ချိန်က ဒိုင်ယာနာမင်းသမီးပိုင်ဆိုင်ဝတ်ဆင်ခဲ့ ကာမင်းသားလေးဝီ
လျံမှ ချစ်သူကိတ်မစ်ဒယ်လ်တန်အားပေးခဲ့ သည့် အဆိုပါ စိန်လက်စွပ် မျိုးကို တ၇ုတ်နိုင်ငံ၏အကြီးမားဆုံး
အွန်လိုင်းဈေးဆိုင်ဖြစ်သည့် Taobao.com တွင် မူရင်းဈေးဖြင့် ဝယ်ယူရရှိနေချိန်တွင် ယခုကဲ့ သို့ ဈေးပေါ
သည့် အတုအပများပေါ်ထွက်လာတာဖြစ်ပါတယ်...

ဟိုယခင်ကတော့ ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့ ပြီး အခုတော့ ကိတ်မစ်ဒယ်လ်တန် ပေါ့ ...
ဓါတ်ပုံကို nydailynews.com ကရှာတွေ့ ရယူပါတယ်...

ထိုစိန်လက်စွပ်အတုအပေါစားများကို ယွမ် ၁၀၀ ခန့်  ( ၁၅ ဒေါ်လာ ) ဖြင့် အများစုကရောင်းချနေကြသော်
လည်း ဇာကွန်ဓါတုဗေဒကျောက်တစ်မျိုးနှင့် အမျိုးအမည်မသိ သတ္တုတစ်မျိုးတို့ ဖြင့် ပြုလုပ်ဖန်တီးထား
သည့် အဆိုပါ ပုံစံတူ အပေါဆုံးလက်စွပ်များကိုတော့  ၁၉.၉၉ ယွမ် သို့ မဟုတ် ၃ ဒေါ်လာ ခန့် မျှပင် ၀ယ်
ယူရရှိနိုင်ကြောင်း Taobao အင်တာနက်စာမျက်နှာအရ သိရှိရပါတယ်...
မူလလက်စွပ်ကိုတော့ ဒိုင်နာမင်းသမီးကို ၀ီလျံရဲ့ ဖခင် ချားလ်စ် မင်းသားက ၁၉၈၁ ခုနှစ် ၎င်းတို့ စေ့ စပ်ခဲ့ 
စဉ်ပေးအပ်ခဲ့ တာဖြစ်ပါတယ်...

ဒိုင်ယာနာမင်းသမီးနှင့် ချားလ်စ် မင်းသားတို့ ဟာ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ ကြပြီးနောက်တစ်နှစ်မှာ
တော့ မင်းသမီးဟာ ပဲရစ်မြို့ တွင် ယာဉ်တိုက်မှုဖြစ်ပြီးသေဆုံးခဲ့ ပါတယ်...
တရုတ်နိုင်ငံ၏အသေးစားကုန်ပစ္စည်းများရောင်းချရာအကြီးမားဆုံးဈေးကွက်ဖြစ်သည့် နိုင်ငံအရှေ့ ပိုင်း ယီဝူး
ဒေသရှိ စက်ရုံများဟာ အဆိုပါ ၀ီလျံမင်းသားနှင့် ကိတ်မစ်ဒယ်လ်တန်တို့ ရဲ့ တော်ဝင်လက်ထပ်မင်္ဂလာအ
ခမ်းအနား အမှတ်တရပစ္စည်းများဖြစ်သည့် စေ့ စပ်လက်စွပ်မှသည် သတို့ သား၊ သတိုးသမီးအရုပ်များအထိ
အတုအပများကို အမြောက်အများအလျင်အမြန်ထုတ်လုပ်နေခဲ့ ကြသည်ဟု တရုတ်သတင်းမီဒီယာများက ယခုသီတင်းပါတ်များတွင်ဖော်ပြခဲ့ ကြပါတယ်...

အတုအပ အစ တရုတ်က လို့ တောင်ဆိုရမလိုဖြစ်နေပါပြီ...

Chinese vendors looking to cash in on the frenzy over the April wedding of Britain's Prince William and Kate Middleton are selling copies of her engagement ring for as little as $3.
Knock-offs of the $45,000 sapphire-and-diamond ring that the prince gave to Middleton -and once worn by his mother, Princess Diana -are on offer at various shops on Taobao.com, China's largest online mall.
Most are selling for less than 100 yuan ($15), with the cheapest, al legedly made of zircon and unspecified alloys, available for just 19.9 yuan, or about $3, according to Taobao pages. The original item was given to Diana by William's father, Prince Charles, when they were engaged in February 1981.
Charles and Diana divorced in 1996 and she was killed in a car crash in Paris the following year.
Chinese media said this week that factories in Yiwu, east China, the world's largest wholesale market for small products, were ramping up output of royal wedding souvenirs, from fake rings to cups to dolls. -AFP

2 comments:

mon said...

အစ်ကိုဖတ်ရတဲ့အတွက်ကျေးဇူးပါ။

Beauty Studio USA Branded Store said...

ဟုတ်ပါ့အစ်ကိုရေ။ အတုအပအစ ပေါက်ဖော်ကြီးဆီက.......