Thursday, December 23, 2010
Bangladeshi woman dies after being caned



အများပြည်သူမြင်ကွင်းမှာ ဒီလိုရိုက်ပြီးအပြစ်ပေးစီရင်တယ်....( နမူနာပြပုံဖြစ်ပါတယ်...)
ပုံကိုတော့ corpun.com မှရှာတွေ့ ရယူပါတယ်...

အသက် ၃၆ နှစ်ရှိ လင်ပါသားဖြစ်သူတစ်ဦးနှင့် ဖောက်ပြန်ခဲ့ သည့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံမှ အမျိုးသမီးတစ်ဦး
အား ကြိမ်ဒါဏ်အပြစ်ပေးခဲ့ ပြီးနောက် ထိုအမျိုးသမီးသေဆုံးသွားခဲ့ သဖြင့် မွတ်ဆလင်ဗလီဆရာတစ်ဦးအပါ
အ၀င် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ ပါတယ်...
အသက် ၅၀ အရွယ်ရှိ ဆူဖီယာဘီဂမ် ကို ဗလီဆရာများနှင့် ကျေးရွာလူကြီးများ ပါဝင်သည့် လူတစ်စုက မွတ်
ဆလင်ဘာသာရေးဆိုင်ရာ ရှာရီးယား ဥပဒေအရ ( အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် ) ကြိမ်ဒါဏ်အချက် ၄၀
အပြစ်ပေးဖို့ အမှတ်ချမှတ်ခဲ့ ကြပါတယ်...
နိုဝင်ဘာလ ၁၂ ရက်နေ့ က ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၊ ရာ့ ဂ်ျရှာဟီ ဒေသမှာ သူမကိုအပြစ်ပေးခဲ့ ပြီးနောက် တစ်
လအကြာမှာတော့  ထိုဒါဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ တယ်လို့ သူမ၏မိသားစုက ဆိုပါတယ်...
အမျိုးသမီး ဘီဂမ် သေဆုံးရမှုဟာ ဖာတ၀ါ့ စ် ( သို့ မဟုတ် ) ဘာသာရေးဆိုင်ရာဥပဒေအမည်ခံပြီး အပြစ်
ပေးစီရင်မှုများအား တားမြစ်ထားခဲ့ သည့် တရားရုံးရဲ့ အမိန့် ကိုချိုးဖောက်ရာရောက်တယ်လို့ အေအက်ပီ
သတင်းဌာနရဲ့ အဆိုအရသိရှိရပါတယ်...
" ကျေးရွာအကြီးအကဲများဟာ ကြိမ်လုံး ၁၀ ချောင်း ကိုပူးပြီးထိုအမျိုးသမီးရဲ့ ခြေထောက်များကို ရိုက်နှက်ခဲ့ 
ကြတာဖြစ်ပါတယ်..."  လို့ ရဲမှူး အဇီဇူလ်ဟက်က် ဆာကာ ကပြောကြားခဲ့ တယ် လို့ အေအက်ဖ်ပီကဆိုခဲ့ 
ပါတယ်...
" သူမဟာကြိမ်ဒါဏ်အပြစ်ပေးခံရပြီးနောက် အပြင်းအထန်ဖျားနာခဲ့ ရလို့ ဆေးရုံသို့ ပို့ ဆောင်ကုသခဲ့ ရပြီး
လွန်ခဲ့ သည့် သီတင်းပါတ်က သေဆုံးသွားခဲ့ တာဖြစ်ပါတယ်..." လို့ ဆာကာ ကပြောကြားခဲ့ ပြီး သေဆုံးသူ
ဘီဂမ် ရဲ့ အစ်ကို တိုင်မာရာမန်ရဲ့ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့ ဟာ ထိုအမှုကို စုံစမ်းစစ်ဆေးနေပါတယ်
လို့ လည်း သူကဆက်ပြီးပြောကြားခဲ့ ပါတယ်...
ကြိမ်ဖြင့် ရိုက်နှက်ခဲ့ ခြင်းကြောင့် ဘီဂမ် ရဲ့ ကျောက်ကပ်တွေပျက်စီးခဲ့ ရပြီး သူမကိုမြို့ တော် ဒါကာ သို့ ပို့ 
ဆောင်ကာဆေးကုသပေးဖို့ မိသားစုအနေနှင့်လည်း ငွေရှာလို့ မရနိုင်ခဲ့ ကြောင်း ရာမန် ကပြောဆိုခဲ့ တယ်
လို့  ဟာရဲလ်ဒ် သတင်းစာရဲ့ အဆိုအရသိရှိရပါတယ်...
နိုင်ငံ၏ လူဦးရေ ၁၄၆ သန်းတွင် မွတ်ဆလင်များက ၉၀ ရာခိုင်နှုံးရှိသည့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံတွင် အမျိုးသ
မီးများအား အိမ်ထောင်ရေးဖောက်ပြန်မှု စသည့် ပြစ်မှုများဖြင့် အများပြည်သူမြင်ကွင်းတွင် ကြိမ်ဖြင့် ရိုက်
နှက်ကာ အပြစ်ပေးစီရင်မှုကို မည်သို့ ပင်တားမြစ်ထားသော်လည်း ထိုကဲ့ သို့ ပြုလုပ်မှုများမှာ ပုံမှန်ပင်ဖြစ်
နေသည်ဟု လူ့ အခွင့် အရေးအဖွဲ့ များက ပြောဆိုကြပါတယ်...

ထိုကဲ့ သို့ ကြိမ်ဒါဏ်ဖြင့် အပြစ်ပေးခဲ့ မှုများတွင်အဆိုးဝါးဆုံးတစ်ခုကတော့ လွန်ခဲ့ သည့် ဇန်န၀ါရီလက အ
သက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးအားမုဒိန်းကျင့် ခံရပြီးနောက် ကိုယ်ဝန်ရှိခဲ့ သဖြင့် ကြိမ်ဒါဏ် ၁၀၁
ချက် အပြစ်ပေးခဲ့ ခြင်းဖြစ်ပါတယ်...
ထိုဖြစ်ရပ်တွင်မိန်းကလေးအား အလိုမတူပဲ အဓမ္မပြုကျင့် သူကိုတော့ အပြစ်မှလွတ်ငြိမ်းခွင့် ပေးခဲ့ တယ်လို့ 
လည်း ဟာရဲလ်ဒ် သတင်းရဲ့ အဆိုအရသိရှိရပါတယ်...

သြော်...
      ဆိုးချက်ကတော့ ကမ်းကုန်ပါပဲ....

Two Bangladeshis -- including a Muslim cleric -- have been arrested after a local woman who had been caned for allegedly having an extramarital affair with her 36-year-old stepson died, the BBC is reporting.
Fifty-year-old Sufia Begum had been sentenced to 40 lashes for adultery under Sharia law by a group of village elders and clerics. Her family says she died of injuries almost a month after her Nov. 12 beating in Bangladesh's Rajshahi district. According to the AFP, Begum's death violated a ban on such punishments in the name of religious edicts or fatwas by the High Court.
"Village elders tied 10 canes together and beat her legs," police chief Azizul Haq Sarker is quoted by the AFP as saying. "She became seriously ill and was hospitalized after the caning, and she died last week," Sarker said, adding that police launched an investigation into the case following a complaint from Taimur Rahman, Begum's brother. The woman who carried out the beating for the elders has also been arrested.

Rahman claims that Begum's kidneys had been damaged during the beating, and her family was unable to raise money for her medical treatment in Dhaka, according to Herald News.

At present, an estimated 90 percent of Bangladesh's 146 million residents are Muslims, and many rights groups say that it is common for women to be publicly whipped for crimes such as adultery despite the ban. In one of the most notorious cases, a 16-year-old girl who had been raped was given 101 lashes in January for conceiving during the assault, though the rapist was pardoned, according to the Herald.

2 comments:

မိုးယံ said...

မြင်ရကြားရပါများတော့ မန့်ရမယ့်သူတောင် စိတ်လေလာတယ်.. ဆိုးချက်ကတော့ ကမ်းကုန်ပဲ.. စဉ်းစားလို့မရတာကတော့ (ဥာဏ်မမီသေးလို့ဖြစ်ပါတယ်) သူတို့တွေက လူတွေလား ၊ လူတွေ ကို ချုပ်ကိုင်သတ်မှတ်မယ့် စည်းမျဉ်းစည်းကမ်းတွေ ဟာ.. အကျင့်သီလ ကောင်းမြတ်တဲ့လူက(လူအများ) သတ်မှတ်ထားတာ ဖြစ်သင့်တယ်.. ပြည်သူပြည်သားများကလဲ လက်ခံနိုင်ရမယ့်ပေါ့လေ.။ ကမ္ဘာကြီးဆိုးရွာလာတာလဲ မပြောနဲ့ အဲဒီအယူအဆတွေနဲ့ အဲလိုလူတွေ မယားအမြောက်အများယူ မိန်းမကို ကလေးထုတ်စက်လိုမွေးပြီးလူများလာတာကိုး။ ဒါမှ မကျေနပ်ရင် ဘာသာရေးစစ်ပွဲ(ဘုရားသခင်)အတွက်ဆိုပြီး တစ်ကမ္ဘာလုံးကို စိန်ခေါ်ပြီး သတ်ကြဖြတ်ကြပြန်ရော.. အဲဒီ ဘာသာအယူဝါဒတွေထဲမှာလည်း ကောင်းတဲ့လူတွေအများကြီးပါ။ (မျက်မြင်ကိုရှိတယ်) ဒါပေမယ့် ဆိုးရွားတဲ့ ဓလေ့စရိုက်တွေနဲ့ ထုံးတမ်းစဉ်လာတွေရယ် ကျမ်းစာအုပ်ထဲက ဟာတွေရယ်ပေါင်းလိုက်ရင်တော့ လူတွေအတွက် လုံးဝအဆင်မပြေဘူးလို့ပဲ မြင်တာပဲ

Beauty Studio USA Branded Store said...

The Stoning Of Soraya M ကားမှာလဲ ဒီလိုပဲဗျာ။ ဒီထက်တောင်ဆိုးသေးတယ်။