ယူကရိန်းနိုင်ငံသားတွေရဲ့ ရေပက်ပွဲ...

Monday, April 12, 2010
နှစ်ဟောင်းကအညစ်အကြေးတွေ၊ အပြစ်တွေပြေလျောပပျောက်ပါစေကြောင်းအတာရေပက်ဖြန်းတဲ့ 
တန်ခူးလသင်္ကြန်၊ နှစ်သစ်အခါသမယသို့ ကျရောက်လေပြီ....
မိမိတို့ ရွှေပြည်ကြီးနှင့် ထိုင်းနိုင်ငံသာထိုပွဲတော်ကိုအဓိကကျင်းပခဲ့ သည်ဟု သိထားခဲ့ ပါတယ်...
အခုတော့ ရေပက်ဖျန်းခြင်းကို အရှေ့ ဥရောပက ပိုလန်၊ ချက် နဲ့ ယူကရိန်းနိုင်ငံတွေမှာပါ ပြုလုပ်တယ်
လို့ အင်တာနက်မှာ ဖတ်ရလို့ ပုံများနဲ့ တစ်ကွတင်လိုက်ပါတယ်...
သူတို့ လည်း ဘာသာရေးအရ အပြစ်တွေစင်ကြယ်သွားအောင်ရေပက်ဖျန်းတာပါတဲ့ ...
ဗဟုသုတရစရာပါပဲ...

ရွှေပြည်သူ၊ရွှေပြည်သားအပေါင်းတို့ လည်း ရေလိုအေးပြီးပန်းလိုလန်းဆန်းမွှေးကြိုင်ကြပါစေ ( သီလရနံ့ 
များ ) ....


ခရစ်ယာန်ဘာသာဝင်များ၏ အီစတာပွဲတော်ရဲ့ ဒုတိယမြောက်နေ့ တွင် ဥရောပအလယ်ပိုင်းနိုင်ငံများဖြစ်
သော ပိုလန်နှင့် ချက် ရီပတ်ဘလစ်နိုင်ငံများကဲ့ သို့ ပင် ယူကရိန်းနိုင်ငံတွင်လည်း ရေစိုသော တနင်္လာနေ့ 
ဟူသည့် ရှေးဟာင်းဓလေ့ ထုံးစံအဖြစ်လူများတစ်ဦးနှင့် တစ်ဦးရေများဖြင့်ဖျန်းပက်ခြင်းဟာ အလွန်ခေတ်
စားပါတယ်...
အဆိုပါ စိုစွတ်သောတနင်္လာနေ့ အစဉ်အလာဟာ နွေဦးရာသီရောက်လာတာနဲ့ အတူ အညစ်အကြေးတွေ
ကိုဆေးကြောသန့် စင်တဲ့  ရှေးကျတဲ့ ဘာသာရေးအထိမ်းအမှတ်တစ်ခုအဖြစ် ပိုလန်နိုင်ငံမှစတင်ခဲ့ တာ
ဖြစ်ပါတယ်...
ထိုရေစိုသောတနင်္လာနေ့ ဟာခရစ်ယာန်ဘာသာရေးဆိုင်ရာယုံကြည်မှုဖြစ်တဲ့ အပြစ်တွေစွန်းထင်းနေတဲ့ 
စိတ်နှလုံး၊ ၀ိဥာဉ်များကိုဆေးကြောသန့် စင်စေခြင်းအဖြစ် အသွင်ပြောင်းခဲ့ ပါတယ်...
အမှန်တော့ ထိုနိုင်ငံဒေသကလူတွေဟာ ရေပက်ဖျန်းခြင်းရိုးရာအစဉ်အလာကို နှစ်သက်စွဲလန်းလွန်းတာ
ကြောင့် ဘာသာရေးနဲ့ ဆက်စပ်ယှက်နွယ်ကာ အကြောင်းပြပြီးဆက်လက်ထိန်းသိမ်း ဆင်နွှဲနေခဲ့ လာခဲ့ 
ကြတာဖြစ်ပါတယ်...

အဆိုပါ စိုစွတ်သောတနင်္လာနေ့ ရောက်လျှင် လူကြီး၊ လူငယ်မရွေးအမျိုးသားတွေဟာ ရေပုလင်း၊ ရေပုံး
တွေကိုင်ဆွဲပြီး မိန်းကလေးများ( အမျိုးသမီးများ ) ကို ခေါင်းကနေခြေဖျားအထိရွှဲစိုအောင်ရေလောင်းကြ
ပါတယ်...
ယခင်က ရိုးရာဓလေ့ အရဆိုယင်တော့ ရွာထဲကအချောဆုံးအပျိုမိန်းကလေးဟာ ရေလောင်းအခံရဆုံး၊
ရေအစိုရွဲဆုံးပဲပေါ့....ဒါပေမယ့် အခုခေတ်မှာတော့ ကောင်လေးတွေဟာ တွေ့ သမျှမိန်းကလေးတွေကို
ရေပက်ဖျန်းကြပါတော့ တယ်...
တစ်ချို့ ဆိုစိတ်မထိန်းနိုင်တော့ ပဲကားထဲကမိန်းကလေးတွေကိုတောင်ရေပုံးတွေနဲ့ အားရပါးရပက်ဖျန်းကြ
ပါတယ်...

ယခုလိုကမ္ဘာကြီးနဲ့ ချီပြီး ရေရှားပါးမှုနဲ့ ရင်ဆိုင်ကြုံတွေ့ လာနေချိန်မှာတော့ ဒီလိုရေတွေလောင်းပက်နေ
တာဟာ အလဟဿရေတွေဖြုန်းတီးပစ်နေတာပဲလလို့ ဆိုနိုင်ပေမယ့် ရေလောင်းနေတဲ့ ကောင်လေးတွေ
ကတော့ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ အစဉ်အလာဓလေ့ ကိုစွန့် လွှတ်ပယ်ဖျောက်ဖို့ အိပ်မက်တောင်မက်
လိမ့် မှာမဟုတ်ပါဘူး...
ဒီဓါတ်ပုံတွေကိုရိုက်ခဲ့ တာကတော့ ယူကရိန်းနိုင်ငံ Lviv မြို့ဖြစ်ပြီး၊ ဓါတ်ပုံဆရာကတော့ Yurko Dyachyshyn ပဲဖြစ်ပါတယ်...


Known as an ancient tradition, in central-European countries like Poland and the Czech Republic, Wet Monday appears to be very popular in Ukraine, as well. It takes place on the second day of Easter.
Wet Monday started out, in Poland,as a pagan custom that symbolize cleansing, with the coming of Spring. When Christianity became the main religion, Wet Monday was adopted as a Christian ritual, related to cleansing souls of sins. The truth is people loved this tradition so much, they found a way to keep it, by associating it with religion.
On Wet Monday. boys and men armed with bottles and buckets of water, chase after girls and splash them from head to toe. According to the original custom, the most beautiful girl in a village would be the wettest, but nowadays, boys just splash any girl they see. At one point, the tradition got so out of hand that boys threw buckets of water, at girls, threw their car windows.
With the current water shortage the world is facing right now, some would say this is a terrible waste, but the boys with water bottles wouldn’t dream of abandoning this ancient tradition. just look at those happy faces.
The photos below were taken on Wet Monday, in the Ukrainian city of Lviv. They are copyright of  Yurko Dyachyshyn.



 မမရဲ့ အပြစ်တွေအားလုံးကြေစေ...အေးစေ...


မမကြီးကိုလည်းပက်မှာပဲ...


ရွှဲစိုအောင်ပက်လိုက်တော့ ကွယ် ...မောင်တို့ ရယ်...


သူ့ ကိုလည်းမလွတ်စေနဲ့ ....


ဒီလိုအလန်းလေးတွေဆို...ဒီလိုပက်မယ်...


ပြေးနိုင်မှလွတ်မယ်နော်...


ဒါမျိုးကြီးတွေဆိုရေလောင်းဖို့ တောင်မေ့ နေကြပုံရတယ်...
တော်တော်ဆိုးတဲ့ ကလေးတွေ...


အလှဆုံးကရေအစိုဆုံးဖြစ်မယ်....


မေတ္တာရေလောင်းကာပေးမယ်...အေးမြစေသား...


သူလေးခမျာ...သနားစရာ....၀ိုင်းပြီးအားပေးလိုက်ကြတာ...



နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ ကြပါစေ....

1 comments:

:P said...

လိုက်ကြ၊ပြေးကြနဲ့ မြန်မာပြည်မှာလို ပျော်စရာ