Gran, 102, goes back to junior school

Wednesday, April 7, 2010


ပညာလိုအိုသည်မရှိ....

 
Ma 
Xiuxian /Quirky China News
နွံထဲ၌လှည်းဘီးကျွံနေသည်...ကူ၍တွန်းပေးပါ...


တရုတ်နိုင်ငံမှ အသက် ၁၀၂ နှစ်ရှိအဘွားတစ်ဦးဟာ ယခုအသက်အရွယ်ကျမှ မူလတန်းကျောင်းသို့ ပြန်
လည်တက်ရောက်ကာစာသင်ကြားနေသဖြင့် ကမ္ဘာ့ အသက်အကြီးဆုံးမူလတန်းကျောင်းသူ ဖြစ်သွားခဲ့ 
ပါတယ်...
တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်၊ ကျီနန်ဒေသ မှ ဘွားဘွား မာရှူရှန်း ဟာသူမအသက် ၁၃ နှစ်ကတည်းက
ချည်မျှင်စက်ရုံတစ်ခုမှ စတင်အလုပ်လုပ်ခဲ့ ရပါတယ်လို့ တရုတ်နိုင်ငံမှ ကျီလုညနေပိုင်းသတင်းစာမှဖော်
ပြပါရှိခဲ့ ပါတယ်...
သူမဟာ စာပေသင်ကြားနိုင်မယ့်အခွင့်အလမ်းကို အမြဲပဲတောင့်တနေခဲ့ တာဖြစ်ပြီး ယခုတော့သူမရဲ့ မျှော်
မှန်းချက်တွေပြည့် ဝ အောင်မြင်ဖို့ ကျောင်းပြန်တက်နေတာဖြစ်ပါတယ်...

" အခုတော့ ကျောင်းတက်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်လေးဒီအသက်အရွယ်မှာပဲ တစ်ကယ်ဖြစ်လာ
လို့ အလွန်ပဲ ပျော်ရွှင်ရပါတယ်..." လို့ အဘွား မာကပြောခဲ့ ပါတယ်...
ဝေရှန်လမ်းမ မူလတန်းကျောင်းရဲ့ ပထမတန်းမှာ ပညာသင်ကြားဖို့ ကျောင်းစာသင်ခန်းထဲကိုဝင်လာခဲ့ တဲ့ 
အဘွားကို သူရဲ့ သားအငယ်ဆုံး အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့  ၇ီဖန်စင် ကအားပေးထောက်ခံခဲ့ ပါတယ်...
သူမရဲ့ ပထမဦးဆုံးသင်ခန်းစာမှာ စာလုံးပေါင်းအနည်းငယ်လိုက်ရွတ်ရပြီး " ကျေးဇူးတင်ပါတယ်ဆရာ...
ကျေးဇူးတင်ပါတယ် အတန်းဖော်များ...ကျွန်မအနေနဲ့ စာကြိုးစားပြီး နိုင်ငံအတွက်တာဝန်တွေထမ်းဆောင်
ကူညီပါ့ မယ်..." လို့ ပြောကြားခဲ့ ပါတယ်...
အဘွားဟာ ဆရာကပြောကြားသင်ပေးတာတွေကို သေသေချာချာကြားနိုင်အောင်လို့ နားကြားအထောက်
အကူပြုကိရိယာတွေကို တပ်ဆင်အသုံးပြုရသလို၊ ကျောင်းဖတ်စာအုပ်တွေကိုလည်းသေသေချာချာမြင်
တွေ့ ဖတ်ရှုနိုင်ရန်အတွက် မှန်ဘီလူးတစ်ခုကိုပါ သုံးရပါသေးတယ်...

အဘွားဟာ အသက် ၁၈ နှစ်မှာ လက်ထပ်ခဲ့ ပြီး အိမ်ထောင်ရှင်မဖြစ်ခဲ့ ကာ သားသမီးကိုးယောက်ထွန်း
ကားခဲ့ ပါတယ်....အဲဒီအထဲက ခုနှစ်ယောက်ကတော့ တက္ကသိုလ်ဘွဲ့ ရ ပညာတတ်တွေဖြစ်ခဲ့ ကြပါတယ်.
သူမရဲ့ အနှစ်နှစ်အကာလမျှော်မှန်းခဲ့ တဲ့ ရည်ရွယ်ချက်အကြောင်းကို ဒေသခံသတင်းစာတစ်စောင်ရဲ့ တွေ့ 
ဆုံမေးမြန်းခန်းတစ်ခုမှာဖတ်မိခဲ့ ရပြီးနောက် ယခုစာသင်ကျောင်းက အဘွားကိုတက်ရောက်ပညာသင်
ကြားနိုင်ဖို့ ကမ်းလှမ်းခဲ့ တာဖြစ်ပါတယ်...
" ကျွန်တော်တို့ ရဲ့ မိခင်ကြီးဟာ သူမရဲ့ လက်ဝတ်လက်စားတွေကိုတောင်ရောင်းချပြီး ကျွန်တော်တို့ ကို
ပညာသင်ပေး၊ ကျောင်းထားပေးခဲ့ တာပါ...ပြီးတော့ သူမရဲ့ အဖြစ်ချင်ဆုံးဆန္ဒကလည်း တစ်နေ့ မှာဖြင့်
သူမကိုယ်တိုင်ကျောင်းတက်ပြီးစာသင်ကြားနိုင်ရေးပဲဖြစ်ပါတယ်..." အဘွားရဲ့ သားအငယ်ဆုံး မစ္စတာ
ရီ ကရှင်းပြခဲ့ ပါတယ်...

အင်္ဂလိပ်လိုသတင်းပါ...
A 102-year-old grandmother has become the world's oldest primary pupil after going back to school in China.
Ma Xiuxian, from Jinan, Shandong province, started work in a cottom mill at the age of 13, reports the Qilu Evening Post.
But she always longed for the chance of a proper education and has now gone back to school to fulfill her ambition.
"I feel very happy that I can finally realise my dream of going to school at this age," said Ma.
She was supported by her youngest son, Yi Fengxin, 58, as she walked into her grade one class at Weishan Road Elementary School for the first time.
After her first lesson, she was asked to say a few words and said: "Thank you teacher! Thank you my classmates! I'll study hard and do my contribution to the country."
She uses hearing aids to make sure she can hear the teacher and uses a magnifying class to help her read her text books.
Ma was married at 18 when she became a housewife, raising nine children, seven of whom went on to become university graduates.
The school offered her a place after reading about her long held ambition when she was interviewed by a local newspaper.
Yi explained: "My mother even sold her jewellery to help put us through school and her biggest dream was to go to school one day herself."

0 comments: