Chinese woman adopts 1,500 stray dogs

Thursday, December 2, 2010

တရုတ်နိုင်ငံမှ တိရိစ္ဆာန်များအတွက်ကိုယ်ကျိုးစွန့် ကူညီစောင့် ရှောက်သူ...

တရုတ်နိုင်ငံမှ တိရိစ္ဆာန်ချစ်သည့် အမျိုးသမီးတစ်ဦးဟာ သူမ၏အလုပ်အကိုင်၊ နေအိမ်နှင့် ပိုင်ဆိုင်သည့်
ကားတို့ ကို စွန့် လွှတ်ရောင်းချကာ လမ်းဘေး၊ အလေအလွင့် ခွေးပေါင်း အကောင် ၁၅၀၀ ကျော်ကို မွေး
မြူစောင့် ရှောက်ထားခဲ့ ပါတယ်....
ဟာဝမ်ကျင်း အမည်ရှိအမျိုးသမီးဟာ သူမရဲ့ စီးပွားရေးဆိုင်ရာ အလုပ်အကိုင်ကိုစွန့် လွှတ်ခဲ့ သည့် အပြင်
သူမပိုင်ဆိုင်သည့် နေအိမ်၊ မော်တော်ကားနှင့် ရွှေ၊ငွေ လက်ဝတ်ရတနာများကိုစွန့် လွှတ် ရောင်းချကာ တ
ရုတ်နိုင်ငံ၊ နန်ကျင်းပြည်နယ်၊ တန်ချွမ်ဒေသတွင် အစိုးရအသိအမှတ်မပြု၊ တရားဝင်မှတ်ပုံမတင်ရသေးသည့်
ခွေးများ ကယ်ဆယ်ရေးဂေဟာတစ်ခုဖွင့် လှစ်တည်ထောင်ခဲ့ ပါတယ်...
အစပထမကတော့ ကျွန်မရဲ့ အားလပ်ချိန်များမှာ ( ခွေးကယ်ဆယ်ရေး၊ စောင့် ရှောက်ရေးလုပ်ငန်းကို ) လုပ်
ဆောင်ခဲ့ တာဖြစ်ပါတယ်... နောက်တော့ စွန့် ပြစ်ထားတဲ့ ခွေးလေခွေးလွင့် တွေပိုမို ကောက်ယူမွေးစားမိ
လာတာနဲ့ အမျှ သူတို့ အတွက် အချိန်ပြည့် လုပ်ပေးရတော့ တာပါပဲ...." လို့ သူမက ဆိုခဲ့ ပါတယ်...
သူမနှင့်အတူခွေးများကို ကြည့် ရှုစောင့် ရှောက်ဖို့ အလုပ်သမား ၁၀ ယောက်ကိုလည်း ငှားရမ်းခန့် အပ်ထား
ခဲ့ ပါသေးတယ်...
နောက်ပြီး ထိုခွေးဂေဟာအနီးမှာ သူမပဲ တည်ထောင်ထားတဲ့ ကြောင် အကောင် ၂၀၀ လောက်မွေးစားထား
သည့် ကြောင်ဂေဟာအတွက်လည်း နောက်ထပ် အလုပ်သမား ၂ ဦးကိုငှားရမ်းခဲ့ ရပါသေးတယ်...

တိရိစ္ဆာန်များကို ချစ်သည့် ၊ ကိုယ်ကျိုးစွန့် ကူညီစောင့် ရှောက်နေသည့် မေတ္တာရှင်အမျိုးသမီး...


သို့ သော် သူမရဲ့ ပရဟိတ လုပ်ငန်းကို အသိအမှတ်မပြုတဲ့ အစိုးရတာဝန်ရှိသူတွေက သူမရဲ့ ဂေဟာမြေနေ
ရာကို ပြန်လည်သိမ်းယူခဲ့ လို့ ယခုအခါမှာတော့ သူမရဲ့ ကရုဏာစီမံကိန်းဟာ ပျက်စီးပြိုကွဲရမည့်အခြေအနေ
နှင့် ရင်ဆိုင်နေရပါတယ်...
" ကျွန်မအနေနှင့် လူတွေအသုံးမပြုတဲ့ ၊ လူတွေနဲ့ ဝေးတဲ့ နေရာအသစ်တစ်ခုရှာဖွေရတော့ မှာဖြစ်ပါတယ်...
ခွေးက အကောင် ၁၅၀၀ တောင်ဆိုတော့ အသံဆူညံတယ်လေ...ပြီးတော့မြေနေရာကလည်း ငှားရမ်းဖို့ ကို
ဈေးမကြီးပဲ သက်သာမှဖြစ်မှာ၊ ဂေဟာရဲ့ ဝင်ငွေဆိုတာက လှူဒါန်းမှုသက်သက်ကပဲရနေခဲ့ တာပါပဲ..." လို့ 
သူမကပြောကြားခဲ့ ပါတယ်...
ဂေဟာရဲ့ ငွေကြေးအခက်အခဲက ဆိုးဝါးနေခဲ့ တာမို့ သူမအနေနှင့် စေတနာရှင်များယူဆောင်လာကြတဲ့ ဝက်
သားပေါက်စီများသက်သက်ကိုသာ ခွေးတွေကိုကျွေးခဲ့ ရတဲ့ နေ့ တွေရှိနေခဲ့ ပါတယ်....
အခုတော့ သူမဟာ ပူကိုးဒေသ၊ ဟိုးယွီရွာကလေးမှာ မြေနေရာတစ်ခုတွေ့ ထားခဲ့ ပေမယ့် ထိုနေရာမှာ ဂေ
ဟာအသစ်ဖွင့် ပြီး ထူထောင်ဖို့ ရန်ပုံငွေတွေအပူတစ်ပြင်းလိုအပ်နေပါတယ်...
ပြီးတော့ လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ မှာပြောင်းရွှေ့ ရမယ့် သူမရဲ့ ခွေးတွေကို ဘတ်စ်ကားလေးစီးနဲ့ 
သယ်ဆောင်ဖို့ နဲ့ နောက်ပိုင်းထိုကားများကို ပြန်လည်သန့် ရှင်းရေးလုပ်ပေးဖို့ စေတနာရှင်၊ ကူညီမယ့် သူ
တွေလာလိမ့် မယ်လို့ မျှော်လင့် နေပါတယ်...

ရှားရှားပါးပါး တိရိစ္ဆာန်ချစ်သူပါပဲ...


A Chinese woman has given up her job, her home and her car to adopt more than 1,500 stray dogs. Ha Wenjin gave up her business career and sold her house, car and jewellery to set up her unofficial dog rescue centre in Tangquan County, Nanjing.
"At first I did this in my spare time, but as I gathered more and more abandoned pets, I had to work full time for them," she said. She has taken on 10 workers to help her look after the dogs - and another two to help care for 200 adopted cats at a second centre she has set up nearby.

But her project was put at risk when local government officials, who don't recognise her work, reclaimed the land for redevelopment. "I had to find a new place which was deserted and not close to any human habitat, as 1,500 dogs are not quiet," she said. "And the place had to be very cheap to rent, as most of our income comes from donations."
Finances are so tight that she partly relies on volunteer days when people bring hundreds of 'pork buns' to feed the dogs. Ha eventually found a site, in Houyu village, Pukou County, but desperately needs funds to get the new animal rescue centre up and running. And she is hoping more volunteers will turn out help her move the dogs on four buses on 4 December - and to clean the vehicles afterwards.

2 comments:

Anonymous said...

မွန်မြတ်သော..လူသားဆန်သောအလုပ်တခုလို့မြင်ပါတယ်....ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

Beauty Studio USA Branded Store said...

အတော်များတာပဲဗျ။ တိရိစ္ဆာန်ရုံလားမှတ်ရတယ်။