For sale: The world's smallest house (7ft wide, 47ft long, and going for a mere £110,000)

Friday, April 2, 2010
ကမ္ဘာ့ အသေးဆုံးလုံးချင်းအိမ်ကလေး...



အိမ်ကြီးနှစ်လုံးကြားက ညပ်နေတဲ့ အိမ်ကလေး...
ဒါပေမယ့် ဈေးကတော့ မသေး...
It's so itty bitty! The infamous 'Little House', squashed between two other grown up house on a Toronto street

အကျယ် ရပေနှင့် အရှည် ၄၇ ပေရှိသော မြေကွက်ကလေးတွင်တည်ဆောက်ထားသည့် မို့ ဤအိမ်က
လေးကား ကမ္ဘာပေါ်တွင်အကျဉ်းဆုံး၊ အရွယ်အစားအသေးဆုံး လူနေသည့် ကိုယ်ပိုင်အိမ်ကလေးပင်ဖြစ်
ပါတော့ သည်...
စုစုပေါင်းအကျယ်အ၀န်း ၃၁၂ စတုရန်းပေရှိသည့် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ မှ အိမ်ငယ်လေးကို နှစ်သက်
သူအများအပြားရှိရုံမျှမက၊ ထိုအိမ်လေးအတွက် ကိုယ်ပိုင်အင်တာနက်စာမျက်နှာပင်ဖန်တီးထားရပေသေး
သည်....


အိမ်နောက်ဖက်မှာ ခြံကွက်ကလေးတောင်ရှိနေပါသေးတယ်...
Good storage: The 47-foot long house has a wee back garden also

အိမ်ခြံမြေဈေးကွက်တွင် ပေါက်ဈေးဒေါ်လာ ၁ သိန်း၊ ၁ သောင်း အထိရှိသည့် နေချင့် စဖွယ်ထိုအိမ်က
လေးတွင် အခန်းသုံးခန်းနှင့် ပုံမှန်အရွယ်အစားရှိ ရေချိုးကန်ပင် ပါဝင်ပါသေးသည်...
အိမ်ရှေ့ ခြံကွက်လပ်ကလေးတွင် မိသားစုသုံးကားအသေး နှစ်စီး ရပ်နားနိုင်ပြီး ကြောင်တစ်ကောင်မျှ
ပင် အနိုင်နိုင်မွေ့ ယမ်းနိုင်လောက်ရုံမျှသာ ကျယ်ဝန်းသည့် ထိုအိမ်ကလေးတွင် လိုအပ်သည့် အိမ်သုံး
ပစ္စည်းအမျိုးအမည် လည်းစုံစုံလင်လင်ရှိနေပါသေးသည်...


ခုနှစ်ပေ သာကျယ်ပေမယ့် တီဗီနဲ့ ဆိုဖာနဲ့ ပါကွယ်...
Living large: The living area and TV room of the Little House - just seven feet wide

တိုရွန်တိုမြို့ ၏ အီတလီအစုလေး ဟုခေါ်တွင်သော အရပ်၏ နေ့ ရိပ်သာလမ်းတွင် တည်ရှိသည့် အဆို
ပါအိမ်ကလေးကိုရောင်းချရန်ဈေးကွက်တွင် ပြသကြေငြာပြီးသည့် နောက် ၀ယ်ယူလိုသည့်  စိတ်ပါဝင်
စားသူများလာရောက်ကြည့် ရှုသည့် အကြိမ်ပေါင်း ၄၀ နီးပါးမျှရှိခဲ့ ပေပြီ...


အ၀တ်လျှော်စက်ကအစ အားလုံးအပြည့် အစုံပါတဲ့ မီးဖိုချောင်...
Compact kitchen: The cooking/laundry area of the Little House


ကိုယ်ရယ်မင်းရယ် ၀ိုင်တစ်လုံးရယ်ပေါ့ ...အိမ်ကလေးရဲ့ ကိုယ်ပိုင်ခြံလေးထဲမှာ...
Just enough room for two (and a bottle of wine): The garden area of the Little House
 

ထူးခြားဆန်းကြယ်ပြီး အိမ်အခြေအနေအားလုံးကောင်းမွန်ပြီး လက်ရှိလည်း အိမ်ကလေးကိုကောင်းမွန်
စွာပြုပြင်ထိန်းသိမ်းထားပါတယ် ဟု အိမ်ခြံမြေရောင်းဝယ်ရေးကိုယ်စားလှယ်များကဖော်ပြထားကြပါသည်..

အိမ်ကလေးရဲ့ မျက်နှာကြက်အမြင့် က ၂.၃ မီတာ ( ၇.၅ ပေ ) မြင့် ကာ အတန်အသင့် ကျယ်ဝန်းတဲ့ 
မြေအောက်ပစ္စည်းသိုလှောင်ခန်းလည်းပါရှိပေသည်...
အပြင်ကပုံပန်းသဏ္ဍာန်နှင့် နှိုင်းယှဉ်လိုက်လျှင် အိမ်ကလေးရဲ့ အတွင်းပိုင်းက ပိုလို့ ပင်လှပကာတန်ဖိုး
ရှိနေတာမြင်ရမှာဖြစ်ပါတယ် လို့ အကျိုးဆောင် အန်တိုနီယိုနာဒီက ပြောလိုက်ပါသည်...


ဂူဂယ်ကနေကြည့် လျှင်တော့ မျက်စေ့ မှိတ်လိုက်တာနဲ့ အိမ်ကလေးကပျောက်သွားနိုင်ါပတယ်...
Blink and you'll miss it: Little House as it appears on Google Street View

အပြည့် အစုံအသုံးပြုနိုင်တဲ့ ၊ ပစ္စည်းကိရိယာအစုံအလင်ပါတဲ့ ရေချိုးခန်း၊ မီးဖိုချောင်တစ်ခုနဲ့ ကျယ်ဝန်း
တဲ့အိပ်ခန်းတစ်ခုလည်းပါဝင်ပါသည်...
အိပ်ခန်းတွင်းမှ အိပ်ယာမှာလည်းအသုံးမပြုချိန်တွင် ခေါက်သိမ်းထားနိုင်သည်မို့ နေရာပင်ပိုမိုကျယ်ဝန်း
နေစေသေးသည်မို့ ဤအိမ်ကလေးကိုဝယ်ယူပိုင်ဆိုင်သူအနေနဲ့  အလွန်ကိုသမိုင်းဝင်ပြီး ခန်းနားတဲ့ပိုင်
ဆိုင်မှုမျိုးလို့ ပင် ဆိုနိုင်ပါသည်...
လွန်ခဲ့ သော ၁၉၁၂ ခုနှစ်ကဆောက်လုပ်ခဲ့ တာမို့ အိမ်ကလေးရဲ့ သက်တမ်း ၉၈ နှစ်ရှိခဲ့ ပြီးသူ့ အတိုင်း
အတာနဲ့ သူတော့ တစ်ကယ့် ကို နာမည်ကျော်ထိုက်ပါပေသည်...
နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ အယ်လင်ဒီဂျင်နရီးစ် ကပင်လျှင် ၎င်းအနေဖြင့် တစ်နေ့ တွင်
ထိုအိမ်ကလေးကိုပိုင်ဆိုင်လိုပါသည်ဟု ထုတ်ဖော်ပြောကြားခဲ့ ပါသည်...
ဂူဂယ်မှ အင်တာနက်မြေပုံအညွှန်းလမ်းညွှန်စာမျက်နှာတွင်ထိုအိမ်ကလေးကိုရှာဖွေကာကြည့် ရှုနိုင်ပေ
မယ့် အလွန်သေးငယ်တာမို့ မျက်စေ့ တစ်မှိတ်အတွင်းမှာ ပင်ပြန်လည်ပျောက်ကွယ်သွားနိုင်ပါသေးသည်..

အိမ်ပွဲစားတွေရဲ့ အာဝဇ္ဇန်းကတော့ တွေ့ ရတဲ့ အတိုင်းပါပဲ...
ဒီလောက်ကျဉ်းကျပ်တဲ့ အိမ်ကိုတောင်မှ ချီးမွမ်းခန်းဖွင့် ထားလိုက်တာ...

အင်္ဂလိပ်လိုသတင်းပါ...
At just over seven feet wide and 47 feet long, this tiny building is one of the smallest functioning homes in the world.

The 312-square foot 'Little House' of Toronto, Canada, has developed a cult following and even has its own website.

Back on the property market for £110,000, the comfortable home surprisingly comes with three rooms, including a normal sized bathtub.
With a front drive that parks two family sized cars - even though the house itself is barely big enough to swing a cat round - it still comes with all amenities.

Sitting on Day Ave in Toronto's Little Italy, the home has been viewed almost 40 times since it went on the market.
It is described in the estate agents guide as a 'unique home in good condition overall and has been well maintained'.As well as its ample 2.36m-high ceilings, the Little House also has a decent sized basement for storage space.'The interior of the house seems much more expansive than the small exterior,' said real estate agent Antonio Nardi.

'It has a full bathroom, a kitchen and a decent sized bedroom with a fold up bed that gives more room when up.

'This is a great and historic purchase.'
Built in 1912, the Little Home has become a celebrity in its own right over the past 98 years.

Talk show host Ellen Degeneres has even expressed an interest in one day owning the Little House.

Blink and you'll miss it: Little House as it appears on Google Street View

0 comments: