Ten minute loo limit for civil servants

Saturday, April 3, 2010
သတိ !!! ဆယ်မိနစ်ထက်ပိုမကြာရ...



Toilets /Rex
ဆယ်မိနစ်ထက်ပိုကြာယင်တော့ ....
အမှောင်ကမ္ဘာမှာ ကိုယ်တစ်ယောက်တည်းအထီးကျန်ပေတော့ ပဲ...


ဗြိတိန်နိုင်ငံတွင်အစိုးရ၀န်ထမ်းများအနေဖြင့် အိမ်သာများထဲတွင် ဆယ်မိနစ်ထက်ပိုပြီး ကြာရှည်စွာထိုင်ပြီး
အချိန်မဖြုန်းစေနိုင်ရန် ကာကွယ်တားဆီးသည့် အနေဖြင့် အိမ်သာများထဲတွင် လူဝင်ရောက်ထိုင်နေသည့် 
အချိန်ကိုမှတ်သားထားမည့် အချိန်ကိုက်စက်များထည့် သွင်းတပ်ဆင်တော့ မည်ဖြစ်သည်...

ယခုပြုလုပ်တပ်ဆင်လိုက်သော အချိန်ကုန်၊ ငွေကုန်သက်သာရေးစီမံချက်ကြောင့်  West Midlands ရှိအစိုးရရုံးမှ ၀န်ထမ်းပေါင်းများစွာဟာ  အငိုက်မိခံကြရကုန်တယ်လို့ ဆိုပါတယ်...
အိမ်သာအတွင်းမှာ လျှို့ ဝှက်တပ်ဆင်ထားတဲ့ အာရုံခံကိရိယာဟာ တစ်စုံတစ်ဦးဝင်ရောက်ပြီး ဆယ်မိ
နစ်အကြာမှာ လျှပ်စစ်မီးတွေကို အလိုအလျှောက်ပိတ်ပစ်စေမှာဖြစ်ပါတယ်လို့ Daily Telegraph သတင်း
စာမှာ ဖော်ပြခဲ့ ပါတယ်...

ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ယခုလိုဘဏ္ဍာငွေပေါင်း ပေါင်စတာလင်သန်းပေါင်းများစွာအကုန်အကျသက်
သာစေမယ့် ဤအစီအစဉ်ပြုလုပ်တဲ့ ( Government office Midlands ) GOWMအစိုးရရုံးကိုပြစ်တင်ရှုံ့ 
ချခဲ့ ကြပါတယ်...

ဘာမင်ဟမ်မှ ရုံးဝန်ထမ်းတစ်ဦးက " ဒီကိစ္စဟာ မည်သည့် ဝန်ထမ်းကိုမျှဆွေးနွေးအသိပေးတိုင်ပင်ခြင်း
မရှိပဲပြုလုပ်ခဲ့ တာဖြစ်ပြီး၊ ၀န်ထမ်းတွေကို အရှက်ရစေဖို့ ၊ ဂုဏ်သိက္ခာလျော့ ပါးစေဖို့ စီစဉ်ဆောင်ရွက်
တာဖြစ်တယ်.." လို့ ပြောကြားခဲ့ ပါတယ်...
" သင့် အနေနဲ့ အိမ်သာအခန်းကျဉ်းလေးထဲမှာသဘာဝရဲ့ တားဆီးမရတဲ့ ကိစ္စကိုဖြေရှင်းနေတုံး ရုတ်တ
ရက်မီးတွေလုံးဝအမှောင်ကျသွားခဲ့ ပြီးကို့ ယို့ ကားယားနဲ့ အမှောင်ထဲမှာ သုတ်သင်ပြီးအ၀တ်အစားတွေ
သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ရမှာ၊ ပြီးတော့ မီးခလုတ်တွေရှိတဲ့ တံခါးမကြီးဆီကို မီးပြန်ဖွင့် ဖို့ လာ၇မှာ
တွေကို စဉ်းစားမြင်ယောင်ကြည့် နိုင်ပါတယ်...
အဲဒီတစ်ချိန်လုံးသင့် အနေနဲ့ အိမ်သာထဲကို တစ်ယောက်ယောက်များဝင်လာလေမလား၊ ၀င်မလာပါစေ
နဲ့ လို့ ဆိုတောင်းနေရပြီး၊ အမှောင်ထဲမှာ ခြေမျက်စေ့ ရောက်အောင်ချွတ်ထားတဲ့ ဘောင်းဘီနဲ့ နပန်းလုံး
နေရတာကိုမြင်သွားနိုင်ပါတယ်..." လို့ သူကပြောဆိုခဲ့ ပါတယ်...

နှစ်စဉ် စုစုပေါင်း ပေါင်စတာလင် ၁၁ ဘီလီယံ မျှ အစိုးရဘဏ္ဍာငွေသက်သာစေမည့် ဗြိတိန်နိုင်ငံ ဘဏ္ဍာ
ရေးဝန်ကြီးဌာနရဲ့ လျာထားချက်ကို ပြည့် မှီစေရန် နိုင်ငံတစ်ဝှမ်းလုံးတွင် ယခုကဲ့ သို့ အိမ်သာတွင်း အချိန်
အချိန်မှတ်ကိရိယာများပြောင်းလဲတပ်ဆင်သွားမည်ဟု မျှော်လင့် ထားကြပါတယ်...
အစိုးရဌာနဆိုင်ရာပြောရေးဆိုခွင့် ရှိသူအမျိုးသမီးတစ်ဦးကတော့  အခုလိုအိမ်သာ မီးများအလိုအလျောက်
ပိတ်စေတဲ့ စီမံချက်ဟာ စွမ်းအင်နဲ့ ဘဏ္ဍာငွေများ ကိုဖြုန်းတီးရာမရောက်ပဲစုဆောင်းမိစေပါတယ်လို့ အခိုင်
အမာ ခုခံပြောဆိုသွားပါတယ်...
" ကျွန်မတို့ အနေနဲ့ အစိုးရရုံးတွေမှာ လျော့ ချ၊ ရှောင်ရှားနိုင်တဲ့ အပိုစွမ်းအင်သုံးစွဲမှုတွေကို စတင်စမ်းသပ်
လုပ်ဆောင်ခဲ့ တာဖြစ်ပြိး၊ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်..." လို့ သူမက ပြောပြခဲ့ ပါတယ်...

အနောက်နိုင်ငံသားတွေလည်း အိမ်သာထဲမှာ သွားပြီးခိုးအိပ်တတ်၊ အချိန်ဖြုန်းတတ်တာပါပဲလား...

ဒီသတင်းလေးဖတ်မိတော့  ပေါက်ဖော်ကြီးတို့ ဆီကိုရောက်ခဲ့ စဉ်က အဖြစ်လေးသွားသတိရမိပါတယ်...
ဆွေမျိုးပေါက်ဖော်ဘဘကြီးတို့ ရဲ့ အိမ်သာထဲမှာ ကြာကြာမထိုင်နိုင်ရေးစီမံချက်ကတစ်မူထူးလှပါတယ်...
တစ်နေ့ ရှန်ဟိုင်းမြို့ ဆင်ခြေဖုံးဘက် ( မြို့ လယ်ကောင်မဟုတ်ဘူးနော်... ရန်ကုန်က တာမွေလိုနေရာ
မျိုးပေါ့ ...မြို့ လယ်ကောင်မှာတော့ အနောက်တိုင်းပုံစံအိမ်သာများရှိပါတယ်...) ကိုလမ်းလျှောက်ပြီး သွားရောက်ကြည့် ရှုလေ့ လာနေတုံး၊ သဘာဝတရားရဲ့ မအောင့် နိုင်တဲ့ ကိစ္စ၀ိစ္စလေးပေါ်လာလို့ ဖြေရှင်း
ဖို့ နေရာရှာရပါတယ်...
အဲဒါနဲ့ အနီးဆုံးဖြစ်တဲ့ ဈေးကလေးတစ်ခုရဲ့ ထိပ်က အများသုံးအိမ်သာထဲကိုဝင်ခဲ့ လိုက်ပါတယ်...
အ၀င်အ၀မှာ ခုံတစ်လုံးနဲ့ လူတစ်ယောက်ထိုင်နေပြီး စားပွဲပေါ်မှာ တစ်ရှူးစလေးတွေကိုခေါက်ထားတာ
တွေ့ ရပါတယ်..
သူတို့ ပိုက်ဆံတစ်ကျပ်ပေးမှ တစ်ရှူးစအနည်းငယ်ပေးလိုက်ပါတယ်...
ပြီးတော့အထဲဝင်ပေါ့ ...
ကိုယ်ကအပေါ့ သွားမှာဆိုတော့ အပေါ့ သွားတဲ့ ကြွေခွက်ကိုရှာတာမတွေ့ ပဲ ရှေ့ တည့်တည့်တံခါးဆစ်ချိုး
ရဲ့ ဝင်ဝင်းချင်းမှာပဲ လူတစ်ယောက်မြောင်းဘောင်တစ်ခုကိုကျောပေးပြီးဆောင့် ကြောင့် ထိုင်ကာသတင်း
စာထိုင်ဖတ်နေတာကိုတွေ့ လိုက်ရပါတယ်...
သူ့ နဲ့ မျက်နှာချင်းဆိုင်မှာ လည်းထိုနည်း၎င်းကောင်းပါပဲ ....စာတမ်းဖတ်နေတဲ့ တရုတ်အမျိုးသားတစ်ဦး
ပါပဲ...ပုဂ္ဂိုလ်များက အေးရာအေးကြောင်း စီးရီးထုတ်နေကြတာပါ...( အိမ်သာတက်နေကြတာပါ...)
အိမ်သာတံခါးရယ်လို့ လုံးဝမရှိပဲ ရေလောင်းချလို့ ရတဲ့ မြောင်းနှစ်ခုကိုမျက်နှာချင်းဆိုင်ထားတာပါပဲ....
မျက်နှာချင်းဆိုင်ဆွေးနွေးပွဲပေါ့ ဗျာ...
အဲဒါနဲ့ ကိုယ်လဲ လူမရှိတဲ့ ထောင့် ကိုအပြေးသွားပြီး ထိုစာတမ်းဖတ်နေတဲ့ ဆရာတွေကိုကျောပေးပြီးကိုယ့်
ကိစ္စကိုယ်အမြန်ရှင်းကာ ပြေးထွက်လာခဲ့ ရပါတော့ တယ်...
တော်ပါသေးရဲ့ အပေါ့ သွားတာမို့ ...နို့ မို့ ဆိုယင် မတွေးရဲစရာ...
ဒါနဲ့ မိတ်ဆွေတွေကိုမေးမြန်းစုံစမ်းကြည့် တော့ မှ ယခင်က တရုတ်အလုပ်သမား၊ ၀န်ထမ်းတွေဟာ ဒီလို
ပဲအိမ်သာထဲမှာ ၀င်ပြီးအိပ်နေတတ်လို့ တံခါးတွေမထားတော့ ပဲအခုလို ဟာလာဟင်းလင်းပြင်၊ စာတမ်း
ဖတ်ခန်းလိုလုပ်လိုက်တာဖြစ်ပါတယ်တဲ့ ...ဘယ်သူမှ အချောင်ခိုနေလို့ မရတော့ ဘူးပေါ့ ...
မှတ်သားလောက်ပါပေတယ်ဗျာ...
အခုဗြိတိန်လည်း ပေါက်ဖော်ကြီးလိုလုပ်လိုက်ယင် အာရုံခံကိရိယာတွေဘာတွေပိုက်ဆံအကုန်ခံပြီးတပ်နေ
စရာကိုမလိုတော့ ဘူးပေါ့ ...
ဒါပေမယ့်  ယောကျာင်္းချင်းကိုမှချစ်ချင်သူတွေပေါတဲ့ အရပ်ဒေသနိုင်ငံမို့ အဲဒီလိုလူမျိုးတွေအတွက်တော့
window shopping လုပ်ဖို့ ဆိုဒ်စုံရွေးမယ်မြောင်းဘေးဝယ်ဆိုတဲ့ အခွင့် အလမ်းရသွားပေလိမ့် မယ်...


အင်္ဂလိပ်လိုသတင်းပါ...
Timers have been installed to prevent civil servants from spending any longer than ten minutes in the toilet.
Dozens of workers have reportedly been caught out by the new efficiency drive at the Government Office for the West Midlands.
A hidden sensor switches off the toilet light after ten minutes of use, reports the Daily Telegraph.
Staff have condemned the GOWM for the move, which was introduced in a bid to help save millions of pounds.
One worker at the offices in Birmingham said: "This was brought in without any staff consultation and is both humiliating and degrading.
"Can you imagine the indignity of being in a cubicle, letting nature take its course, when suddenly the lights go out, and you have to fumble in the dark to make yourself decent, before struggling to make your way out towards the main door to the toilets where the switch is?
"All the while you are praying someone doesn't enter the toilets and see you struggling in the dark with your trousers round your ankles."
Similar changes are expected to be rolled out around the country to meet Treasury targets for Whitehall departments to make "efficiency savings" worth £11bn a year.
A spokeswoman for the government office defended their toilet light switches insisting they save money and energy.
She said: "We have introduced a range of measures across Government Office buildings to reduce avoidable energy consumption and we are continuing with that work."

1 comments:

SHWE ZIN U said...

လူ့အခွင့်အရေး ကိုထိပါးတဲ့ စီမံကိန်း တခုလို့ထင်ပါတယ်

ရွှေစင်