WORLD'S `MOST EXPENSIVE' X'MAS TREE

Friday, December 17, 2010

ကမ္ဘာ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင်....




ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိသည့် ကမ္ဘာ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်အလှဆင်သစ်ပင်ကြီးကို ယူအေအီးနိုင်ငံ၊
မြို့ တော်အဘူဒါဘီရှိ အဲမရိတ်ပဲလေ့ စ် ဟိုတယ်တွင် လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ က တပ်ဆင်ဖွင့် လှစ်ခဲ့ ပါ
တယ်....
" ဒီခရစ်စမတ်သစ်ပင်ကတော့ တန်ဖိုးအကြီးဆုံးသစ်ပင်ဖြစ်ပါတယ်..." လို့ ဟိုတယ်အထွေထွေမန်နေဂျာ
ဟန်းစ်အိုလ်ဘာ့ ဇ် က ဖွင့် ပွဲအခမ်းအနားမှာပြောကြားလိုက်ပါတယ်...
ဟိုတယ်၏ရွေချထားသည့် အမိုးခုံးများအောက် ဧည့် ခမ်းမဆောင်တွင်ဖန်တီးထားသည့် အမြင့် ၁၃ မီတာ
( ၄၂ ပေခွဲကျော် ) ရှိသည့် အဆိုပါသစ်ပင်ကို ရွှေသား၊ ငွေသား စစ်စစ်များဖြင် တန်ဆာဆင်ထားပြီးဘော
လုံးသဏ္ဍာန်အလှဆင်ပစ္စည်းများ၊ အဖြူရောင်လျှပ်စစ်မီးလုံးလေးများဖြင့် လည်းအလှ ဆင်ထားပါသေးတယ်။
သို့ သော် ခရစ်စမတ်သစ်ပင်ရဲ့ သစ်ကိုင်းတွေမှာ ချိတ်ဆွဲအလှဆင်ထားသည့် လည်ဆွဲတန်ဆာ၊ နားကပ်၊နား
ဆွဲ များနှင့် အခြားသောရွှေငွေလက်ဝတ်ရတနာများက ထိုသစ်ပင်ရဲ့ တန်ဖိုးကိုမြင့် တက်စေတာဖြစ်ပါတယ်။
အလှဆင်ထားသည့် ရတနာပစ္စည်းမျိုးစုံတို့ တွင် စိန်၊ ပုလဲ၊ မြ၊ ဥဿဖရား နှင့် အခြားအဖိုးတန်ကျောက်မျက်
ရတနာအလုံးပေါင်း ၁၈၁ ခုပါဝင်သည်ဟု ထိုသစ်ပင်ကိုရတနာစီခြယ်မှုတွင် ပံ့ ပူးပေးသည့် Style Gallery
ရတနာဆိုင်ပိုင်ရှင် ကာလီဖာကိုရီ ကပြောကြားခဲ့ ပါတယ်...



ဒေါ်လာ ၁၁ သန်းတန် သည့် ခရစ်စမတ်သစ်ပင် အလှဆင်ထားစဉ်....
WORLD’S ‘MOST EXPENSIVE’ X’MAS TREE: An Emirati walks past a $11-million Christmas tree at Emirates Palace hotel in Abu Dhabi. - AFP

သစ်ပင်ချည်းသက်သက်ကတော့ ဒေါ်လာ ၁ သောင်းလောက်တန်ပြီး ရတနာမျိုးစုံကတော့ ဒေါ်လာ ၁၁သန်း
ကျော်တန်ပါတယ်...စုစုပေါင်း ဒေါ်လာ ၁၁.၄ သန်း သို့ မဟုတ် ၁၁.၅ သန်းလောက် တန်ပါတယ် လို့ ဟို
တယ်အထွေထွေမန်နေဂျာကဆိုလိုက်ပြီး ( ကမ္ဘာ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင် အဖြစ် ) ကမ္ဘာ့ ထူး
ဆန်းမှတ်တမ်းမှာ ပါဝင်နိုင်လောက်လို့ ၎င်းတို့ အနေဖြင့် ဂင်းနက်စ် ကမ္ဘာ့ မှတ်တမ်းအဖွဲ့ ကို ဆက်သွယ်
ပြောကြားဖို့ စီစဉ်နေပါတယ်လို့ သူကဆက်ပြောခဲ့ ပါတယ်...

နိုင်ငံသားအားလုံးနီးပါးက မွတ်ဆလင်ဘာသာဝင်တွေချည်းဖြစ်နေသည့် ယူအေအီးနိုင်ငံတွင် ယခုကဲ့ သို့ 
ခရစ်ယာန်ဘာသာဝင်များ၏ဘာသာရေးအထိမ်းအမှတ်သစ်ပင် ပြုလုပ်ထားရှိမှုဟာ ဘာသာရေးဆိုင်ရာ
စော်ကားမှုတစ်ခုဖြစ်နိုင်မည်လား ဟုဟိုတယ်အထွေထွေမန်နေဂျာကိုမေးမြန်းခဲ့ ရာမှာတော့ ၎င်းက ယူအေ
အီးနိုင်ငံဟာ လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့ ၊ ဘာသာရေးဆိုင်ရာများမှာခင့် လွှတ်နားလည်နိုင်စွမ်းရှိတဲ့ 
နိုင်ငံတစ်ခုဖြစ်ပါတယ် လို့ ဖြေဆိုခဲ့ ပါတယ်...
အဆိုပါဟိုတယ်မှာ ယခင်နှစ်များကလည်း ခရစ်စမတ်သစ်ပင် တပ်ဆင်ကာဆင်ယင်ခဲ့ ပေမယ့် ယခုနှစ်မှာ
တော့ တစ်မူထူးခြားစွာ ဟိုတယ်ရဲ့ ဈေးကွက်အရောင်းဌာနမှ စိတ်ကူးအသစ်ဖြင့် လုပ်ဆောင်ခဲ့ တာဖြစ်ပါ
တယ်...
ယခုလို အထူးအဆန်းအဖြစ် ပြုလုပ်ခဲ့ တာဟာ အမိုးခုံးကြီးဖြင့် ခမ်းနားစွာတည်ဆောက်ခဲ့ ပြီး လှပသေသပ်
သည့် မြက်ခင်းများ၊ ရေပန်းများဖြင့် တန်ဆာဆင်ထားသည့် အဲမရိတ်နန်းတော်ဟိုတယ်ကြီးရဲ့ ပထမဦးဆုံး
ဖြစ်ရပ်မဟုတ်ပါဘူး...

ကြယ်ခုနှစ်ဆင့် ဟိုတယ်အဖြစ် သတ်မှတ်ပြောဆိုခံရတဲ့ အဆိုပါအဆင့် မြင့် ဇိမ်ခံဟိုတယ်ကြီးဟာ လွန်ခဲ့ 
သည့် ဖေဖော်ဝါရီလ ကလည်း  ရ ရက်တာတည်းခိုနေထိုင်ခ ဒေါ်လာ ၁ သန်း ဈေးနှုံးဖြင့်လည်း အစီအစဉ်
တစ်ခုကြေငြာခဲ့ ပါသေးတယ်...
အဆိုပါအထူးအစီအစဉ်ဖြင့် တည်းခိုမည့် ဧည့် သည်များကို နေထိုင်တည်းခိုနေစဉ်အတွင်း မေဘက်ခ်ျ အထူး
ဇိမ်ခံကားများဖြင့်ကိုယ်ပိုင်ယာဉ်မောင်း၊ ကိုယ်ပိုင်ဘတ္တလာဝန်ထမ်း ၀န်ဆောင်မှုများအပြင် ဒေသတွင်းအ
ရှေ့ အလယ်ပိုင်းတစ်ခြားနိုင်ငံများသို့ သွားရောက်လည်ပတ်နိုင်ရန် ကိုယ်ပိုင်ဂျက်လေယာဉ် ဖြင့် ပို့ ဆောင်
ပေးမည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါသေးတယ်...
လွန်ခဲ့ သည့် မေလကလည်း ဟိုတယ်ဟာ ဂျာမနီနိုင်ငံရဲ့ ပြင်ပမှာ ပထမဦးဆုံးသော ရွှေချောင်းဝယ်ယူ နိုင်
သည့် စက်တပ်ဆင်ဖွင့် လှစ်ခဲ့ တဲ့ နေရာလည်းဖြစ်ခဲ့ ပါသေးတယ်...

Hans Olbertz, general manager of the hotel, said: 'The tree itself is about $10,000. The jewellery has a value of over $11million - I think 11.4m, 11.5m.'

Asked if the tree might offend religious sensibilities in the United Arab Emirates, where the vast majority of the population is Muslim, Mr Olbertz said: 'It's a very liberal country.'

The hotel has had Christmas trees up in previous years, but this year 'had to do something different' and the hotel's marketing team came up with the idea.
 It is not the first extravagant offering at the Emirates Palace - a massive, dome-topped hotel surrounded by manicured lawns and fountains.

Billed as a seven-star hotel, it introduced a seven-day stay in February costing $1million.
Guests who take up the offer have a private butler and a chauffeur-driven Maybach luxury car during their stay, as well as a private jet available for trips to other countries in the region.

And in May, the hotel became the first place outside Germany to install a gold vending machine.


0 comments: